Volkswagen သည် I.D.3 EV Hatchback အား 2019 တွင် စတင်မိတ်ဆက်ခြင်းဖြင့် Popular ဖြစ်နေသည့် EV လောကအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ I.D.3 သည် ကျစ်လစ်သည့် ပုံစံရှိခြင်း ၊ ပေါ့ပေါ့ပါးပါးအသုံးပြုနိုင်ခြင်းနှင့် ထူးခြားသည့် Battery ဆိုင်ရာ စွမ်းဆောင်မှုရှိခြင်းတို့ဖြင့် လက်ရှိတွင် ထင်ရှားလျက်ရှိပါသည်။ Volkswagen အနေဖြင့် Polo အရွယ်ခန့်ရှိမည့် I.D.1 နှင့် T – Roc အရွယ်ခန့်ရှိမည့် ID.2 Compact Crossover တို့ အား ဆက်လက်ထုတ်လုပ်မည်ဖြစ်ပြီး ID Lineup ကို အားဖြည်တင်းရန် စီစဉ်ထားပါသည်။ ID.1 နှင့် ID.2 တို့တွင် 24 kWh (သို့) 36kWh ရှိသည့် MEB ဖန်တီးမှုဆိုင်ရာ Battery များတပ်ဆင်ထားမည်ဖြစ်ပြီး 36 kWh Battery ဆိုပါက ( 185 Miles ) အထိ အသုံးပြုနိုင်သည့် စွမ်းဆောင်ရည်ပါရှိမည်။ ကားရှေ့ဝန်ရိုးရှိ Motor မှ Power ကို ပို့လွှတ်မည့် ပုံစံဖြစ်သည်။ VW သည် ID.1 အား 2023 နှစ်ကုန်ခန့်တွင်၎င်း ၊ ID.2 အား 2024 တွင် ၎င်း စတင်မိတ်ဆက်နိုင်ရန်လျာထားပါသည်။ ယခုနှစ်မှ 2023 အတွင် ID.3 ၊ ID.4 ၊ ID.5 တို့ကို သာ ပုံမှန်တိုးတက်ဖန်တီးရန် စီစဉ်ထားပြီး 2023 အထိ ကားအစင်းရေ တသန်းခန့်အထိ ရောင်းချရန် မျှော်လင့်ထားပါသည်။ VW Group အနေဖြင့် VW ၊ Audi ၊ Seat ၊ Skoda စသည့် Brand ( ၄ ) ခု မှ 2029 အထိ EV ကားအရေအတွက် ( ၇၅ ) စင်းအထိ ထုတ်လုပ်ရန် စီစဉ်ထားပါသည်။

Zawgyi Version…
Volkswagen သည် I.D>1 နှင့် I.D . 2 တို့အား 2024 တွင် မိတ်ဆက်မည်