Volvo သည် XC 40 EV နှင့် C 40 EV တို့အား Major Update များပေါင်းစပ်ပြီး 2024 Model Year အနေဖြင့် မိတ်ဆက်လိုက်ပါသည်။ New XC 40 EV နှင့် C 40 EV တို့တွင် အရွယ်ကြီးမားသည့် Battery နှင့် Fast DC Charger ကဲ့သို့ ထူးခြားမှုများစွာ ပါဝင်လာပါမည်။ Twin-motor Types များအတွက် – Upgraded 200 kW DC Fast Charger စနစ်ကို မိတ်ဆက်ထည့်သွင်းထားကာ အဆိုပါ Charger သည် (၂၇ မိနစ်) အားသွင်းရုံဖြင့် Power စုစုပေါင်း၏ 80% အထိ အားပြည့်မည်ဖြစ်သည်။

2024 CX 40 EV / C 40 EV တို့၏ Entry-Level သည် Single-Motor Model ဖြစ်ပြီး 135 kW Max DC Charge Speed ပါဝင်ပါမည်။ Dual-Motor Variant လည်း ပါဝင်မည်ဖြစ်ပြီး ၎င်းတွင် – 82 kWh Gross Battery Pack ပါဝင်ပါမည်။ WLTP Driving Range အရဆိုပါက XC 40 EV သည် Range of 502 km ရနိုင်မည်ဖြစ်ပြီး C 40 EV သည် Range of 509 km ရရှိနိုင်ပါမည်။ Dual-Motor Types တွင် အဆင့်မြှင့်တင်ထားသည့် AWD Torque Recharger System လည်း ပါဝင်မည်ဖြစ်ကာ ( Combine Outputs 300 kW of Power) နှင့် (660 Nm of Torque) အထိစွမ်းဆောင်ရည် ရရှိနိုင်ပါမည်။

Performance အနေဖြင့် Single-Motor Type သည် 0-100 kM / h အား ( 7.4 Seconds ) ဖြင့် ရောက်နိုင်မည်ဖြစ်ကာ Dual-Motor Type သည် (4.9 Seconds) ဖြင့်ရောက်နိုင်ပါမည်။  Volvo XC 40 သည် Recharge Electric SUV Type ဖြစ်ပြီး Volvo C 40 သည် Recharge Coupe SUV Type ဖြစ်ကာ ၎င်းတို့ သည်  Facelift Model အနေဖြင့် ယခုနှစ်ဆန်းတွင် ထွက်ရှိထားပြီး Tweaked Front Design , New Dashboard Trim စသည့် ပြောင်းလဲမှုများဖြင့် ထွက်ရှိထားပါသည်။

#DriveMediaMyanmar