ဗီယက်နမ်အခြေစိုက် Vinfast သည် U.S.A အတွက် ဈေးကွက်ဖန်တီးရန် ရုံးချုပ်အား Los Angeles တွင် 2021 ၌စတင်ဖွင့်လှစ်ခဲ့သည်။ ယခုအခါ North Carolina ပြည်နယ်တွင် ကားစက်ရုံအသစ်တခုအား စတင်ဖွင့်လှစ်ခဲ့ပြီး အဆိုပါ စက်ရုံအသစ်မှ EV Crossover အမျိုးအစားအသစ် ( ၂ ) မျိုးဖြစ်သည့် VF 8 နှင့်  VF 9 တို့ကို ထုတ်လုပ်မည်ဖြစ်သည်။ အဆိုပါ စက်ရုံသည် ဧကနှစ်ထောင်ခန့်ကျယ်ဝန်းပြီး North Carolina ပြည်နယ် ၊ Chatham Country တွင်တည်ရှိကာ USD 2.0 Billions ဝန်းကျင်ခန့်ရင်းနှီးမြုပ်နှံထားပြီး တနှစ်လျှင် ကားအစင်းရေ တသိန်းငါးသောင်းခန့်အထိ ထုတ်လုပ်နိုင်ရန် Vinfast မှရည်ရွယ်ထားပါသည်။ အဆိုပါစက်ရုံမှ ကားထုတ်လုပ်မှုအား 2024 July တွင်စတင်နိုင်မည်ဖြစ်ကာ EV SUV ( ၂ ) မျိုးအပြင် Electric Bus နှင့် Battery များကိုလည်း ထုတ်လုပ်ရန် စီစဉ်ထားပါသည်။

 

Vinfast သည်စတင်တည်ထောင်စဉ်က BMW Engine အသုံးပြုထားသည့် ကားများကို ဗီယက်နမ်ဈေးကွက်၌ 2019 တွင်စတင်ရောင်းချခဲ့ပါသည်။ ယခုထုတ်လုပ်မည့် VF 8 နှင့် VF 9 တို့အား ယခင်က VF e 35  နှင့် VF e 36 ဟူ၍ အမည်ပေးခဲ့ပါသည်။ ၎င်းတို့၏ ဒီဇိုင်းအားနာမည်ကျော် Italian Design House ဖြစ်သည့် Pininfarina မှဒီဇိုင်းဖန်တီးခြင်း ဖြစ်သည်။ VF 8 သည် 5 – Seater Crossover ပုံစံဖြစ်ကာ EV သီးသန့်ဖြင့် (၃၁၆ မိုင်) ဝန်းကျင်အသုံးပြုနိုင်မည်ဖြစ်သည်။ VF 9 သည် 7- Seater Crossover ပုံစံဖြင့်ကာ EV သီးသန့်ဖြင့် ( ၄၂၂ မိုင် ) ခန့်အသုံးပြုနိုင်မည်ဖြစ်သည်။ VF 8 နှင့် VF 9 တို့အား 2021 တွင်ဗီယက်နမ်တွင်တပ်ဆင်ကာ U.S.A သို့ တင်ပို့ရောင်းချခဲ့ပါသည်။ ယခု U.S.A ရှိစက်ရုံမှစတင်ထုတ်လုပ်ခြင်းအား 2024 နှစ်လည်ခန့်တွင် စတင်နိုင်ပါမည်။ Vinfast သည် ဗီယက်နမ် Haiphong ဒေသတွင်ကားစက်ရုံ တည်ဆောက်ထားပါသည်။

#DriveMediaMyanmar