Mercedes သည် V12 Engine အား Maybach S – Class Extra – Long Model တွင် အသုံးပြုထားပြီး ၎င်းသည် ( Twin – turbo 6.0 L V12 Engine ) ( AWD System ) ဖြစ်သည်။ သို့သော် ကျည်ကာကားအနေဖြင့် ထုတ်လုပ်သည့် Guard Model တမျိုးဖြစ်သည့် 2022 Mercedes S – Class S 680 Guard 4 Matic တွင် V12 Engine ကို ထည့်သွင်းမည်ဖြစ်သည်။ ၎င်းသည် Long Wheelbase Model ဖြစ်ကာ ( VPAM VR10 Certification ) ရရှိထားသည့် Sedan ဖြစ်သည့်အတွက် Civilian Vehicle အနေဖြင့် ကျည်ကာနိုင်မှုအမြင့်ဆုံးအဆင့်ရှိသည့် Model ဟု ဆိုရပါမည်။ အထူးအားဖြင့် နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်များ ၊ အရေးကြီး ပုဂ္ဂိုလ်များအတွက် အကောင်းဆုံး အကာအကွယ်ရနိုင်သည့် ကျည်ကာမော်တော်ယာဉ်အဖြင့် ရည်ရွယ်ဖန်တီးခြင်းဖြစ်သည်။ 2022 S – Class Guard အား ယခင် S – Class Guard Model များထက် ပို၍ ကြံ့ခိုင်သည့် ဖွဲ့စည်းပုံဖြင့် အထူး စီမံဖန်တီးထားမည်ဖြစ်ကာ တံခါးမှန်များသည် ( ၁၀ စင်တီမီတာ ) ခန့် အထူရှိပါမည်။ အလားတူ ကားဘီးပေါက်သော်လည်း ( 30 Km ) အထိ ဆက်ပြီးမောင်းနှင်နိုင်သည့် Michelin PAX Run – Flat Tires များနှင့် Hydraulic Window ကဲ့သို့ ဖန်တီးမှုများလည်း ပါဝင်ပါမည်။ 2022 S – Class Guard သည် သာမန် Model ထက်ပိုပြီး Weight များသည့်အတွက် Gearbox နှင့် Steering တို့ကိုလည်း အဆင့်မြှင့်တင်ထားပါသည်။ ကား၏ အလေးချိန်သည် ( 9259 Ibs ) ရှိမည်ဖြစ်ကာ ( 604 hp V12 Engine ) ၊ ( 612 Ib – ft of Torque ) အင်ဂျင်နှင့် အတူ Electronic Speed Limiter အပါအဝင် Features များစွာပါဝင်ပါမည်။ 2022 S – Class Guard သည် ( 4 Seat ) သို့ ( 5 Seat ) ပုံစံ ( ၂ ) မျိုးရနိုင်ကာ အရေးပေါ်သုံးရန် ( Built – in Oxygen Tank ) လည်းပါဝင်မည်။