Vauxhall သည် 2028 တွင် All-EV Brand သို့ ကူးပြောင်းဖန်တီးမည်ဖြစ်ပြီး ယခုကာလတွင်လည်း EV Model များကို တိုးချဲ့ ဖန်တီးလာပါသည်။ Vauxhall သည် New Astra EV အား 2023 တွင် စတင်ထုတ်လုပ်မည်ဟု ကြေငြာလိုက်ပြီး 5-Doors နှင့် Sport Tour ဟူ၍ (၂) မျိုး ထုတ်လုပ်ပါမည်။ New Astra တွင် ( Up to 258 Miles of Range ) ရနိုင်သည့် လျှပ်စစ်စွမ်းအင်ပါရှိမည်ဖြစ်ပြီး ၎င်းအား Stellantis Group ၏ EMP 2 Platform တွင် အခြေခံဖန်တီးထားခြင်းဖြစ်ကာ ( 54 kWh Battery Pack ) ( 152 bhp Front Mounted Motor) ၊ (270 Nm of Torque) ၊ Top Speed သည် (105 mph) အထိရရှိမည် ဖြစ်ပါမည်။

ထို့အပြင် Outline Charging အတွက် (100 kW DC Rapid-charge) ကိုလည်း ရရှိနိုင်မည်ဖြစ်ကာ အဆိုပါ Charger သည် မိနစ် ( ၃၀ ) အားသွင်းရုံဖြင့် စုစုပေါင်း Power ၏ 80% အထိအားပြည့်ဖြစ်ဖြစ်သည်။ Vauxhall အနေဖြင့် 3-Phase 11 kW On-Board Charger နှင့် 7kW Home Wallbox Charger တို့ကိုလည်း New Astra EV အတွက် စီစဉ်ပေးမည်ဖြစ်သည်။ New Astra EV တွင် ထူးခြားမှုများအနေဖြင့် Vizor Grille , 18-inch Diamond-cut Alloy , Intellilux pixel LED Headlights စသည့် ဒီဇိုင်းအခင်းအကျင်းများဖြင့် ဖန်တီးထားခြင်းကိုမြင်တွေ့ရပါသည်။

ထို့အတူ အတွင်းခန်းကိုလည်း လှပသပ်ရပ်စွာ ခင်းကျင်းထားမည့်အပြင် Pure Panel Infotainment နှင့် 10-inch Screen တို့ကို တွဲဖက်ထားမည်ဖြစ်ကာ Hey Vauxhall Voice Control , Ergonomic Sport Seats စသည့် ထူးခြားသည့် Features များစွာကိုလည်း ထည့်သွင်းထားပါမည်။ New Astra Electric အနေဖြင့် – Peugeot e-308 , VWID . 3 , Cupra Born , MG 4 , Nissan Leaf စသည့် Model များကို ယှဉ်ပြိုင်ရန် ရည်ရွယ်ပါသည်။

#DriveMediaMyanmar