Chevrolet သည် 2020 Chicago Auto Show တွင် မိတ်ဆက်ပြသခဲ့သည့် Facelift Equiox Model အား 2021 Equiox အနေဖြင့် ထုတ်လုပ်ရန် စီစဉ်ထားသော်လည်း Covid 19 အခြေအနေကြောင့် အဆိုပါ Update Model အား 2022 Equix အနေဖြင့် ထုတ်လုပ်ခြင်း ဖြစ်သည်။ အဆိုပါ 2022 Equix Model အား U.S.A တွင် ယခုနှစ် နွေရာသီ၌ စတင်ရောင်းချမည် ဖြစ်ကာ Update Traverse Model သည်လည်း ယခုနှစ်လည်ပိုင်းတွင် ဆက်လက်ထွက်ရှိ လာပါမည်။ Chevy Equiox သည် 2020 တွင် အစင်းရေ နှစ်သိန်းခုနှစ်သောင်းကျော်သာ ရောင်းချ နိုင်ခဲ့ပြီး ရောင်းအား ( 21.7 % ) ကျဆင်းခဲ့သော်လည်း Chevry Silverado ပြီးနောက် ဒုတိယ ရောင်းအား အကောင်းဆုံး Model ဖြစ်ခဲ့သည်။ 2022 Equiox အား အပြင်ဖက်ဒီဇိုင်း ပုံစံအသစ် ၊ New RS Trim နှင့် နည်းပညာသုံးပါဝင်မှု အသစ်တို့ဖြင့် တွေ့မြင်ရမည်ဖြစ်သည်။ ၎င်းတွင် ( 2.0 L Turbo I4 Engine ) ( 237 hp ) အင်ဂျင်အသစ် ပါဝင်မည်ဖြစ်ကာ ၎င်းအင်ဂျင်သည် Cadallac XT4 မှ ရယူထားခြင်းဖြစ်သည်။ ( 1.5 I4 Engine ) ကိုလည်း Eatry-Engine အနေဖြင့် ရနိုင်ပါသည်။ Infotainment Screen သည်ယခုအခါ (၈)လက်မ ပတ်လည် Screen ဖြစ်ကာ Driving Ads အသစ်အချို့လည်း ပေါင်းစပ်ပါဝင်ပါမည်။ ကား၏ဈေးနှုန်းနှင့် အသေးစိတ်အချက် အလက်များကို လာမည့်လများအတွင်း Chevrolet မှ ထပ်မံကြေငြာပေးပါမည်။ GMC မှ ထုတ်လုပ်ထားသည့် Updated Terrain Model သည် ယခု Chevry Equinox နှင့် ဆက်စပ်မှု ရှိမည်ဖြစ်ကာ Terrain Model ကိုလည်း GMC မှ မကြာခင် မိတ်ဆက်ပါမည်။