Toyota သည် Corolla ၏ Hatchback Model ဖြစ်သည့် Touring Sports အား မိတ်ဆက် ခဲ့သည့်အတူ Suzuki သည်လည်း Family Estate Model ဖြစ်သည့် Suzuki Swace အားမိတ်ဆက် လိုက်ပါသည်။ Suzuki Swace နှင့် Corolla Hatchback တို့သည် Body Platform တူညီကြသော်လည်းစွမ်းဆောင်ရည် ၊ နည်းပညာ စသည့်တို့ကွဲလွဲပါသည်။ Swace Estate တွင် – ( 1.8 L Hybrid Powertrain ) ပါဝင်ပြီး  ( Output 71 bhp ) ရရှိသည့် Electric Motor ပေါင်းစပ်ထားကာ  ( Combined Output 138 bhp ) ဖြစ်ပါသည်။ Performance အနေဖြင့် ( 0 – 62 mph ) အား ( 9.4 Seconds ) ဖြင့် ရောက်နိုင်သည်ကိုမြင်တွေ့ရပါသည်။

၎င်းတွင် Motion နှင့် Ultra ဟူ၍ Trim Level အသစ် (၂ ) ခုပါဝင်လာမည်ဖြစ်သည်။ အလားတူ ယခင် Model ထက်ပို၍ ကောင်းမွန်စေရန် Features အသစ်အချို့ အားပေါင်းစပ်ထားမည် ဖြစ်ကာ အထူးသဖြင့် – Collision Warning System , Safe Exit Assist System , ( New Driver  Monitoring System – ၎င်းစနစ်တွင် ကားအားလုံခြုံစွာ ရပ်တန့်ခြင်း နှင့် အခြားသော အထောက်အပံ့ စနစ်များစွာပါဝင်ပြီး Check Attention Features) စသည့်အဆင့်မြှင့်လုံခြုံရေး နည်းပညာများစွာ ပေါင်းစပ်ပါဝင်ပါသည်။

ကား၏ အတွင်းခန်းသည် ကျယ်ကျယ်ဝန်းဝန်းရှိပြီး လှပသပ်ရပ်သည့် Dashboard Layout ကိုလည်း ခံစားရပါမည်။ High – Definition Color Display , Wireless Apple Carplay , New – USB – C Ports ဟသည့် Features များစွာပါဝင်မည်ဖြစ်ပြီး Design ပိုင်းဆိုင်ရာအချို့ကို ပြောင်းလဲထားသည့်အတွက် New LED Taillight , New LED Running Light စသည့်ပြောင်းလဲမှုအသစ်များကို တွေ့မြင်ရပါမည်။ ၎င်းသည် မိသားစုသုံးအနေဖြင့် အထူးသင့်တော် သည့် Family Estate Model ဟုဆိုရပါမည်။

#DriveMediaMyanmar