Volkswagen သည် U.S.A, Las Vegas တွင်ကျင်းပမည့် 2023 CES Show တွင် Battery-electric ID.7 Concept အား မိတ်ဆက်ပြသပေးပါမည်။ ၎င်းသည် 2022 တွင် မိတ်ဆက်ခဲ့သည့် ID . Aero Concept ၏ Resembling လည်း ဖြစ်ပြီး ID.7 သည် MEB Platform ကိုအခြေခံထားပြီး လက်ရှိထုတ်လုပ်ထားသည့် VW ID.4 သည်လည်း MEB ဖြစ်ပါသည်။ သို့သော် ID.7 Model တွင် ( 435 Miles of Range ) အထိ အသုံးပြုနိုင်သည့် EV Powertrain ပါဝင်ပါမည်။

VW သည် ID.7 အား High – Priced EV အနေဖြင့် ရည်ရွယ်ထားကာ ထို့အတူ ID.7 Model သည် 2026 အတွင်း ဆက်လက် မိတ်ဆက်ရန် စီစဉ်ထားသည့် VW ၏ Now EV Model ( ၁၀ ) မျိုးတွင် အပါအဝင်ဖြစ်ပြီး Grand ကျသည့် EV Model ကိုနှစ်သက်သည့် Customer များအတွက် အဓိကရည်ရွယ်ထားပါသည်။ VWID.7 Model တွင် – 1.5 – inch Augmented Reality HUD System ကို မိတ်ဆက်ထည့်သွင်း ထားမည် ဖြစ်ကာ ၎င်းသည်လည်း ပုံမှန် HUD System နှင့် များစွာကွာခြားပြီး ခေတ်သစ်နည်းပညာ၏ ခြေလှမ်းသစ်တခု ဟုဆိုရမည်ဖြစ်သည်။

အဆိုပါ New HUD System တွင် ကား၏ In-car Temperature Control ကဲ့သို့ Function များကိုပါ ထည့်သွင်းပေးထားမည်ဟုသိရှိရပါသည်။ VW သည် 2023 CES တွင် မိတ်ဆက်မည် ID.7 Model Production အား ဂျာမနီ ၊ Emden ရှိ VW စက်ရုံတွင် 2024 တွင် စတင်ထုတ်လုပ်ရန် စီစဉ်ထားပြီး ထို့အတူ မိတ်ဆက်ခြင်းအား 2023 နှစ်ကုန်ခန့်တွင် ပြုလုပ်မည် ဖြစ်သည်။ VW ID.7 Model သည် Hyundai Ioniq 6 နှင့် ယှဉ်ပြိုင်ဖက်ဖြစ်လာနိုင်ပါသည်။ VW သည် ID.3 EV အား 2017 တွင် မိတ်ဆက်ခဲ့သည်ကိုသိရှိရပါသည်။

#DriveMediaMyanmar