Suzuki သည် Across PHEV SUV အားအဆင့်မြှင့်တင်မှုအချို့ဖြင့် 2022 Update Model အားပွဲထုတ်လိုက်ပါသည်။ New Model တွင်နည်းပညာ အသစ်များစွာပါဝင်သည့်အပြင် Hybrid အတွက် Charging ဆိုင်ရာ အဆင့်မြှင့်တင်ထားခြင်းများ ပါဝင်ပါမည်။ အထူးအားဖြင့် Efficiency ဆိုင်ရာ အကောင်းဆုံးစွမ်းရည်ကို ရရှိစေမည်ဟု Suzuki မှဆိုထားပါသည်။ New Model တွင် 6.0 kW Onboard Charger ပါဝင်မည်ဖြစ်ပြီး အားသွင်းရန်အတွက် – 32 A Power Supply ပါရှိမည်ဖြစ်သည်။ အားသွင်းချိန်အနေဖြင့် – (18.1 kWh Battery) အား ( ၂ နာရီ ၄၅ မိနစ် ) အတွင်း အားအပြည့်သွင်းနိုင်မည်ဖြစ်ကာ ယခင် Across တွင်မူ ( ၅ နာရီ ၊ ၃၀ မိနစ် ) ခန့် ကြာမြင့်ပါသည်။ New Across Model တွင်အရှေ့နှင်းခွဲမီး ၊ Rear Cabin Light နှင့် Boot Light တို့အား LED Type အဖြင့်အသစ်ပြောင်းလဲထားပြီးယခင် Model တွင် ပါဝင်သည့်သမားရိုးကျ USB A Charging Port အားယခု New Model USB C Connections အားပြောင်းလဲထည့်သွင်းထားပါသည်။

 

New Across သည် Toyota RAV4 PHEV ၏ Rebadge Version Model ဖြစ်ကာ Toyota နှင့် Suzuki တို့သည် Across PHEV နှင့် RAV4 PHEV တို့အား Partnership အနေဖြင့် ပူးပေါင်းဖန်တီးခြင်းဖြစ်သည်။ သို့သော် Across တွင် Suzuki Logo ပါဝင်ကာ အရှေ့နှင့်အနောက်မီး ဒီဇိုင်းတို့သည် သီးခြားဖြစ်ပါသည်။ ကားဆေးရောင်  ၆ မျိုးရရှိနိုင်မည့်အပြင် – 9 inch Touchscreen Infotainment , Multi-function Steering စသည့် Features များပါဝင်ပါမည်။ (2.5 L Petrol Engine) နှင့် ( CVT Auto gear ) တို့ပါဝင်ကာ ( Battery Charge Mode) ၊ ( Pre-collision Assist) (Lane-Keeping Assist) ၊ (Active Cruise Control) စသည့် Features များစွာလည်း ပါဝင်ပါမည်။

#DriveMediaMyanmar