Volkswagen AG သည် ၎င်း၏ Self – Driving ဆိုင်ရာ နည်းပညာများကို ဖွံ့ဖြိုးစေရန် အတွက် အာရုံစိုက်သည့် အနေဖြင့် Volkswagen Autonomy အမည်ရှိ Sub – division ကို ဖန်တီးမည်ဟု CES 2020 ၌ မိတ်ဆက်ပြောကြားခဲ့သည်။ ၎င်းအား Standalone အနေဖြင့် ရည်ရွယ်က Munich ၊ Wolfsburg ၊ Beijing နှင့် ဆီလီကွန်တောင်ကြားရှိ Belmont တို့၌ လုပ်ငန်းများဆောင်ရွက်မည်။ Ford နှင့် Volkswagen တို့ ပူးပေါင်းမြုပ်နှံသည့် Argo AI အစီအစဉ်ကို စတင်အကောင်အထည်ဖေါ်မည်ဖြစ်သည်။ ထို့အပြင် ကာတာနိုင်ငံ ၊ Doha တွင် ကျင်းပမည့် 2022 FIFA World Cup တွင် အသုံးပြုမည့် VW ID Buzz Concept ထံမှလည်း အဓိကမှီငြမ်းမှုများ ပြုလုပ်မည်ဟု VW မှ ဆိုထားပါသည်။ Volkswagen Autonomy မှ ပညာရှင်များသည် အဆင့်မြှင့်တင်ထားသည့် Technology Pack များအား 2024 ၊ 2025 တွင် ကားများ ၌ ထည့်သွင်းမည်ဖြစ်သည်။ အဓိကအားဖြင့် Level 5 အဆင့်ရှိသည့် Autonomous Driving အဆင့်အထိ ဖန်တီးရန် ရည်မှန်းထားပြီး Level 4 အဆင့်ကို တိကျ မြန်ဆန်စွာဖြင့် အမြဲတန်း ဆန်းသစ်စွာ ဖန်တီးရန်လည်း Volkswagen Autonomy မှ ရည်ရွယ်ပါသည်။
Zawgyi Version……
Volkswagen သည် Autonomous နည်းပညာများဖွံ့ဖြိုးမှုအတွက် Standalone Division ကို ဖန်တီးမည်
—————————————————————–