Unicode version..
Vespa Motorcycle Showroom ဖွင့်ပွဲအား၂၀၁၆ခုနှစ် ဒီဇင်ဘာလ(၃) ရက်နေ့တွင် အမှတ်(မမ/၁၅)၊ ၅၅လမ်းနှင့် သိပ္ပံလမ်းထောင့်၊ ရဲမွန်တောင်ရပ်ကွက်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့ရှိ Vespa Showroomတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ Vespa Motorcycle သည် တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် အအောင်မြင်ဆုံးအီတလီ Brand အမျိုးအစားဖြစ်ပြီး နှစ် (၇၀)ကြာအောင်မြင်စွာ ပို့ဆောင်ဆက်သွယ်ရေး၏ ရှေ့ပြေးအဖြစ်တည်ရှိနေပြီ ဖြစ်ပါသည်။ လှပပြီးဆွဲဆောင်မှုရှိတဲ့ Vespa ဒီဇိုင်းတွေဟာ နေ့စဉ်ဘဝတွေရဲ့ အနှစ်သာရကိုပေးစွမ်းနိုင်တဲ့ ပြယုဂ်တစ်ခုပဲဖြစ်ပြီးအမျိုးသမီး၊ အမျိုးသားအသက်အရွယ်မရွေးလွတ်လပ်ပေါ့ပါးစွာစီးနှင်းနိုင်ခြင်းသည် Vespa ၏ အားသာချက်ပင် ဖြစ်ပါသည်။ UMG Groups of Companies ၏ စီးပွါးရေးလုပ်ငန်းစုတစ်ခုဖြစ်ေသော UMG Motor မှ မန္တလေးမြို့တွင် ဖွင့်လှစ်ထားသည့် Vespa Showroom တွင် Vespa S (125 cc) , Vespa Primavera (125 cc) , Piaggio Medley (150cc)အစရှိသည့် Vespa Motorcycle များကိုသင့်တင့်သောစျေးနှုန်းများဖြင့် ၀ယ်ယူရရှိ နိုင်ပါသည်။
Vespa မော်တော်ဆိုင်ကယ်များကို ဒုတိယကမ္ဘာစစ်အပြီးတွင်စတင်ထုတ်လုပ်ခဲ့ပြီး ကမ္ဘာတစ်ဝန်းရှိ နိုင်ငံသားတိုင်း အတွက်တိုက်ကြီး (၅) တိုက်တွင် Vespa (၁၇)သန်းကျော်ကို ဖြန့်ဖြူးထားပြီးလည်း ဖြစ်ပါသည်။ Vespa Sမှာ ဥရောပတွင် (၂)ဘီးတက်ယာဉ်များထဲတွင် အရောင်းရဆုံးဖြစ်သည့်အပြင် USA ရှိ ဥရောပကုန်လမ်း ပို့ဆောင်ရေး အရောင်းရဆုံးယာဉ်များထဲမှာလည်းတစ်ခု အပါအဝင်ဖြစ်သည်။ နည်းပညာအသစ်ဖြင့် ယနေ့မှာ ပြန်လည် မွေးဖွား လိုက်သော အင်ဂျင်ပါဝါ 125 နှင့် 150 cc ဖြင့် Vespa မော်တော်ဆိုင်ကယ်များသည် လောင်စာစားနှုန်း နည်းပါးခြင်းနှင့် စွမ်းအင်ထုတ်လွှတ်မှု အနည်းဆုံးဖြစ်သော Globelအခြေခံစံနှုန်းကို အသုံးပြုထားပါသည်။
UMG Motors စီးပွားရေးလုပ်ငန်းစုသည် ကမ္ဘာကျော်ထိပ်တန်းအမှတ်တံဆိပ်ဖြစ်သည့် Vespa & Medley မော်တော်ဆိုင်ကယ်များကို မြန်မာနိုင်ငံ၏ စျေးကွက်လိုအပ်ချက်အတိုင်း အသစ်ထပ်မံ တင်သွင်းခြင်းဖြစ်ပါသည်။
မန္တလေး Vespa Shoowroomတွင် Customerများအတွက် အကောင်းဆုံး Spare Part များကိုလည်း လွယ်လင့် တကူ ၀ယ်ယူရရှိနိုင်ပါသည်။ Vespa မှ အထူးလေ့ကျင့်သင်ကြားပေးထားသော Engineer များမှ လူကြီးမင်းများ၏ motorcycles များကို Diagnosis Checking, Maintenance Repair and Engine Major Overhaul လည်း စိတ်တိုင်းကျ တစ်ပေါင်းတစ်စည်းတည်း ပြုပြင်ဆောင်ရွက်ပေးလျက် ရှိပါသည်။ UMG Motorsမှ ဝယ်ယူသော Vespa Motocycleများကို ၂နှစ်အာမခံလည်းထားရှိပေးထားပါသည်။
UMG Group of Companiesသည် ၁၉၉၈ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ကာ လုပ်ငန်းခွဲပေါင်းမြောက်မြားစွာ လုပ်ကိုင်နေသည့် ကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး၊ ဖြန့်ချီရေး၊ ပညာရေး၊ ငွေကြေးနှင့်ဘဏ္ဍာရေးဝန်ဆောင်မှု၊ စားသောက် ကုန်နှင့် အဖျော်ယမကာ၊ ကျန်းမာရေးဝန်ဆောင်မှု၊ မီဒီယာနှင့်ဖျော်ဖြေရေး၊ မြေ၊အိမ်ယာအဆောက်အအုံနှင့် အခြေခံ အဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေး၊ သယံဇာတအရင်းအမြစ်များ၊ နည်းပညာဖွံ့ဖြိုးရေးစသည့်အဓိက ကဏ္ဍကြီး ကိုးခုဖြင့် မြန်မာနိုင်ငံတွင်သာမက ကမ္ဘောဒီယား၊ လာအို၊ အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ စင်္ကာပူ၊ တရုတ်နှင့် ဗီယက်နမ် နိုင်ငံများတွင်လည်းတိုးချဲ့ရင်းနှီး မြှပ်နှံလျှက်ရှိပါသည်။
Vespa Showroomတွင် ကျင်းပပြုလုပ်သော Vespa Showroomအသစ် ဖွင့်ပွဲအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး အစိုးရတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင် အီတလီသံအမတ်ကြီး Mr.Pier Giorgio Aliberti နှင့် သံရုံးတာဝန်ရှိသူများ၊ UMG Group of Companies ၏ ဥက္ကဌ ဒေါ်မာလာဝင်း၊ CEO ဦးကီဝီ၊ ဖိတ်ကြားထား သော ဂုဏ်သရေရှိ ဧည့်သည်တော်များ၊ Media များနှင့်အတူ မြန်မာတစ်နိုင်ငံလုံးတွင်ရှိသော Vespa Motorcycle နှစ်သက်သူများ တက်ရောက်ခဲ့ကြပါသည်။
UMG Motors ၏ တရားဝင် Vespa MotorcycleFacebook (www.facebook.com/VespaMyanmar)တွင် ၀င်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။ Hot Line : ၀၉ ၉၆၄၀၈၃၇၇၂ သို့လည်း ဆက်သွယ် မေးမြန်းနိုင်ပါသည်။
အသေးစိတ်သိရှိလိုပါက
Media Contact Person
Kyaw Lynn Soe @ Franco,
Corporate Communication Executive
Ph: 09 420269893, 09 977835441
Vespa sales Manager
Min Nyi Ko Eric
09973393730
Zawgyi vesion..
UMG Motors စီးပွားရေးလုပ်ငန်းစုသည် ကမ္ဘာကျော်ထိပ်တန်းအမှတ်တံဆိပ်ဖြစ်သည့် Vespa & Medley မော်တော်ဆိုင်ကယ်များကို မြန်မာနိုင်ငံ၏ ဈေးကွက်လိုအပ်ချက်အတိုင်း အသစ်ထပ်မံ တင်သွင်းခြင်းဖြစ်ပါသည်။
အသေးစိတ်သိရှိလိုပါက
Media Contact Person
Kyaw Lynn Soe @ Franco,
Vespa sales Manager
Min Nyi Ko Eric
09973393730