Zawgyi Version…
Volkswagen သည္ အနာဂတ္တြင္ သံုးစြဲသူမ်ားအၾကား ပိုမိုေရပန္းစားလာမည့္ Autonomous(ေမာင္းသူမဲ့) ကားမ်ား၌ ကားမူးျခင္း(motion sickness) ကို ကာကြယ္ႏုိင္ရန္ Anti-Vomit နည္းပညာကို စမ္းသပ္ေနေၾကာင္းသိရသည္။
NIH(National Instiute of Health) ၏ စစ္ေဆးေတြ႕ရွိခ်က္မ်ားအရ လူဦးေရ သံုးပံုပံု တစ္ပံုမွာ ကားမူးျခင္းကို ႀကံဳေတြ႕ရႏုိင္ၿပီး Autonomous(ေမာင္းသူမဲ့) ကားမ်ားတြင္ အဆုိပါအေျခအေနကို ႀကံဳေတြ႕ရႏုိင္ေၾကာင္း သိရ သည္။
လက္ရိွတြင္ ထိပ္တန္းကားကုမၸဏီမ်ားသည္ အလိုအေလ်ာက္ေမာင္းႏွင္သည့္စနစ္ပါဝင္ေသာ ကားမ်ားကို ျဖည္းျဖည္းခ်င္း မိတ္ဆက္လာႏုိင္ခဲ့သည္ကို ေတြ႕ရမည္ျဖစ္ၿပီး အနာဂတ္တြင္ autonomous နည္းပညာမွာ ကားအမ်ားစုတြင္ အဓိက ပါဝင္လာႏုိင္ေျခရိွေနသည္။
Volkswagen သည္ ဂ်ာမနီႏုိင္ငံ၊ ဝုဖ္ဘတ္ၿမိဳ႕တြင္ သိပၸံပညာရွင္မ်ားႏွင့္အတူ Autonomous ကားမ်ားတြင္ ကားမူးျခင္းကို ခံစားရျခင္းႏွင့္ ေအာ့အန္ျခင္းကို ေရွာင္လဲႊႏုိင္ရန္ ေလ့လာေနေၾကာင္း ထုတ္ျပန္ထားသည္။
ေမာင္းသူအေနျဖင့္ အရန္သင့္အေျခအေနတြင္ ေစာင့္ၾကည့္ေန႐ံုျဖင့္ အလိုအေလ်ာက္ေမာင္းႏွင္ႏုိင္မည့္ Autonomous ကားမ်ားတြင္ Volkswagen အေနျဖင့္ LED မီးသီးမ်ား၊ ေရြ႕လ်ားႏုိင္ေသာ ထုိင္ခံု၊ အာ႐ံုခံကိရိယာ မ်ားတပ္ဆင္ကာ ကားမူးျခင္းကို ကာကြယ္ႏုိင္ရန္ျပင္ဆင္ေနသည္။
စမ္းသပ္မႈမ်ားတြင္ ကား အေႏွးႏွင့္ အျမန္သြားရာတြင္ LED အနီႏွင့္ အစိမ္း အခ်က္ျပမႈမ်ား၊ ယာဥ္ေမာင္း၏ ႏွလံုးခုန္ႏႈန္းကို တိုင္းတာမည့္ အာ႐ံုခံကိရိယာမ်ား၊ အေရျပားအပူခ်ိန္တုိင္း အာ႐ံုခံကိရိယာမ်ားျဖင့္ ကာကြယ္ႏုိင္ရန္ျပင္ဆင္ေနသည္။
အဆုိပါစမ္းသပ္မႈ ေအာင္ျမင္ခဲ့ပါက Volkswagen ၏ Anti-Vomit နည္းပညာမွာ အနာဂတ္ Autonomous ကားမ်ားတြင္ ျမင္ေတြ႕လာရဖြယ္ရိွေနသည္။



Unicode Version…
အနာဂတ်မောင်းသူမဲ့ကားများတွင် ကားမူးခြင်းကို ကာကွယ်နိုင်ရန် Volkswagen စမ်းသပ်နေ
Volkswagen သည် အနာဂတ်တွင် သုံးစွဲသူများအကြား ပိုမိုရေပန်းစားလာမည့် Autonomous(မောင်းသူမဲ့) ကားများ၌ ကားမူးခြင်း(motion sickness) ကို ကာကွယ်နိုင်ရန် Anti-Vomit နည်းပညာကို စမ်းသပ်နေကြောင်းသိရသည်။
NIH(National Instiute of Health) ၏ စစ်ဆေးတွေ့ရှိချက်များအရ လူဦးရေ သုံးပုံပုံ တစ်ပုံမှာ ကားမူးခြင်းကို ကြုံတွေ့ရနိုင်ပြီး Autonomous(မောင်းသူမဲ့) ကားများတွင် အဆိုပါအခြေအနေကို ကြုံတွေ့ရနိုင်ကြောင်း သိရ သည်။
လက်ရှိတွင် ထိပ်တန်းကားကုမ္ပဏီများသည် အလိုအလျောက်မောင်းနှင်သည့်စနစ်ပါဝင်သော ကားများကို ဖြည်းဖြည်းချင်း မိတ်ဆက်လာနိုင်ခဲ့သည်ကို တွေ့ရမည်ဖြစ်ပြီး အနာဂတ်တွင် autonomous နည်းပညာမှာ ကားအများစုတွင် အဓိက ပါဝင်လာနိုင်ခြေရှိနေသည်။
Volkswagen သည် ဂျာမနီနိုင်ငံ၊ ဝုဖ်ဘတ်မြို့တွင် သိပ္ပံပညာရှင်များနှင့်အတူ Autonomous ကားများတွင် ကားမူးခြင်းကို ခံစားရခြင်းနှင့် အော့အန်ခြင်းကို ရှောင်လွဲှနိုင်ရန် လေ့လာနေကြောင်း ထုတ်ပြန်ထားသည်။
မောင်းသူအနေဖြင့် အရန်သင့်အခြေအနေတွင် စောင့်ကြည့်နေရုံဖြင့် အလိုအလျောက်မောင်းနှင်နိုင်မည့် Autonomous ကားများတွင် Volkswagen အနေဖြင့် LED မီးသီးများ၊ ရွေ့လျားနိုင်သော ထိုင်ခုံ၊ အာရုံခံကိရိယာ များတပ်ဆင်ကာ ကားမူးခြင်းကို ကာကွယ်နိုင်ရန်ပြင်ဆင်နေသည်။
စမ်းသပ်မှုများတွင် ကား အနှေးနှင့် အမြန်သွားရာတွင် LED အနီနှင့် အစိမ်း အချက်ပြမှုများ၊ ယာဉ်မောင်း၏ နှလုံးခုန်နှုန်းကို တိုင်းတာမည့် အာရုံခံကိရိယာများ၊ အရေပြားအပူချိန်တိုင်း အာရုံခံကိရိယာများဖြင့် ကာကွယ်နိုင်ရန်ပြင်ဆင်နေသည်။
အဆိုပါစမ်းသပ်မှု အောင်မြင်ခဲ့ပါက Volkswagen ၏ Anti-Vomit နည်းပညာမှာ အနာဂတ် Autonomous ကားများတွင် မြင်တွေ့လာရဖွယ်ရှိနေသည်။