Nissan သည် Small EV Crossover ဖြစ်သည့် Nissan Ariya အား 2020 တွင်ပထမဆုံးမိတ်ဆက်ခဲ့ပါသည်။ ယခုအခါ 2023 Ariya ကို U.S.A တွင်စတင်ရောင်းချမည်ဖြစ်ပြီး ဈေးနှုန်း ( USD 44480 ) Starting အနေဖြင့် ရောင်းချပါမည်။ ၎င်းသည် Base Ariya Price ဖြစ်ပြီး ( 216 Miles of Rangel ) အသုံးပြုနိုင်သည့် ( 63 – kWh Battery ) ပါဝင်ပါမည်။ Upgrade Ariya Venture ကိုမူ ( USD 48480 ) ဖြင့်ရောင်းချမည်ဖြစ်ပြီး ၎င်းတွင်  ( 304 Miles of Range ) အသုံးပြုနိုင်သည့် ( 87 – kWh Battery ) ပါဝင်ပါမည်။ 2023 Nissan Ariya တွင် – Base ၊ Venture+ ၊ Evolve + ၊ Empower + ၊ Premiere ၊ Platinum ၊ ဟူ၍ Grade ( ၆ ) မျိုးပါဝင်ပါမည်။ Trim Level အလိုက် Battery Power Range များကိုတိုးမြှင့်ပေးထားပါသည်။ Grade အားလုံးသည်ရှေ့ဘီးယက်စနစ်များဖြစ်ပြီး AWD System ကိုမှာယူ ရနိုင်ပါသည်။

Front – Wheel Drive Ariya တွင် 214 hp Output Singe Electric Motor ပါဝင်ကာ AWD Ariya တွင် 389 hp Output Dual Electric Motor ပါဝင်မည်။ Nissan သည် Ariya အား Ford Mustang Mach – E ၊ Tesla Model Y ၊ VW ID .4 တို့နှင့် အဓိကယှဉ်ပြိုင်ရန် ဖန်တီးခြင်းဖြစ်သည်။ 2023 Ariya သည် 2 – Rows ၊ 5 – Seater Version ဖြစ်ကာအလွန်လှပပြီး ခေတ်ရှေ့ပြေးသည့် အတွင်းခန်း အခင်းအကျင်းပါဝင်ပါမည်။ အလားတူ – 12.3 – inch Digital  Cluster ၊ 12.3 – inch Infotainment System ၊ Color HUD ၊ Amazon Alexa Voice Activation ၊ Electronic Driver Assist စသည့် Features များစွာ ပါဝင်မည်ဖြစ်ပြီး 2023 Nissan Ariya အား ( CMF – EV Platform ) တွင်အခြေခံ ဖန်တီးထားပါသည်။

#DriveMediaMyanmar