Yoma German Motors ကုမ္ပဏီသည် ဂျာမနီနိုင်ငံထုတ် ကမ္ဘာ့ကျော်ကားကုမ္ပဏီဖြစ်သည့် Volkswagen Car Showroom နှင့် Service Center ဖွင့်လှစ်သည့်အခမ်းအနားကို မနေ့ကညနေ Showtoom တည်ရှိရာ ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်၊ ဝေဇယန္တာလမ်းနှင့် ရတနာလမ်းထောင့်တွင် ကျင်းပပြုလုပ်သွားခဲ့သည်။
Yoma Strategic Holding ကုမ္ပဏီ၏ လက်အောက်ခံဖြစ်သည့် Yoma German Motor သည် Volkswagen ၏ တစ်ခုတည်းသော တရားဝင်ဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီဖြစ်ပြီး Volkswagen ကားများကို ၂၀၁၉ ခုနှစ်ထဲက ပြည်တွင်းဈေးကွက်တွင် စတင် တင်သွင်းရောင်းချခဲ့ခြင်းဖြစ်သည်။
Volkswagen Showroom တရားဝင်ဖွင့်လှစ်ခြင်းနှင့်အတူ Yoma German Motors သည် ပြည်တွင်းဈေး ကွက်အတွက် သင့်တော်မည့် Volkswagen ကားများကို မိတ်ဆက်ဖြန့်ဖြူးသွားရန် စီစဉ်ထားပြီး မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် 4S Dealership Center နှင့် မန္တလေးမြို့တွင် 3S Dealership Center တို့ကို ဖွင့်လှစ်ထားရှိပြီးဖြစ်သည်။
Yoma German Motors ၏ ဒါရိုက်တာ Mr.Dominique Lejeune က “ရှေရှည်ကြိုးစားခဲ့ရတဲ့ Volkswagen ရဲ့ တရားဝင်ဖွင့်လှစ်မှုက အားလုံးကို ပိုမိုစိတ်လှုပ်ရှားစေခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ဝယ်ယူသူတွေကို အကောင်းဆုံးဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ ဝန်ထမ်းတွေကို သေသေချာချာလေ့ကျင့်ပေးထားပါတယ်။ အနာဂတ်မှာ ကျွန်တော်တို့အနေနဲ့ ပိုမိုအောင်မြင်ဖို့လည်း မျှော်လင့်ပါတယ်။” ဟု ပြောဆိုသွားခဲ့သည်။
မြန်မာနိုင်ငံတွင် Volkswagen ကားများကို ရောင်းချရာတွင် (၂)နှစ် သို့မဟုတ် ကီလိုမီတာ(၁)သိန်း အာမခံပေးသွားမည်ဖြစ်ပြီး လက်ရှိတွင် Polo Hatchback၊ Polo Sedan၊ Golf၊ Tiguan နှင့် Touareg ကို ရောင်းချလျက်ရှိသည်။
Volkswagen ကားကုမ္ပဏီကို ၁၉၃၇ ခုနှစ်က ဂျာမနီနိုင်ငံတွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့ပေါ်တွင် လူကြိုက်အများဆုံးနှင့် အရောင်းရဆုံး ကားကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။
Zawgyi Version…
ကမၻာေက်ာ္ Volkswagen Car Showroom ႏွင့္ Service Center ကို တရားဝင္ စတင္ဖြင့္လွစ္
Yoma German Motors ကုမၸဏီသည္ ဂ်ာမနီနိုင္ငံထုတ္ ကမၻာ့ေက်ာ္ကားကုမၸဏီျဖစ္သည့္ Volkswagen Car Showroom ႏွင့္ Service Center ဖြင့္လွစ္သည့္အခမ္းအနားကို မေန႔ကညေန Showtoom တည္ရွိရာ ရန္ကုန္ၿမိဳ့ ေတာင္ဥကၠလာပၿမိဳ့နယ္၊ ေဝဇယႏၲာလမ္းႏွင့္ ရတနာလမ္းေထာင့္တြင္ က်င္းပျပဳလုပ္သြားခဲ့သည္။
Yoma Strategic Holding ကုမၸဏီ၏ လက္ေအာက္ခံျဖစ္သည့္ Yoma German Motor သည္ Volkswagen ၏ တစ္ခုတည္းေသာ တရားဝင္ျဖန႔္ျဖဴးေရာင္းခ်သည့္ ကုမၸဏီျဖစ္ၿပီး Volkswagen ကားမ်ားကို ၂၀၁၉ ခုႏွစ္ထဲက ျပည္တြင္းေဈးကြက္တြင္ စတင္ တင္သြင္းေရာင္းခ်ခဲ့ျခင္းျဖစ္သည္။
Volkswagen Showroom တရားဝင္ဖြင့္လွစ္ျခင္းႏွင့္အတူ Yoma German Motors သည္ ျပည္တြင္းေဈး ကြက္အတြက္ သင့္ေတာ္မည့္ Volkswagen ကားမ်ားကို မိတ္ဆက္ျဖန႔္ျဖဴးသြားရန္ စီစဥ္ထားၿပီး ျမန္မာနိုင္ငံ ရန္ကုန္ၿမိဳ့တြင္ 4S Dealership Center ႏွင့္ မႏၲေလးၿမိဳ့တြင္ 3S Dealership Center တို့ကို ဖြင့္လွစ္ထားရွိၿပီးျဖစ္သည္။
Yoma German Motors ၏ ဒါရိုက္တာ Mr.Dominique Lejeune က “ေရွရွည္ႀကိဳးစားခဲ့ရတဲ့ Volkswagen ရဲ့ တရားဝင္ဖြင့္လွစ္မွုက အားလုံးကို ပိုမိုစိတ္လွုပ္ရွားေစခဲ့ပါတယ္။ ကၽြန္ေတာ္တို့ရဲ့ ဝယ္ယူသူေတြကို အေကာင္းဆုံးဝန္ေဆာင္မွုေတြ ေပးနိုင္ဖို့ ဝန္ထမ္းေတြကို ေသေသခ်ာခ်ာေလ့က်င့္ေပးထားပါတယ္။ အနာဂတ္မွာ ကၽြန္ေတာ္တို့အေနနဲ႔ ပိုမိုေအာင္ျမင္ဖို့လည္း ေမၽွာ္လင့္ပါတယ္။” ဟု ေျပာဆိုသြားခဲ့သည္။
ျမန္မာနိုင္ငံတြင္ Volkswagen ကားမ်ားကို ေရာင္းခ်ရာတြင္ (၂)ႏွစ္ သို့မဟုတ္ ကီလိုမီတာ(၁)သိန္း အာမခံေပးသြားမည္ျဖစ္ၿပီး လက္ရွိတြင္ Polo Hatchback၊ Polo Sedan၊ Golf၊ Tiguan ႏွင့္ Touareg ကို ေရာင္းခ်လ်က္ရွိသည္။
Volkswagen ကားကုမၸဏီကို ၁၉၃၇ ခုႏွစ္က ဂ်ာမနီနိုင္ငံတြင္ စတင္တည္ေထာင္ခဲ့ျခင္းျဖစ္ၿပီး ကမၻာ့ေပၚတြင္ လူႀကိဳက္အမ်ားဆုံးႏွင့္ အေရာင္းရဆုံး ကားကုမၸဏီတစ္ခုအျဖစ္ ရပ္တည္လ်က္ရွိသည္။