Jeep သည် နာမည်ကျော် Wrangler ၏ 2023 Wrangler High Tide အားမိတ်ဆက်လိုက် ပါသည်။ Jeep Wrangler High Tide ကိုအခြေခံပြီး Jeep Beach Limited-Edition ကိုလည်း ထုတ်လုပ်ထားပါသည်။ 2023 Wrangler High Tide အား ( USD 53,300 ) ခန့်ဈေးဖြင့် ( U.S.A ) ဈေးကွက်တွင် ရောင်းချမည် ဖြစ်ပြီး ၎င်းတွင် Sport S Trim နှင့် High Tide ဟူ၍ Trim  ( ၂ ) မျိုး ပါဝင်မည်ဖြစ်ကာ XTerme Recon Package လည်းရရှိနိုင်ပါသည်။

2023 Wrangler High Tide Model တွင် အဓိကပါဝင်မည့် Features များမှာ- 1.5 – inch အထိ မြှင့်နိုင်သည့် Suspension Setup , 35 – inch Off – Road Tire , 17 – inch Bead lock Alloy , Fender Flares , Mopar Upgrades , Body Color Hardtop , LED Lights , Sunrider Flip Top တို့အဓိကပါဝင်ပါမည်။

၎င်းတွင် အင်ဂျင်အနေဖြင့်-3.6LV6 Engine နှင့် 8-Speed Autogear တို့ပေါင်းစပ် ပါဝင်မည်ဖြစ်ပြီး Jeep သည် High Tide Version ကိုအခြေခံသည့် Wrangler Beach Limited – Edition အား အစင်း ( ၅၀၀ ) ကန့်သတ်ထုတ်လုပ် ပေးမည်ဖြစ်ကာ အဆိုပါ Edition Model တွင်- Embroidered Leather Seats , Swing Gate , 20th-Anniversary Shifter စသည့် Special features များပါဝင်ပါမည်။

အဆိုပါ Edition Model အား U.S.A , Florida ပြည်နယ် ၊ Daytona Beach တွင် 2023 April တွင် နှစ်ပတ်လည်အထိမ်းအမှတ်အနေဖြင့် မိတ်ဆက်ပြသပါမည်။ ထိုမိတ်ဆက်ပွဲတွင် ကမ္ဘာအနှံ့ရှိ Jeep fan များစွာလာရောက်မည်ဖြစ်ကာ U.S.A ရှိ Jeep Fan ( နှစ်သောင်းဝန်းကျင် ) ခန့်လည်း တက်ရောက်မည် ဖြစ်ပါသည်။ Jeep သည် အဆိုပါပွဲပြီးပါက 2023 High Tide Model ကို စတင်ရောင်းချမည်ဟုသိရှိရပါသည်။

#DriveMediaMyanmar