Mitsubishi Motor မှ မြန်မာနိုင်ငံသို့ တရားဝင် ဖြန့်ချိရောင်းချလျက်ရှိသည့် MM Cars Myanmar Ltd သည် Mitsubishi Motors ၏ မော်ဒယ်အသစ်ဖြစ်သော Xpander 2020 နှင့် Pajero Sport 2020 မော်ဒယ်အသစ် မိတ်ဆက်ပွဲ အခမ်းအနား အစီအစဉ်ကို ဇူလိုင်လ ၂၆ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။

COVID-19 ကူးစက်ရောဂါ၏ လက်ရှိအခြေအနေကို ထည့်သွင်းစဉ်းစား၍ MM Cars Myanmar Ltd သည် ပွဲအစီအစဉ် အခမ်းအနားကို Online မှ တိုက်ရိုက် ထုတ်လွှင့်မှုဖြင့်သာ ကျင်းပခဲ့ရခြင်း ဖြစ်ပါသည်။

 

၂၀၂၀ ၊ ဖေဖော်ဝါရီလတွင် MM Cars Myanmar သည် Mitsubishi အမှတ်တံဆိပ်၏ တန်ဖိုးကို မြှင့်တင်ရန် ခိုင်မာသော ဆုံးဖြတ်ချက်ဖြင့် To The Next Stage 2020 Campaign နှင့် Mitsubishi Motors ၏ Global Tagline ဖြစ်သော ‘Drive Your Ambition’ တို့ကို မိတ်ဆက်ပြီး နောက်တစ်ဆင့်သို့ တက်လှမ်းရန် ကြေညာခဲ့သည်။ Campaign ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် MM Cars Myanmar Ltd သည် မော်ဒယ်သစ် စတင်မိတ်ဆက်ဖြန့်ချိမှုများ ၊ Showroom ပြန်လည် မွမ်းမံပြင်ဆင်ခြင်း နှင့် အွန်လိုင်းဝန်ဆောင်မှုများကို အရှိန်အဟုန်ဖြင့် ကြိုးစားလုပ်ဆောင်ခဲ့ပါသည်။

 

ယခုနှစ်အစောပိုင်းက စတင်ထိတွေ့ပေးခဲ့သော Xpander 2020 ကို ဇူလိုင်လ ၂၆ ရက်နေ့တွင် တရားဝင် စတင်မိတ်ဆက်ပေးခြင်း အခမ်းအနား ကျင်းပပေးခဲ့ခြင်း ဖြစ်သည်။ 

 

MM Cars Myanmar အနေဖြင့် Xpander 2020 ကို ရွေးချယ်ဝယ်ယူပေးသော Customers များနှင့် Pre-Booking Order များအတွက် သည်းခံ စောင့်ဆိုင်းပေးကြသော မြန်မာနိုင်ငံမှ Mitsubishi Motors ဖောက်သည်များ အားလုံးကို ကျေးဇူးအထူးပင် တင်ရှိပါသည် ။

 

ယခုလို မော်ဒယ်လ်အသစ်များ စတင်တင်သွင်း ဖြန့်ချိနိုင်ခဲ့ခြင်းအတွက် အလွန်ပင် ဝမ်းမြောက်မိပါသည် ။

 

ယခင်မော်ဒယ်ဖြစ်သော Xpander 2019 ၏ နှစ်သက်ဖွယ်ကောင်းသည့် မျက်နှာအသွင်အပြင် ဒီဇိုင်းနှင့် အတွင်းပိုင်း ကျယ်ဝန်းမှုရှိသောကြောင့် မြန်မာနိုင်ငံရှိ ဖောက်သည်များက လက်ခံဝယ်ယူ ခဲ့ကြသည့်အတွက်လည်း ကျေးဇူးအထူးတင်ရှိပါသည် ။ 

 

မြို့ပြလူနေထိုင်မှုပုံစံနှင့် အဆင်ပြေ ချောမွေ့စေရန်အတွက် ဒီဇိုင်းထုတ်ထားသော Xpander 2020 သည် မြန်မာဖောက်သည်များ၏ လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးလိမ့်မည်ဟု အခိုင်အမာ ယုံကြည်ပါသည်။

 

ထို့အပြင် ပွဲတွင် MM Cars Myanmar မှ နောက်ထပ် ထုတ်ကုန်အသစ်တစ်မျိုးကို မိတ်ဆက်ပေးခဲ့ပြီး ၎င်းထုတ်ကုန်သစ် အမျိုးအစားမှာ Pajero Sport 2020 ဖြစ်သည်။ 

 

Pajero Sport သည် ဇိမ်ခံကားအမျိုးအစား အတွင်းပိုင်း အပြင်အဆင်နှင့် အပြင်ပိုင်းတွင် ခက်ခဲကြမ်းတမ်းသော လမ်းများတွင် မောင်းနှင်နိုင်သည့်  စစ်မှန်သော လမ်းကြမ်းမောင်း  SUV  အမျိုးအစားဖြစ်သည်။ 

 

Pajero Sport 2020 ပုံစံသည် မြေပြင်မှ သက်ရောက်မှုများကို လျော့ပါးစေရန် Ground Clearance မြင့်မားသော အင်္ဂါရပ်မျိုးရှိပြီး လမ်းကြမ်းအခြေအနေမျိုး၌ပင် အဆင်ပြေစွာ မောင်းနှင်နိုင်သော အမျိုးအစားဖြစ်သည် ။ 

 

ဒီဇိုင်းအနေဖြင့် Pajero Sports ၏ မျက်နှာအသွင်အပြင်ကို ယခင်မော်ဒယ်များမှ အဆင့်မြှင့်တင်ထားပြီး ယင်း၏အသွင်အပြင်သည် Mitsubishi ကားများ၏ ဒီဇိုင်း အမှတ်အသား ဖြစ်သည့် “Dynamic Shield” ၏ အဓိပ္ပါယ် ပိုမိုထင်ရှားစေပြီး Pajero Sport 2020 မော်ဒယ် အနေဖြင့် မြန်မာနိုင်ငံရှိ Mitsubishi ဖောက်သည်များအား အကောင်းဆုံးအရည်အသွေးရှိသော လူနေမှုဘဝပုံစံကို ဖြည့်ဆည်းပေးလိမ့်မည်ဟု ယုံကြည်ပါသည် ။

 

Mitsubishi Motors Myanmar ၏ အရောင်းပြခန်းများ ပြန်လည်ပြုပြင်ခြင်းနှင့် စပ်လျဉ်းပြီး Mitsubishi Motors ၏ Corporate Identity နှင့် Visual Identity အသစ်၏ အယူအဆနှင့်အညီ ရန်ကုန်ပြခန်းကို မေလတွင် ပြန်လည်ပြုပြင်ခဲ့ပြီး ဖြစ်ပါသည် ။ 

 

ပြီးခဲ့သည့်နှစ်များတွင် မန္တလေးမြို့နှင့် တောင်ကြီးမြို့များတွင် အရောင်းပြခန်းများကို ပြန်လည်ပြုပြင် မွမ်းမံခဲ့ပါသည်။ အရောင်းပြခန်းသစ်များတွင် Mitsubishi Motors ၏ Brand Concept  အသစ်များကို လာရောက်တွေ့ကြုံခံစားဖို့ ဖိတ်ခေါ်အပ်ပါသည် ။

MM Cars Myanmar သည် အွန်လိုင်းဝန်ဆောင်မှုများ စတင်လုပ်ဆောင်နေပြီး ၊ အွန်လိုင်းဝန်ဆောင်မှုများ နှင့်အတူ Customer များသည် Mitsubishi ကားအမျိုးအစားများ Online Booking ဝန်ဆောင်မှု ရက်ချိန်းများကို  Facebook စာမျက်နှာများနှင့် Mitsubishi Motors Myanmar Website မှတစ်ဆင့် စမ်းသပ်မောင်းနှင်မှုများကို  မေးမြန်းစုံစမ်းနိုင်ကြပါသည်။ 

ယခုအခါ မြန်မာနိုင်ငံရှိ Online သုံးစွဲသူများသည် ကျွန်တော်တို့ Online Service များကို အသုံးပြုပြီး ကားဝယ်ယူခြင်းနှင့် ကားဝန်ဆောင်မှုလုပ်ငန်းများကို တွေ့ကြုံအသုံးပြုနိုင်ပြီဖြစ်ပါသည် ။

 

https://mitsubishimotorsmyanmar. com/models/xpander2020/

https://mitsubishimotorsmyanmar. com/models/pajero-sport-2020/