Unicode version..
ယခုလအတွက် ဆွေးနွေးမယ့် အကြောင်းအရာကတော့ ကျွန်တော့ရဲ ့အနှစ်သက်ဆုံး ကားတစ်စီးဖြစ်ပြီး လွန်ခဲ ့တဲ ့နှစ် များက ကျွန်တော်ကိုယ်တိုင် စိတ်ကြိုက်ပြုပြင်ပြောင်း လဲထားတဲ ့Mercedes C 63 AMG ကားပြုပြင်ပြောင်းလဲခဲ ့တာ ကို အမှတ်ရပြီး ကားတစ်စီးအား စွမ်းဆောင်ရည် ပိုမို မြင့်မားအောင် ပြုပြင်ခြင်း အကြောင်းကို ဆွေးနွေးချင်ပါတယ် ။ဒီ အကြောင်းအရာဟာ သင့်ကားရဲ ့စွမ်းဆောင်ရည်ကို အဆင့်မြှင့်တင်ဖို ့ဆွေးနွေးမယ့် အကြောင်းအရာ ကောင်းတစ်ရပ်ဖြစ်မယ်လို ့ထင်ပါတယ် ။ မြန်မာပြည်က ကျွန်တော့လုပ်ငန်းတစ်ခုဖြစ်တဲ ့ Centurion Auto အပြင် အမေရိကားမှာဆိုရင်လဲ Automotive Specialist Performance Group ဆိုပြီး မော်တော်ယာဉ် အဆင့်မြှင့် တင်ပြင်ဆင်တဲ ့ လုပ်ငန်းတစ်ခုလဲ ရှိပါသေးတယ် ။ ဒီလို မော်တော်ယာဉ် အဆင့်မြှင့်တင်တဲ ့လုပ်ငန်းဟာ နှစ်သက်ဖွယ် အလုပ်ဖြစ်ပေမယ့် နည်းစနစ်တကျ မပြုလုပ်ခဲ ့ မပြုပြင်ခဲ ့ရင် သင့်ကိုသာမက အခြားသူတွေကိုပါ အန္တရာယ် ဖြစ်စေပါ လိမ် ့မယ် ။ခုခေတ်ပေါ် အဆင့်မြင့်ယာဉ်တွေအတွက်ဆို ဒီအချက်က ပိုမို သတိထားသင့်ပါသေး တယ် ။ ဘာလို ့လဲ ဆိုတော့ ၎င်းတို ့ကို ကွန်ပြုတာ နည်းစနစ်နဲ ့ထိန်းချုပ်ထားပြီး စွမ်းဆောင်ရည် အမြင့်မားဆုံး ရရှိအောင် ဆောင်ရွက်ထားလို ့ပဲ ဖြစ်ပါတယ်။
ယေဘုယျအားဖြင့် မော်တော်ယာဉ်တစ်စီးကို အဆင့်မြှင့်တင်ရာမှာ ဘရိတ် ၊ ရှော့ဘား နှင့် အင်ဂျင်ဆိုပြီး အပိုင်း သုံး ပိုင်းရှိပါတယ် ။ များသောအားဖြင့် လူတွေဟာ အင်ဂျင် ကို သာ အဆင့်မြှင့်တင်ဖို ့ အာရုံထားလေ့ရှိပြီး ဘရိတ်နှင့် ရှော့ဘားတို ့ကို အဆင့်မြှင့် တင်ဖို ့မေ ့နေတတ်ကြ ပါတယ်။ အင်ဂျင်တစ်ခုတည်းကို သာ အဆင့်မြှင့်တာထားပါက ထင်သလောက် စွမ်းဆောင်ရည်မမြင့်မားလာပဲ ဘရိတ် ၊ ရှော့ဘား စသည်တို ့ပါ ဟန်ချက်ညီစွာ မြင့်တင်နိုင်မှသာ အကောင်းဆုံးစွမ်းဆောင်ရည်ကို ရရှိပါမယ် ။ ဘယ်သူမဆို မိမိကားကို အဆင့်မြှင့် ပြင်ဆင်တဲ ့နေရာမှာ လုပ်ဆောင်နိုင် တဲ ့အချက်လေးတွေရှိပါတယ် ။ အဓိက အကျဆုံးအချက်ကတော့ ကားရဲ ့အလေးချိန်ကို လျော့ချတာပဲ ဖြစ်ပါတယ် ။ ကားရဲ ့အလေးချိန် နည်းလေ အဆိုပါကားရဲ ့ကွေ ့ခြင်း ၊ အရှိန်မြှင့် ခြင်း ၊ ရပ်ခြင်းတို ့ ပိုမိုချော့မွေ ့ကောင်း မွန်လေဖြစ် ပါတယ် ။ ကားအလေးချိန်ကို လျော့ချရာမှာ ( ရှော့ဘားမှ ထမ်းထားသည့် အလေးချိန် မဟုတ်တဲ )့ unsprung weight လို ့ခေါ်တဲ ့အလေးချိန်ကို လျော့ချဖို ့အရေးကြီးပါတယ် ။ အဲဒီ unsprung weight ကို လျော့ချခြင်းဖြင့် မိမိကားအား ပိုမို ပေါ့ပါးစွာထိန်းချုပ်မောင်းနှင်နိုင်မှာ ဖြစ်ပါတယ် ။ ကျွန်တော့် အတွေ ့အကြုံအရာ unsprung weight ၁ ပေါင် လျော့ချရင် sprung weight ( ရှော့ဘားမှ ထမ်းထားသည့် အလေးချိန် ) ၃.၅ ပေါင် လျော့တာနဲ ့အ တူတူဖြစ်ပါတယ် ။ ဒါကြောင့် တနည်းအားဖြင့် ဘီးတစ်ဘီးစီမှ unsprung weight ၁ ပေါင်စီ လျော့ချနိုင်ပါက sprung weight ၁၄ ပေါင် ကားပေါ်က လျော့နိုင်တာအတူတူပါပဲ ။ ဒါကြောင့် ကျွန်တော်တို ့unsprung weight ကို တတ်နိုင်သလောက် လျော့ချဖို ့အဓိက ဆောင်ရွက်ရမှာဖြစ်ပါတယ် ။
အလေးချိန်လျော့ချခြင်း:
ပေါ့ပါးသော တာယာများ : Michelin, Toyo နှင့် Dunlop တာယာ များသည် unsprung weight လျော့ချနိုင် ဖို ့အများကြီး အားထုတ်ထားကြပါတယ် ။ အဆိုပါတာယာများသည် စွမ်းဆောင်ရည်ပိုမိုကောင်းမွန်အောင် ဦးစားပေးထုတ်ထားသော တာယာမျိုးဖြစ်ပြီး လမ်းကြမ်း များအတွက်တော့ မသင့်လျော်ပါ ။
Install= easy Price: $$ Reliability: down
ပေါ့ပါးသော ဘီဂွေများ : အလေးချိန် လျော့ချဖို ့ပထမဆုံး ရွေးသင့်တဲ ့ဘီးအမျိုးအစားကတော့ forged aluminum နဲ ့ပြုလုပ်ထားတဲ ့BBS FI ဘီးအမျိုးအစားပဲဖြစ်ပါတယ် ။ ကြံခိုင်ပြီး ပေါ့ပါးကာ (20*9in weights just 7.5kg) ခန် ့သာ လေးပါတယ် ။ ဒီလိုပေါ့ပါးတဲ ့ဘီးတွေဟာ လမ်းကြမ်းမောင်း နှင်တဲ ့အခါမှာတော့ ဘီးဂွေ ကွေးကောက်နိုင်ခြင်း ၊ အက်ကွဲခြင်းတို ့ဖြစ်နိုင်ပါတယ် ။
Install= easy Price: $$$$ Reliability: down
Big Brake Kits: big brake kits (BBK) ကတော့ ဘရိတ်အုပ်ရာတွင် ပိုမို ကောင်းမွန်စေရုံသာမက ဘရိတ်အား အလွန်အမင်းပူခြင်းမှ လည်းကာကွယ် ပေးပါတယ် ။အမြင်လဲ တင့်တယ်လှပါတယ် ။ ဘီးအကြီးများတွင် တပ်ဆင်ဖို ့အတွက် အချင်း ၁၅ လက်မအရွယ်အထိ ထုတ်လုပ်ထားကြပါတယ် ။ ဘရိတ်ရဲ ့စွမ်းဆောင်ရည်ကို မြင့်စေရုံမျှမက unsprung weight ကိုလဲ သိသိသာသာ လျော့ချပေးပါတယ်။ Brembo သို ့မဟုတ် AP Racing 4 piston kit တို ့သည် အကွေ ့တစ်ခုတွင် ဘရိတ်အုပ်ခြင်းကြောင့်ဖြစ်တဲ ့အလေးချိန်အား လေးပေါင် ခန် ့လျော့ချပေးနိုင်ပါတယ် ။
Install= moderate Price: $$$$ Reliability: brakes squeel
ရှော့ဘားများ ။
Coil-over suspension: စွမ်းဆောင်ရည် အကောင်းဆုံးပေးနိုင်ခြင်း ၊ ပြိုင်ကားများတွင် အသုံးပြုလေ ့ရှိသော coil-over ရှော့ဘားသည် ပေါ့ပါးသော ရှော့ဘား အမျိုးအစားဖြစ်ပြီး အဆိုပါ ရှော့ဘားတပ်ထားပါက ကားသည် နိမ့်ပြီး ပုံမှန်ရှော့ဘားလောက် မငြိမ် ့ညောင်းပါ ။ ဒါပေမယ့် အဆိုပါရှော့ဘားကြောင့် ကားတွင်း အလေးချိန်အပြောင်းအလဲ ၊ စတီရင် နှင့် ဘီးကုတ်အားကို ပိုမိုကောင်းမွန်စေပါတယ် ။
Install= moderate Price: $$$ Reliability: harsher ride
Lowering Springs: full coil-over suspension ထက်စျေးပိုမို သက်သာပါတယ် ။ ပိုမိုနိမ် ့သော စပရိန်ဖြစ်သောကြောင့် ကားအောက်ပိုင်းသည် မြေပြင်နှင့်ကပ် နေသောကြောင့် မြေပြင်မှ ဆွဲအားလည်း ပိုမိုနည်းပါတယ် ။ အားနည်းချက်တစ်ခုမှာ တော့ lowering springs ၏ ဖိအား ကန်အားသည် အနည်းငယ် မာသောကြောင့် လမ်းကြမ်းများတွင် မောင်းနှင်ပါက ရှော့ဘားအား အချိန်မတိုင်ခင် ပျက်စီးစေပြီး စီးရသည်မှာ လည်း သက်တောင့်သက်သာမရှိပေ ။
Install= moderate Price: $ Reliability: increased wear
Sway Bar : သူကတော့ စျေးသက်သာပြီး ရိုးရှင်းသော ပြုပြင်ပြောင်းလဲမှုဖြစ်ပါတယ် ပြီး ကားဘီး ဘယ်ညာရမ်းခါမှုကို ထိန်းချုပ်ပေးထား ခြင်းဖြစ်ပါတယ်။ ၎င်းကြောင့် ကားမောင်းရာမှာ ပိုမို ကျစ်ကျစ်လစ်လစ်ရှိပြီး စတီရင်ကို ထိန်းချုပ်ရာနှင့် အကွေ ့များတွင် ပိုမို ကောင်းမွန်လာပါတယ် ။ sway bar ကို နောက်ဘီးတွင်တပ်ဆင်ခြင်းက ပိုမိုလွယ်ကူပြီး ပိုမိုထိရောက်ပါတယ် ။
Install= moderate Price: $ Reliability: no change
Engine :
Cold Air Intake: အင်ဂျင်တွင်းသို ့ရှူသွင်းသော လေဝင်လေထွက်ကောင်းမှ သာလျှင် အဆိုပါအင်ဂျင်၏ စွမ်းဆောင်ရည်ကို အပြည့်အဝရရှိမယ်ဖြစ်ပါတယ် ။ ခုနောက်ပိုင်း အင်ဂျင်အကောင်းစားတွေဟာ ၎င်းတို ့စွမ်းအားကို ပိုမိုကောင်း မွန်စေတဲ ့cold air စနစ်ကု အသားပေးထုတ်လုပ်လာကြပါတယ် ။ Air particles လေးေတွေပိုမို ရရှိခြင်းကြောင့် စွမ်းအားလဲ ပိုမိုကောင်းလာပါတယ် ။ ခေတ်ပေါ် ကားတွေဟာ ကောင်းမွန်တဲ ့ဒီဇိုင်းတွေရှိပေမယ့် အကျိုးကျေးဇူးတွေ ကတော့ ကန် ့သတ်ချက်ရှိနေပါသေးတယ် ။
Install= moderate Price: $ HP: 5+bhp Reliability: no change
Exhaust: muffler လို ့ခေါ်တဲ ့ကား အိပ်ဇော အုံကြောင့် သင့်ကားအသံက ပိုမိုမြန်ဆန်နေတယ်ဟု ထင်ရပါတယ် ။ ဒါပေမယ့် အဲဒီ muffler က သင့်အင်ဂျင်စွမ်းဆောင်ရည်ကို တိုးတက်အောင်မပြုလုပ်နိုင်ပါဘူး ။ ကားတစ်စီး၏ ပါ၀ါ ပိုမိုကောင်းချင်ရင်တော့ exhaust system, focus on headers, downpipes, and x-pipes စသည်တို ့ကို လေထွက် အားကောင်းအောင် ပြုလုပ်လို ့ရပါတယ် ။ အင်ဂျင်တွင်းသို ့လေဝင်လေထွက် ကောင်းမှသာ အဆိုပါ အင်ဂျင်၏ စွမ်းဆောင်ရည်လည်း ပိုမိုကောင်းမွန်ပါမယ် ။ ခုနောက်ပိုင်းကားတွေမှာ အခုလို မိမိကားကို ပြုပြင်ပြောင်းလဲမှု ပြုလုပ်မည်ဆိုပါက အင်ဂျင်အချက်ပြမီးလင်းလာ နိုင်သောကြောင့် ထိုသို ့ မလင်းလာစေရန် ကွန်ပြူတာ စနစ်တွင် အရင်ဦးစွာ ပြင်ထားရမည် ကိုလည်း သိထားသင့်ပါတယ် ။
Install= moderate Price: $$ HP: 5-50bhp Reliability: no change HEADERS
ECU tune: ECU tune ကတော့ သင့်ကားရဲ ့ စွမ်းဆောင်ရည်ကို အ့ံသြစွာ ပြောင်းလဲ ပေးမှာဖြစ်ပါတယ် ။ ECU မှ တိုင်ပင် နဲ ့ ဆီလယ်ဗယ်ကို မျှတအောင် အမြဲတမ်းလုပ်ဆောင်ပေးနေသောကြောင့် တာဘို အင်ဂျင်တပ်ဆင်ထားသော ကားများတွင် ပြုပြုပြောင်းလဲ လေ့ရှိကြပါတယ် ။ သင့်ကားနှင့် သင့်တော်မယ့် လိုက်ဖက်မယ့် tuning ကို ရွေးချက်တတ်ဖို ့တော့လိုပါတယ် ။ အဲဒီလို ပြင်ဆင်တာ ကုန်ကျစရိတ်ရှိပေမယ့် ရေရှည်အတွက် တွက်မယ်ဆို ပြင်ဆင်စရိတ်ပိုမို သက်သာစေ ပါတယ်။
Install= easy Price: $$$ HP:30-80bhp Reliability: void warranty
Internal engine work: Camshafts, pistons, valves, headwork စသည့်အစိတ်အပိုင်းတွေဟာ လွန် ခဲ ့တဲ ့နှစ် ၂၀ ကျော်ကတည်းက အသုံးပြုခဲ ့တဲ ့အရာတွေပါပဲ ။ အဲဒီ အချိန် ကွန်ပြူတာ နည်းစနစ်လဲ မပါ၀င်သေးပါဘူး ။ ခုနောက်ပိုင်းတော့ အင်ဂျင်ကို စက်ရုံမှ ပုံစံတကျထုတ်လုပ် လာပါတယ် ။ အထက်ပါ အစိတ်အပိုင်းတွေကို ပြုပြင်ပြောင်းလဲ မည်ဆိုပါက ကွန်ပြူတာ နည်းစနစ်ကို ပါထိခိုက်နိုင်သောကြောင့် အစိတ်အပိုင်း တစ်ခုစီ အပြောင်းအလဲ မဖြစ်မနေပြုလုပ်မည်ဆိုပါက ကွန်ပြူတာ စနစ်ကို ပါ ပြုပြင်ပြောင်းလဲ နိုင်သော အထူးကျွမ်းကျင်သော ကားပြုပြင်သူ နှင့်သာ ပြုလုပ်ရန် အကြံပေးပါတယ် ။ ကွန်ပြူတာ စနစ်ဖြင့် မိမိ ပြုပြင်ခြင်း အစိတ်အပိုင်း ကိုက်ညီမှု မရှိပါ က မိမိ အင်ဂျင်ကို ထိခိုက်စေပါတယ်။
Install= advanced Price: $$$$ HP: 50-100bhp Reliability: decreased
မိမိကားရဲ ့စွမ်းဆောင်ရည်ကို တိုးတက်အောင် ပြုပြုပြောင်းလဲ လိုသူများအတွက် ယခု ဆောင်းပါးမှ အနည်းငယ် ကူညီနိုင်မယ်လို ့မျှော်လင့်ရပါတယ် ။ တစ်ချို ့အရာများတွင် ငွေကုန်ကြေးကျ သက်သာပြီး တစ်ချို ့အရာတွေမှာတော့ ပြုပြင်ပြောင်းလဲ သည့်ပေါ်မူတည် ပြီး ငွေကုန်ကြေးကျ ရှိပါတယ် ။ ကားတစ်စီး ထမ်းထားသည့် အလေးချိန်အား လျော့ချခြင်း ၊ ဘေးအန္တရာယ်ကင်းရှင်းရေးတို ့ကို ဦးစားပေး စဉ်းစားဖို ့သတိပြုစေချင်ပါတယ် ။ ယခုတင်ပြခဲ ့သည့် အကြောင်းအရာများသည် ကျွန်တော့အတွေ ့အကြံုတစ်ခုတည်းအပေါ် သာ အခြေခံထားခြင်းဖြစ်ပြီး ကားအမျိုး အစားပေါင်း များစွာ ရှိနေသောကြောင့် မိမိကားအား ပြုပြင်ပြောင်းလဲ မှ မပြုလုပ်မှီ သေချာစွာ လေ့လာကိုးကား ပြီးမှ လုပ်သင့်ပါတယ် ။ အရေးအကြီးဆုံး မှာ မိမိကားအား မိမိကျေနပ်ရန် ဖြစ်ပါတယ် ။ နောက်ဆုံးတော့ ကားဆိုတဲ ့အ ရာဟာ ကျွန်တော်တို ့အတွက် အလွန်အသုံးဝင်တဲ ့အရာတစ်ခု အဖြစ် နှစ် ၁၀၀ ကျော်ကျော် ကျော်ဖြတ်လာခဲ ့ပါတော့ တယ်။
Zawgyi version…
ရှော့ဘားများ ။
Engine :