Unicode version…
Volkswagen သည် ၎င်း၏ အထင်ရှားဆုံးသော Modern SUV ဖြစ်သည့် Touareg ၏ New Touareg အား ထူးခြားဆန်းသစ်သည့် ဒီဇိုင်းနှင့် High-Tech များ စုံလင်စွာဖြင့် မိတ်ဆက် လိုက်ပါသည်။ Volkswagen ၏ အဆိုအရ ယခု New Touareg အား အမေရိကန်နိုင်ငံသို့ တင်ပို့မည် မဟုတ်ဘဲ တရုတ်နိုင်ငံနှင့် ဥရောပဒေသနိုင်ငံများကိုသာ အဓိက တင်ပို့မည်ဟု ဆိုပါသည်။
New Touareg SUV တွင် တစ်ပေပတ်လည်ရှိသည့် Digital Cockpit Display နှင့် အလွန်ကြီးမားသည့် (၁၅ လက်မ ပတ်လည်ရှိသည့် Infotainment Screen)ပါရှိပါမည်။ အဆိုပါ Digital Cockpit Display တွင် ကားအတွင်း ထိန်းချုပ်စနစ်များကို စုံလင်စွာ ပြသထားမည်ဖြစ်ပြီး အသုံးပြုသူအနေဖြင့် Personalize လည်း ပြုလုပ်နိုင်မည်ဖြစ်၍ ယာဉ်မောင်းအတွက် အလွန် ထိရောက်သည့် စနစ်ပင်ဖြစ်ကြောင်း VW မှ ပြောကြားပါသည်။ ထို့အပြင် အထူးကောင်းမွန်သည့် Handling စွမ်းဆောင်ရည်အတွက် 4-Wheel Steering နှင့် လျှပ်စစ်စနစ်ဖြင့် ထိ်န်းချုပ်လှုပ်ရှား နိုင်မည့် Anti-roll bar များမှ အဓိက ဆောင်ရွက်ပေးပါမည်။ အလားတူ အထူးအဆင့်မြင့် လုံခြုံရေး ပါ၀င်မှုများ ဖြစ်ကြသည့် (ညကြည့် ကင်မရာစနစ်) (Front Cross – Traffic Assist), (LED Matrix Headlights), (Roadwork Lane Assist)တို့ အပါအဝင် ကား၏ Steering/ Brake/ နှင့် လီဗာတို့အား 0-37 mph မှစ၍ Semi-Autonomous အနေဖြင့် အသုံးပြုနိုင်သည့် Feature လည်း ပါရှိပါမည်။ ၎င်း၏ ကိုယ်ထည်အား အလူမီနီယံနှင့် High-Strength Steel တို့ဖြင့် ပေါင်းစပ်တည်ဆောက်ထားမည် ဖြစ်ပြီး လက်ရှိ Model ထက် 234 lbs ပို၍ ပေါ့ပါးမည်ဖြစ်ကာ (228 hp V6 Engine)နှင့် (282 hp V6 Engine)ဒီဇယ် အင်ဂျင်(၂)မျိုးနှင့် (33.5 hp V.6)ဓာတ်ဆီအင်ဂျင်တို့ ပါ၀င်မည်ဟု VW မှ ပြောကြားထားပါသည်။
Zawgyi version…