Zawgyi Version…
နည္းပညာရဲ႕ အက်ဳိးျပဳမႈက လူသားေတြရဲ႕ ေန႕စဥ္ဘဝျဖတ္သန္းမႈကို ပိုမိုအဆင္ေျပလြယ္ကူေအာင္ ကူညီ ေပးေနပါတယ္။ ဥပမာတစ္ခုေျပာရရင္ ဒီေန႔ေခတ္တကၠစီငွားတဲ့အခါ စမတ္ဖုန္းမွာရွိတဲ့ App ကတစ္ဆင့္ ေအာ္ဒါတင္ လို႔ရတယ္၊ ဒါ့အျပင္ ငွားထားတဲ့တကၠစီက စာဖတ္သူရွိတဲ့လမ္းဆီ ခ်ဥ္းကပ္လာတာကိုလည္း ဖုန္းစခရင္မ္က ေျမပံုေပၚ မွာ အခ်ိန္နဲ႔တစ္ေျပးညီ ျမင္ေတြ႕ေနရတယ္။ ဒါက ဘယ္လိုနည္းပညာပါလိမ့္? ဒီနည္းပညာကို အေျချပဳၿပီး ေနာက္ထပ္ ဘယ္လိုဆန္းျပားတဲ့အရာေတြ ရွိေနႏိုင္ေသးလဲ?
ကားတစ္စီးေရြ႕လ်ားေနတာကို ေျမပံုေပၚကတစ္ဆင့္ အလြယ္တကူေစာင့္ၾကည့္ႏိုင္ဖို႔အတြက္ ဒီကားကို ေျခ ရာခံေနဖို႔ လိုပါတယ္ – ဒါေၾကာင့္ ရိုးရိုးရွင္းရွင္းေျပာရရင္ ေမာ္ေတာ္ယာဥ္ေျခရာခံစနစ္ (Vehicle Tracking System) ကို အသံုးျပဳထားတယ္လို႔ ဆိုႏုိင္တယ္။ ေမာ္ေတာ္ယာဥ္ေျခရာခံစနစ္က စာဖတ္သူ သိၿပီးျဖစ္ေလာက္တဲ့ GPS (ကမာၻ႕ တည္ေနရာျပစနစ္)၊ ဒါမွမဟုတ္ GLONASS (ရုရွားႏုိင္ငံမွာ အသံုးျပဳတဲ့ GPS စနစ္) ကို အသံုးျပဳၿပီး ကားရဲ႕ တည္ေနရာ ကို ေဖာ္ျပေပးတာ ျဖစ္ပါတယ္။ တျခားစနစ္ေတြ သံုးထားတဲ့ ေမာ္ေတာ္ယာဥ္ေျခရာခံစနစ္ေတြ ရွိေသးေပမယ့္ ဒီေန႔ ေခတ္မွာ GPS သံုးထားတဲ့ စနစ္ေတြက အဆင့္ျမင့္ဆံုးပါပဲ။
ေမာ္ေတာ္ယာဥ္ေျခရာခံစနစ္ကို ဒီလိုအခ်က္အလက္ေဖာ္ျပဖို႔အတြက္သက္သက္တင္ မဟုတ္ဘဲ တျခားအ ေရးပါတဲ့ က႑ေတြမွာလည္း အသံုးျပဳႏိုင္ပါတယ္။ တကယ္တမ္းေျပာရရင္ တကၠစီကို ေျမပံုေပၚမွာ ေဖာ္ျပတာေလာက္ က Fleet Tracking System လို႔ ေခၚတဲ့ ယာဥ္အုပ္စုလိုက္ ေျခရာခံထိန္းခ်ဳပ္စနစ္ရဲ႕ တစ္စိတ္တစ္ပိုင္းေလာက္သာ ျဖစ္ တယ္။ ဖြံ႕ၿဖိဳးၿပီးႏုိင္ငံေတြမွာ လုပ္ငန္းသံုးယာဥ္ေတြ၊ လူထုသံုး သယ္ပို႔ယာဥ္ေတြကို ေျခရာခံထိန္းခ်ဳပ္ဖို႔ Fleet Tracking System ေတြကို သံုးခဲ့ၾကတာ အေတာ္ၾကာေနၿပီျဖစ္ပါတယ္။
ေမာ္ေတာ္ယာဥ္ ေျခရာခံစနစ္ေတြကို အခ်ိန္နဲ႔ တစ္ေျပးညီ ေစာင့္ၾကည့္ႏုိင္တဲ့ Active စနစ္နဲ႔ ကားေမာင္းသြား စဥ္ လမ္းေၾကာင္းတစ္ေလွ်ာက္ မွတ္တမ္းယူေပးတဲ့ Passive ဆိုတဲ့ အမ်ဳိးအစားႏွစ္ခု ခြဲျခားၾကည့္ႏိုင္တယ္။ Active စ နစ္မွာ ဆယ္လူလာ (သို႔) ၿဂိဳဟ္တုကြန္ရက္ခ်ိတ္ဆက္မႈကတစ္ဆင့္ (GPS တည္ေနရာျပစနစ္ကတစ္ဆင့္) ေမာ္ေတာ္ ယာဥ္ေရာက္ေနတဲ့ တည္ေနေနရာ၊ သြားေနတဲ့အျမန္ႏႈန္း စတာေတြကို တိုက္ရိုက္ ေစာင့္ၾကည့္ႏုိင္တယ္။ Passive စ နစ္မွာေတာ့ ကြန္ရက္ခ်ိတ္ဆက္မႈေတြ မပါဘဲ ေမာ္ေတာ္ယာဥ္သြားေနတဲ့လမ္းေၾကာင္း၊ ဆီစားႏႈန္း၊ (တစ္ခ်ဳိ႕စနစ္ေတြ မွာ တံခါးကို ဘယ္ႏွစ္ခါဖြင့္ သလဲဆိုတာေတြအထိ) မွတ္တမ္းယူၿပီး ဒီမွတ္တမ္းေတြကို ေမာ္ေတာ္ယာဥ္ျပန္ေရာက္လာ ခ်ိန္မွာ ျပန္ၾကည့္ႏုိင္ပါတယ္။ အခုေခတ္ ယာဥ္ေျခရာခံစနစ္ေတြမွာ Active နဲ႔ Passive စနစ္ႏွစ္မ်ဳိးစလံုး ပါဝင္ၿပီး ဖုန္း လိုင္းမိခ်ိန္ (ဆယ္လူလာကြန္ရက္နဲ႔ ခ်ိတ္ဆက္မိခ်ိန္) မွာ Active စနစ္က အလုပ္လုပ္လို႔ ဖုန္းလိုင္းမမိခ်ိန္မွာေတာ့ Passive စနစ္က မွတ္တမ္းယူေပးတယ္။
GPS ကို အေျခခံၿပီး အလုပ္လုပ္တဲ့ ေျခရာခံစနစ္ေတြကို အစိတ္အပိုင္းသံုးခု ခြဲျခားၾကည့္ႏုိင္တယ္။ ပထမဆံုး တစ္ခုက ကားမွာတပ္ဆင္ရတဲ့ အစိတ္အပိုင္းျဖစ္ၿပီး GPS Tracking Device လို႔ ေခၚပါတယ္။ ကားရဲ႕တည္ေနရာကို အၿမဲမျပတ္ေထာက္လွမ္းေစႏုိင္ဖို႔ မိုဘိုင္းကြန္ရက္နည္းပညာကို သံုးဖို႔လိုတာေၾကာင့္ ဒီအစိတ္အပိုင္းမွာ GSM ဆင္းမ္ ကတ္တစ္ခု ထည့္သြင္းေပးထားတယ္။ ဒီအစိတ္အပိုင္းက ကားရဲ႕တည္ေနရာအျပင္ ေလာင္စာဆီလက္က်န္၊ တာယာဖိ အား၊ တံခါး/မီးအဖြင့္အပိတ္၊ အင္ဂ်င္အပူခ်ိန္၊ အင္ဂ်င္လည္ပတ္အားစတဲ့ အခ်က္အလက္ေတြကို ဒုတိယအစိတ္အ ပိုင္းျဖစ္တဲ့ GPS Tracking Server ဆီ မိုဘိုင္းကြန္ရက္ကတစ္ဆင့္ ပို႔ေပးပါတယ္။ GPS Tracking Server က ရလာတဲ့ အခ်က္အလက္ေတြကို လူေတြသိနားလည္တဲ့ပံုစံျဖစ္ေအာင္ ေျပာင္းလဲၿပီး တတိယအစိတ္အပိုင္းျဖစ္တဲ့ UI (User Interface) ကတစ္ဆင့္ ေဖာ္ျပေပးတယ္။ ဒီလိုေဖာ္ျပေပးရာမွာ ကြန္ပ်ဴတာေမာ္နီတာလို မ်က္ႏွာျပင္ေတြအျပင္ စမတ္ ဖုန္း၊ တက္ဘလက္လို မိုဘိုင္းကိရိယာေတြရဲ႕ မ်က္ႏွာျပင္ကတစ္ဆင့္ ေဖာ္ျပေပးႏိုင္တယ္။ GPS ယာဥ္ေျခရာခံစနစ္ရဲ႕ အစိတ္အပိုင္းေတြနဲ႔ အလုပ္လုပ္ပံုကို ေအာက္ကပံုမွာ ေလ့လာၾကည့္ႏုိင္ပါတယ္။
ေမာ္ေတာ္ယာဥ္ ထိန္းခ်ဳပ္စနစ္ေတြကို ေမာ္ေတာ္ယာဥ္အုပ္စုလိုက္ ငွားရမ္း၊ ဝန္ေဆာင္မႈေပးတဲ့ ကုမၸဏီႀကီး ေတြ၊ လူထုသယ္ပို႔ယာဥ္ေတြမွာ အမ်ားဆံုး သံုးၾကပါတယ္။ ဒီစနစ္ေတြက ယာဥ္လမ္းေၾကာင္း၊ ဆီစားႏႈန္း စတာေတြ ကို ေစာင့္ၾကည့္ေပးႏိုင္တဲ့အျပင္ ဘတ္စ္ကားေတြမွာ ေနာက္ရပ္မယ့္ မွတ္တိုင္ကို အသံ (သို႔) စခရင္မ္ကတစ္ဆင့္ ေဖာ္ ျပေပးတာမ်ဳိး စတဲ့ လုပ္ေဆာင္ခ်က္ေတြကိုလည္း လုပ္ေပးႏုိင္တယ္ – ကၽြန္ေတာ္တို႔ဆီက တစ္ခ်ဳိ႕ YBS ယာဥ္ေတြမွာ ေနာက္ရပ္မယ့္ မွတ္တိုင္ကို ေဖာ္ျပေပးတာမ်ဳိးပါ။ ဒီလိုေဖာ္ျပေပးတာေၾကာင့္ ခရီးသည္အေနနဲ႔ ကိုယ္ေရာက္ေနတဲ့ေန ရာ၊ ဆင္းရမယ့္မွတ္တိုင္ကို အလြယ္တကူ သိႏုိင္ေစတယ္။ ဒါ့အျပင္ အျမင္ (သို႔) အၾကားအာရံု ခ်ဳိ႕တဲ့သူေတြအေနနဲ႔ အသံ (သို႔) စခရင္မ္ေဖာ္ျပမႈကတစ္ဆင့္ ကိုယ္ဆင္းရမယ့္ေနရာကို သိေစတဲ့ အက်ဳိးေတြ ရွိပါတယ္။ ေနာက္ထပ္ ေမာ္ ေတာ္ယာဥ္ေျခရာခံစနစ္ေတြ အသံုးဝင္တဲ့နယ္ပယ္ေတြအေၾကာင္း ေအာက္မွာ ဆက္လက္ေဖာ္ျပေပးထားပါတယ္။
• ေမာ္ေတာ္ယာဥ္လံုၿခံဳေရး – ေမာ္ေတာ္ယာဥ္ေျခရာခံစနစ္ေတြကို သမားရိုးက် ေမာ္ေတာ္ယာဥ္လံုၿခံဳေရးစနစ္ (Car Alarm System) အစား အသံုးျပဳႏုိင္ပါတယ္။ သယ္ပို႔ယာဥ္၊ ကုန္တင္ယာဥ္ေတြတင္ မကဘဲ အိမ္စီးကားေတြမွာ လည္း အသံုးျပဳႏိုင္ၿပီး အားသာခ်က္အေနနဲ႔ ေမာ္ေတာ္ယာဥ္ အခိုးခံရတာမ်ဳိးျဖစ္တဲ့အခါ ရဲ (သို႔) အာမခံကုမၸဏီ ေတြအေနနဲ႔ အလြယ္တကူ ေျခရာႏုိင္ေစတဲ့ အားသာခ်က္ေတြ ရလာတယ္။
• တန္ဖိုးျမင့္ကုန္စည္ ကာကြယ္ေရး – အဆင့္ျမင့္ေျခရာခံစနစ္ေတြမွာ ကားလက္ရွိေရာက္ေနတဲ့ေနရာကို ေျမပံုေပၚ က ၾကည့္ႏိုင္တဲ့အျပင္ ကားမွာတပ္ဆင္ထားတဲ့ ကင္မရာေတြကတစ္ဆင့္ ကားအတြင္းအျပင္ ၾကည့္ရႈလို႔ရေစ တယ္။ ဒါေၾကာင့္ တန္ဖိုးႀကီးကုန္စည္သယ္တဲ့ ကားေတြကို ကုမၸဏီေတြကတစ္ဆင့္ ေစာင့္ၾကည့္ရာမွာ ပိုမိုလြယ္ ကူ အဆင္ေျပေစတယ္။
• ဆားဗစ္ပိုင္း စီမံခန္႔ခြဲမႈ – ေမာ္ေတာ္ယာဥ္ေျခရာခံစနစ္ေတြကို တကၠစီ App ေတြလို ဝန္ေဆာင္မႈေတြမွာသာမက လိုအပ္တဲ့ေနရာေတြကို တိုက္ရိုက္သြားေရာက္ဝန္ေဆာင္တဲ့ လုပ္ငန္းမ်ဳိးေတြအတြက္လည္း သံုးႏုိင္တယ္။ ဥပမာ – ဟိုင္းေဝးလမ္းမွာ ကားပ်က္ေနတဲ့ Customer က ကားဝပ္ေရွာ့ကို ဆားဗစ္လွမ္းေခၚတဲ့အခါ အနီးဆံုးလမ္းေၾကာင္း (သို႔) အနီးဆံုးမွာရွိေနတဲ့ ပညာရွင္ကို ရွာေဖြၿပီး အျမန္ဆံုး လႊတ္ေပးႏိုင္တာမ်ဳိးပါ။
• ယာဥ္အုပ္စုလိုက္ ထိန္းခ်ဳပ္ျခင္း – ယာဥ္အုပ္စုနဲ႔ ဝန္ေဆာင္မႈေပးေနတဲ့ Fleet Operator ေတြက ကုမၸဏီပိုင္ယာဥ္ ေတြအျပင္ ေနာက္တြဲကားလို ယာဥ္အစိတ္အပိုင္းေတြကို ေစာင့္ၾကည့္ႏိုင္တဲ့အျပင္ ကုန္စည္လႊဲေျပာင္းမႈ (Transit) လုပ္ရာမွာလည္း လံုၿခံဳစိတ္ခ်ရမႈရွိေစဖို႔ သံုးႏုိင္တယ္။ ဒါ့အျပင္ ေျခရာခံစနစ္နဲ႔ ခ်ိတ္ဆက္ထားတဲ့ အာရံုခံကိရိယာ ေတြကတစ္ဆင့္ ဆီစားႏႈန္းကို ေစာင့္ၾကည့္ႏုိင္သလို ယာဥ္ေမာင္းအေနနဲ႔ သတ္မွတ္ထားတဲ့မိုင္ႏႈန္းထက္ ေက်ာ္ မေမာင္းေအာင္ ထိန္းခ်ဳပ္ႏုိင္တယ္။ မသြားရမယ့္ေနရာမ်ဳိးေတြကို သြားရင္ အြန္လိုင္းကတစ္ဆင့္ အင္ဂ်င္စက္ သတ္လို႔ရတဲ့ လုပ္ေဆာင္ခ်က္ေတြေတာင္ ရွိပါတယ္။
• အိမ္သံုးကားမ်ားအား ေစာင့္ၾကည့္ျခင္း – ဆယ္ေက်ာ္သက္အရြယ္ လူငယ္ေတြ ကားေမာင္းရာမွာ အႏၲရယ္ရွိတဲ့ေန ရာေတြ မသြားေစဖို႔ ေစာင့္ၾကည့္ႏိုင္သလို အေၾကာင္းတစ္ခုခုေၾကာင့္ အေရးေပၚအေျခအေနနဲ႔ ႀကံဳေတြ႕လာတဲ့အ ခါ တျခားအိမ္သားေတြအေနနဲ႔ အလြယ္တကူသိရွိႏိုင္ေအာင္ ယာဥ္ေျခရာခံစနစ္ေတြကို သံုးလို႔ရပါတယ္။ ဒါ့အျပင္ အေပၚမွာ ေဖာ္ျပခဲ့သလို ကားအခိုးခံရတဲ့အခါမွာလည္း အလြယ္တကူ ေျခရာခံႏိုင္ေစတယ္။
ဒီေလာက္ဆိုရင္ ေမာ္ေတာ္ယာဥ္ေျခရာခံစနစ္ေတြအေၾကာင္း အေတာ္အတန္ သိသြားေလာက္ၿပီထင္ပါတယ္။ ေနာက္ပိုင္းထြက္ကားေတြမွာ ယာဥ္ေျခရာခံစနစ္ေတြ တစ္ပါတည္း ထည့္ေပးထားၿပီး အေပၚမွာ ေဖာ္ျပထားတဲ့ လုပ္ ေဆာင္ခ်က္အမ်ားစုကို လုပ္ေပးႏုိင္တယ္ – ကားထဲမွာ ကားေသာ့ေမ့က်န္ခဲ့ၿပီး တံခါးေတြအကုန္ပိတ္မိရင္ အြန္လိုင္းက တစ္ဆင့္ ကားတံခါးဖြင့္လို႔ရတာမ်ဳိးေတြလည္း လုပ္လို႔ရေစပါတယ္။





Unicode Version…
မော်တော်ယာဉ်တစ်စင်းကို ခြေရာခံခြင်း
နည်းပညာရဲ့ အကျိုးပြုမှုက လူသားတွေရဲ့ နေ့စဉ်ဘဝဖြတ်သန်းမှုကို ပိုမိုအဆင်ပြေလွယ်ကူအောင် ကူညီ ပေးနေပါတယ်။ ဥပမာတစ်ခုပြောရရင် ဒီနေ့ခေတ်တက္ကစီငှားတဲ့အခါ စမတ်ဖုန်းမှာရှိတဲ့ App ကတစ်ဆင့် အော်ဒါတင် လို့ရတယ်၊ ဒါ့အပြင် ငှားထားတဲ့တက္ကစီက စာဖတ်သူရှိတဲ့လမ်းဆီ ချဉ်းကပ်လာတာကိုလည်း ဖုန်းစခရင်မ်က မြေပုံပေါ် မှာ အချိန်နဲ့တစ်ပြေးညီ မြင်တွေ့နေရတယ်။ ဒါက ဘယ်လိုနည်းပညာပါလိမ့်? ဒီနည်းပညာကို အခြေပြုပြီး နောက်ထပ် ဘယ်လိုဆန်းပြားတဲ့အရာတွေ ရှိနေနိုင်သေးလဲ?
ကားတစ်စီးရွေ့လျားနေတာကို မြေပုံပေါ်ကတစ်ဆင့် အလွယ်တကူစောင့်ကြည့်နိုင်ဖို့အတွက် ဒီကားကို ခြေ ရာခံနေဖို့ လိုပါတယ် – ဒါကြောင့် ရိုးရိုးရှင်းရှင်းပြောရရင် မော်တော်ယာဉ်ခြေရာခံစနစ် (Vehicle Tracking System) ကို အသုံးပြုထားတယ်လို့ ဆိုနိုင်တယ်။ မော်တော်ယာဉ်ခြေရာခံစနစ်က စာဖတ်သူ သိပြီးဖြစ်လောက်တဲ့ GPS (ကမ္ဘာ့ တည်နေရာပြစနစ်)၊ ဒါမှမဟုတ် GLONASS (ရုရှားနိုင်ငံမှာ အသုံးပြုတဲ့ GPS စနစ်) ကို အသုံးပြုပြီး ကားရဲ့ တည်နေရာ ကို ဖော်ပြပေးတာ ဖြစ်ပါတယ်။ တခြားစနစ်တွေ သုံးထားတဲ့ မော်တော်ယာဉ်ခြေရာခံစနစ်တွေ ရှိသေးပေမယ့် ဒီနေ့ ခေတ်မှာ GPS သုံးထားတဲ့ စနစ်တွေက အဆင့်မြင့်ဆုံးပါပဲ။
မော်တော်ယာဉ်ခြေရာခံစနစ်ကို ဒီလိုအချက်အလက်ဖော်ပြဖို့အတွက်သက်သက်တင် မဟုတ်ဘဲ တခြားအ ရေးပါတဲ့ ကဏ္ဍတွေမှာလည်း အသုံးပြုနိုင်ပါတယ်။ တကယ်တမ်းပြောရရင် တက္ကစီကို မြေပုံပေါ်မှာ ဖော်ပြတာလောက် က Fleet Tracking System လို့ ခေါ်တဲ့ ယာဉ်အုပ်စုလိုက် ခြေရာခံထိန်းချုပ်စနစ်ရဲ့ တစ်စိတ်တစ်ပိုင်းလောက်သာ ဖြစ် တယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ လုပ်ငန်းသုံးယာဉ်တွေ၊ လူထုသုံး သယ်ပို့ယာဉ်တွေကို ခြေရာခံထိန်းချုပ်ဖို့ Fleet Tracking System တွေကို သုံးခဲ့ကြတာ အတော်ကြာနေပြီဖြစ်ပါတယ်။
မော်တော်ယာဉ် ခြေရာခံစနစ်တွေကို အချိန်နဲ့ တစ်ပြေးညီ စောင့်ကြည့်နိုင်တဲ့ Active စနစ်နဲ့ ကားမောင်းသွား စဉ် လမ်းကြောင်းတစ်လျှောက် မှတ်တမ်းယူပေးတဲ့ Passive ဆိုတဲ့ အမျိုးအစားနှစ်ခု ခွဲခြားကြည့်နိုင်တယ်။ Active စ နစ်မှာ ဆယ်လူလာ (သို့) ဂြိုဟ်တုကွန်ရက်ချိတ်ဆက်မှုကတစ်ဆင့် (GPS တည်နေရာပြစနစ်ကတစ်ဆင့်) မော်တော် ယာဉ်ရောက်နေတဲ့ တည်နေနေရာ၊ သွားနေတဲ့အမြန်နှုန်း စတာတွေကို တိုက်ရိုက် စောင့်ကြည့်နိုင်တယ်။ Passive စ နစ်မှာတော့ ကွန်ရက်ချိတ်ဆက်မှုတွေ မပါဘဲ မော်တော်ယာဉ်သွားနေတဲ့လမ်းကြောင်း၊ ဆီစားနှုန်း၊ (တစ်ချို့စနစ်တွေ မှာ တံခါးကို ဘယ်နှစ်ခါဖွင့် သလဲဆိုတာတွေအထိ) မှတ်တမ်းယူပြီး ဒီမှတ်တမ်းတွေကို မော်တော်ယာဉ်ပြန်ရောက်လာ ချိန်မှာ ပြန်ကြည့်နိုင်ပါတယ်။ အခုခေတ် ယာဉ်ခြေရာခံစနစ်တွေမှာ Active နဲ့ Passive စနစ်နှစ်မျိုးစလုံး ပါဝင်ပြီး ဖုန်း လိုင်းမိချိန် (ဆယ်လူလာကွန်ရက်နဲ့ ချိတ်ဆက်မိချိန်) မှာ Active စနစ်က အလုပ်လုပ်လို့ ဖုန်းလိုင်းမမိချိန်မှာတော့ Passive စနစ်က မှတ်တမ်းယူပေးတယ်။
GPS ကို အခြေခံပြီး အလုပ်လုပ်တဲ့ ခြေရာခံစနစ်တွေကို အစိတ်အပိုင်းသုံးခု ခွဲခြားကြည့်နိုင်တယ်။ ပထမဆုံး တစ်ခုက ကားမှာတပ်ဆင်ရတဲ့ အစိတ်အပိုင်းဖြစ်ပြီး GPS Tracking Device လို့ ခေါ်ပါတယ်။ ကားရဲ့တည်နေရာကို အမြဲမပြတ်ထောက်လှမ်းစေနိုင်ဖို့ မိုဘိုင်းကွန်ရက်နည်းပညာကို သုံးဖို့လိုတာကြောင့် ဒီအစိတ်အပိုင်းမှာ GSM ဆင်းမ် ကတ်တစ်ခု ထည့်သွင်းပေးထားတယ်။ ဒီအစိတ်အပိုင်းက ကားရဲ့တည်နေရာအပြင် လောင်စာဆီလက်ကျန်၊ တာယာဖိ အား၊ တံခါး/မီးအဖွင့်အပိတ်၊ အင်ဂျင်အပူချိန်၊ အင်ဂျင်လည်ပတ်အားစတဲ့ အချက်အလက်တွေကို ဒုတိယအစိတ်အ ပိုင်းဖြစ်တဲ့ GPS Tracking Server ဆီ မိုဘိုင်းကွန်ရက်ကတစ်ဆင့် ပို့ပေးပါတယ်။ GPS Tracking Server က ရလာတဲ့ အချက်အလက်တွေကို လူတွေသိနားလည်တဲ့ပုံစံဖြစ်အောင် ပြောင်းလဲပြီး တတိယအစိတ်အပိုင်းဖြစ်တဲ့ UI (User Interface) ကတစ်ဆင့် ဖော်ပြပေးတယ်။ ဒီလိုဖော်ပြပေးရာမှာ ကွန်ပျူတာမော်နီတာလို မျက်နှာပြင်တွေအပြင် စမတ် ဖုန်း၊ တက်ဘလက်လို မိုဘိုင်းကိရိယာတွေရဲ့ မျက်နှာပြင်ကတစ်ဆင့် ဖော်ပြပေးနိုင်တယ်။ GPS ယာဉ်ခြေရာခံစနစ်ရဲ့ အစိတ်အပိုင်းတွေနဲ့ အလုပ်လုပ်ပုံကို အောက်ကပုံမှာ လေ့လာကြည့်နိုင်ပါတယ်။
မော်တော်ယာဉ် ထိန်းချုပ်စနစ်တွေကို မော်တော်ယာဉ်အုပ်စုလိုက် ငှားရမ်း၊ ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီကြီး တွေ၊ လူထုသယ်ပို့ယာဉ်တွေမှာ အများဆုံး သုံးကြပါတယ်။ ဒီစနစ်တွေက ယာဉ်လမ်းကြောင်း၊ ဆီစားနှုန်း စတာတွေ ကို စောင့်ကြည့်ပေးနိုင်တဲ့အပြင် ဘတ်စ်ကားတွေမှာ နောက်ရပ်မယ့် မှတ်တိုင်ကို အသံ (သို့) စခရင်မ်ကတစ်ဆင့် ဖော် ပြပေးတာမျိုး စတဲ့ လုပ်ဆောင်ချက်တွေကိုလည်း လုပ်ပေးနိုင်တယ် – ကျွန်တော်တို့ဆီက တစ်ချို့ YBS ယာဉ်တွေမှာ နောက်ရပ်မယ့် မှတ်တိုင်ကို ဖော်ပြပေးတာမျိုးပါ။ ဒီလိုဖော်ပြပေးတာကြောင့် ခရီးသည်အနေနဲ့ ကိုယ်ရောက်နေတဲ့နေ ရာ၊ ဆင်းရမယ့်မှတ်တိုင်ကို အလွယ်တကူ သိနိုင်စေတယ်။ ဒါ့အပြင် အမြင် (သို့) အကြားအာရုံ ချို့တဲ့သူတွေအနေနဲ့ အသံ (သို့) စခရင်မ်ဖော်ပြမှုကတစ်ဆင့် ကိုယ်ဆင်းရမယ့်နေရာကို သိစေတဲ့ အကျိုးတွေ ရှိပါတယ်။ နောက်ထပ် မော် တော်ယာဉ်ခြေရာခံစနစ်တွေ အသုံးဝင်တဲ့နယ်ပယ်တွေအကြောင်း အောက်မှာ ဆက်လက်ဖော်ပြပေးထားပါတယ်။
• မော်တော်ယာဉ်လုံခြုံရေး – မော်တော်ယာဉ်ခြေရာခံစနစ်တွေကို သမားရိုးကျ မော်တော်ယာဉ်လုံခြုံရေးစနစ် (Car Alarm System) အစား အသုံးပြုနိုင်ပါတယ်။ သယ်ပို့ယာဉ်၊ ကုန်တင်ယာဉ်တွေတင် မကဘဲ အိမ်စီးကားတွေမှာ လည်း အသုံးပြုနိုင်ပြီး အားသာချက်အနေနဲ့ မော်တော်ယာဉ် အခိုးခံရတာမျိုးဖြစ်တဲ့အခါ ရဲ (သို့) အာမခံကုမ္ပဏီ တွေအနေနဲ့ အလွယ်တကူ ခြေရာနိုင်စေတဲ့ အားသာချက်တွေ ရလာတယ်။
• တန်ဖိုးမြင့်ကုန်စည် ကာကွယ်ရေး – အဆင့်မြင့်ခြေရာခံစနစ်တွေမှာ ကားလက်ရှိရောက်နေတဲ့နေရာကို မြေပုံပေါ် က ကြည့်နိုင်တဲ့အပြင် ကားမှာတပ်ဆင်ထားတဲ့ ကင်မရာတွေကတစ်ဆင့် ကားအတွင်းအပြင် ကြည့်ရှုလို့ရစေ တယ်။ ဒါကြောင့် တန်ဖိုးကြီးကုန်စည်သယ်တဲ့ ကားတွေကို ကုမ္ပဏီတွေကတစ်ဆင့် စောင့်ကြည့်ရာမှာ ပိုမိုလွယ် ကူ အဆင်ပြေစေတယ်။
• ဆားဗစ်ပိုင်း စီမံခန့်ခွဲမှု – မော်တော်ယာဉ်ခြေရာခံစနစ်တွေကို တက္ကစီ App တွေလို ဝန်ဆောင်မှုတွေမှာသာမက လိုအပ်တဲ့နေရာတွေကို တိုက်ရိုက်သွားရောက်ဝန်ဆောင်တဲ့ လုပ်ငန်းမျိုးတွေအတွက်လည်း သုံးနိုင်တယ်။ ဥပမာ – ဟိုင်းဝေးလမ်းမှာ ကားပျက်နေတဲ့ Customer က ကားဝပ်ရှော့ကို ဆားဗစ်လှမ်းခေါ်တဲ့အခါ အနီးဆုံးလမ်းကြောင်း (သို့) အနီးဆုံးမှာရှိနေတဲ့ ပညာရှင်ကို ရှာဖွေပြီး အမြန်ဆုံး လွှတ်ပေးနိုင်တာမျိုးပါ။
• ယာဉ်အုပ်စုလိုက် ထိန်းချုပ်ခြင်း – ယာဉ်အုပ်စုနဲ့ ဝန်ဆောင်မှုပေးနေတဲ့ Fleet Operator တွေက ကုမ္ပဏီပိုင်ယာဉ် တွေအပြင် နောက်တွဲကားလို ယာဉ်အစိတ်အပိုင်းတွေကို စောင့်ကြည့်နိုင်တဲ့အပြင် ကုန်စည်လွှဲပြောင်းမှု (Transit) လုပ်ရာမှာလည်း လုံခြုံစိတ်ချရမှုရှိစေဖို့ သုံးနိုင်တယ်။ ဒါ့အပြင် ခြေရာခံစနစ်နဲ့ ချိတ်ဆက်ထားတဲ့ အာရုံခံကိရိယာ တွေကတစ်ဆင့် ဆီစားနှုန်းကို စောင့်ကြည့်နိုင်သလို ယာဉ်မောင်းအနေနဲ့ သတ်မှတ်ထားတဲ့မိုင်နှုန်းထက် ကျော် မမောင်းအောင် ထိန်းချုပ်နိုင်တယ်။ မသွားရမယ့်နေရာမျိုးတွေကို သွားရင် အွန်လိုင်းကတစ်ဆင့် အင်ဂျင်စက် သတ်လို့ရတဲ့ လုပ်ဆောင်ချက်တွေတောင် ရှိပါတယ်။
• အိမ်သုံးကားများအား စောင့်ကြည့်ခြင်း – ဆယ်ကျော်သက်အရွယ် လူငယ်တွေ ကားမောင်းရာမှာ အန္တရယ်ရှိတဲ့နေ ရာတွေ မသွားစေဖို့ စောင့်ကြည့်နိုင်သလို အကြောင်းတစ်ခုခုကြောင့် အရေးပေါ်အခြေအနေနဲ့ ကြုံတွေ့လာတဲ့အ ခါ တခြားအိမ်သားတွေအနေနဲ့ အလွယ်တကူသိရှိနိုင်အောင် ယာဉ်ခြေရာခံစနစ်တွေကို သုံးလို့ရပါတယ်။ ဒါ့အပြင် အပေါ်မှာ ဖော်ပြခဲ့သလို ကားအခိုးခံရတဲ့အခါမှာလည်း အလွယ်တကူ ခြေရာခံနိုင်စေတယ်။
ဒီလောက်ဆိုရင် မော်တော်ယာဉ်ခြေရာခံစနစ်တွေအကြောင်း အတော်အတန် သိသွားလောက်ပြီထင်ပါတယ်။ နောက်ပိုင်းထွက်ကားတွေမှာ ယာဉ်ခြေရာခံစနစ်တွေ တစ်ပါတည်း ထည့်ပေးထားပြီး အပေါ်မှာ ဖော်ပြထားတဲ့ လုပ် ဆောင်ချက်အများစုကို လုပ်ပေးနိုင်တယ် – ကားထဲမှာ ကားသော့မေ့ကျန်ခဲ့ပြီး တံခါးတွေအကုန်ပိတ်မိရင် အွန်လိုင်းက တစ်ဆင့် ကားတံခါးဖွင့်လို့ရတာမျိုးတွေလည်း လုပ်လို့ရစေပါတယ်။