Vinfast သည် မြောက်အမေရိကဈေးကွက်သို့၎င်း၏ လျှပ်စစ်ကားများကို ရောင်းချရန် စီစဉ်ထားကြောင်း ပြောကြားလိုက်သည်။ ဗီယမ်နမ် အခြေစိုက် Vinfast အနေဖြင့် EV Crossover အသစ်(၂) မျိုးအား မိတ်ဆက်ပြသလိုက်ကာ ၎င်းတို့သည် အမေရိကန်သို့ ရောင်းချရန်သင့်လျော် မည်ဖြစ်ကြောင်းကိုလည်း ပြောကြားပါသည်။ အသစ်ပြသသည့် Model (၂) မျိုးမှာ VF 32 နှင့် VF 33 တို့ဖြစ်ကာ ၎င်းတို့၏ Pre-order များကို ယခုနှစ် November တွင် စတင်လက်ခံမည်ဖြစ်ပြီး 2022 June တွင် ရောင်းချရန်လည်း စီစဉ်ထားပါသည်။ VF 33 သည် အရွယ်ကြီးမားပြီး Chevy Traverse ကဲ့သို့ ခန့်ခန့်ထည်ထည်နှင့် လှပသည့် ပုံစံရှိကာ အရှေ့ Grille Design သည် အလွန် စွဲဆောင်မှုရှိပါသည်။ ရှည်လျားပြီး ပေါ်လွင်ထင်ရှားသည့် Body Style သည် အမေရိကန်တို့ အကြိုက်နှင့် ထပ်တူကျနိုင်မည်ဟု ယုံကြည်ပါသည်။ VF 33 တွင် Power Output 201 hp ရရှိသည့် လျှပ်စစ်မော်တာ (၂) လုံးပါရှိကာ Total Output 402 hp ရရှိမည်ဖြစ်ကာ ၎င်းတို့အား ( 106 –kWh Battery Pack ) နှင့် တွဲစပ်ထားပါသည်။ အားအပြည့်ရှိပါက လျှပ်စစ်သီးသန့်ဖြင့် ( 342 Miles of Driving Range ) ဝန်းကျင်ခန့်ရရှိမည်ဟု Vinfast မှ ခန့်မှန်းထားပါသည်။ နည်းပညာသုံးပါဝင်မှုများစွာ ပါရှိသည့်အပြင် အလွန်ကြီးမားသည့် – ( 15.4 – inch Infotainment System ) အပါအဝင် အရွယ်ကြီးမားသည့် မှန်ပါဝင်သည့် အမိုး ၊ ယာဉ်မောင်းထောက်ပံ့မှုအတွက် Lidar Sensors နှင့် ကင်မရာများ ပေါင်းစပ်ပါဝင်ထားခြင်း စသည့် ထူးခြားမှုများစွာလည်း ပါဝင်မည် ဖြစ်သည်။ ထို့အပြင် Level 4 အဆင့်ရှိသည့် Autonomous Driving ဆိုင်ရာ နည်းပညာ များကိုလည်း မကြာခင် ပေါင်းစပ်ထည့်သွင်းနိုင်ရန် Vinfast တွင် အစီအစဉ်များ ရှိပါသည်။
Generated by pixel @ 2021-01-22T09:33:38.561020