VW သည် Brand ၏ လူကြိုက်များသည့် Golf R ကို အထူးထုတ်ပြုလုပ်ခဲ့သည့် Limited Edition နှင့် Golf R 20 Years Model တို့လို Special Model များကို ထုတ်လုပ်ခဲ့ပါသည်။ ယခုအခါ VW အနေဖြင့် အသစ်ထွက်ရှိမည့် R Version ၏ ကနဦး Model ဆိုရမည့် Golf R 333 ကို UK အတွက် ရည်ရွယ်ပြီး မိတ်ဆက်လိုက်သည့် Golf R 333 သည် အထူးထုတ်ကားဖြစ်သည့်အတွက် Lime Yellow Metallic ၊ Blue R Badge ၊ Rear Wing ၊ တို့လိုမျိုး Special Features တွေ ပါဝင်ပြီး အချိန်တနှစ်ခန့် အချိန်ယူကာ ဖန်တီးထားကြောင်း VW မှ ပြောထားပါသည်။

Sporty Features များဆိုပါက Performance Pack ကို ပေါင်းစပ်ပေးမည့်အပြင် Akrapovic Exhaust ၊ Estoril 19 – inch Alloy ၊ Blue Brake Caliper တို့လိုမျိုး Sporty Features များကိုလည်း ပေါင်းစပ်ပေးထားသည်ကို မြင်တွေ့ရပါသည်။ အင်ဂျင်သည် – 2.0 L Turbo I4 Engine ၊ 329 bhp ၊ အင်ဂျင်ဖြစ်ကာ အင်ဂျင်ဆိုင်ရာ အဆင့်မြှင့်တင်ခြင်းများကို သေချာလုပ်ပေးထားပြီး Software အဆင့်မြှင့်ထားသည့် DSG Gearbox နဲ့ တွဲစပ်ပေးထားပါသည်။

Golf R 333 ကို ပြိုင်ကားကဲ့သို့ ရည်ရွယ်ထားသည့်အတွက် စွမ်းဆောင်ရည်ဆိုင်ရာ Function တခုဖြစ်သည့် Emotional Start Function ကို ထည့်ပေးထားကာ စနစ်ရဲ့သဘောသည် Engine ရဲ့ Performance ကို 100% အထိ ရောက်အောင် ဖန်တီးပေးပြီး Akrapovic Exhaust နဲ့လည်း ချိတ်ဆက်ထားတယ့်အတွက် လီဗာနင်း လိုက်ရုံဖြင့် High Speed ကို ချက်ချင်းရောက်မည်ဖြစ်ပါသည်။ အခြားအထောက်အကူများဆိုရင် – 4 Motion 4WD ၊ Torque – Vectoring Rear Differential ၊ Multi – Stage DCC Active Dampers ၊ တို့ကိုလည်း Standard အနေနဲ့ ထည့်ပေးထားပါမည်။ VW သည် Golf R 333 ကို ( စတာလင်ပေါင် ငါးသောင်း ) ဝန်းကျင်လောက် ဈေသတ်မှတ်ပြီး ရောင်းချမည်ဖြစ်ကြောင်းပြောကြားထားပါသည်။