ယခုလာမည့် 2018 January တွင် ဂျပန်တွင်ကျင်းပမည့် 2018 Tokyo Auto Show တွင် ပါဝင်မည့် B H Auction  အမည်ရှိသည့် လေလံဌာန၌ ၁၉၉၄ ခုနှစ်ထုတ် Toyota Supra အားထည့်သွင်း လေလံတင်ရောင်းချမည်ဖြစ်ပါသည်။၎င်းသည် သာမာန် Supra ကားမဟုတ်ဘဲ ဂျပန်ရှိထင်ရှားသော ကားဖြစ်ပြီး အမည်မဖေါ်လိုသည့် Tuning Company မှရရှိထားကာ ယုံကြည်ဖွယ်မရှိသည့် အရှိန်နှုန်းနှင့် V 12 Engine တို့ တပ်ဆင်ထားသည့် ကားဖြစ်ပြီး ကားအရောင်မှာ ရွှေရောင်ဖြစ်ပါသည်။

အဆိုပါ Toyota Supra ၏ အင်ဂျင်အား Toyota Century မှ ရယူထားခြင်းဖြစ်ပြီး (5.0 L V 12 Engine) စနစ်ကို အသုံးပြုထားပါသည်။ ထို့အပြင် (Turbocharger)တစ်စုံ၊ နိုက်ထရက်အောက်ဆိုဒ်စနစ် နှင့် တောင့်တင်းသော အင်ဂျင်အတွင်းဖွဲ့စည်းမှုများ ဖြည့်စွက်ထားပါသည်။ ၄င်းအင်ဂျင်တွင် (930 hp)၊ (745 lb-ft of torque) ရရှိမည်ဖြစ်ပြီး (6 – speed Manual Gear) စနစ်ကိုတွဲဖက်ထားပါသည်။ အဆိုပါအင်ဂျင်နှင့် လိုက်ဖက်မှုရှိသည့် Body Kit များအား အပြည့်အစုံ ထည့်သွင်းထားပြီး အထူးအားဖြင့် အနောက်မီးတန်းနှင့် Greenhouse တို့သည် အခြားနေရာများမှ ရယူထားခြင်းဖြစ်သည်။

အဆိုပါ Supra ၏ထူးခြားမှုမှာ အီတလီတွင် ကျင်းပခဲ့သည့် Nar do Test Track တွင် အဆိုပါ ကားအားယူဆောင်သွားပြီး ၄င်း၏ အမြန်နှုန်းအား စမ်းသပ်ခဲ့ရာ အမြင့်ဆုံး (222.6 mph) အထိ မောင်းနှင် နိုင်ခဲ့ပါသည်။

BH Auction အနေဖြင့် အဆိုပါ Supra အားဝယ်ယူခဲ့သည့် ပျမ်းမျှဈေးအား ပြောကြားထားခြင်း မရှိ ပါ။ အလားတူ စတင်သတ်မှတ်မည့် ကြမ်းခင်းဈေးသည်လည်း (ဈေးနှုန်းမြင့်မားမည်)ဖြစ်ပြီး 2018 January 12 တွင် လေလံတင်ရောင်းချမည်ဖြစ်ပါသည်။