Volkswagen သည် T-Roc Cabriolet အား ၎င်း၏ Osnabruck စက်ရုံတွင် ထုတ်လုပ်မည်ဟု ပြောကြားလိုက်ပါသည်။ ၎င်းသည် Crossover ၏ Convertible Version အား အချိန်(၅)နှစ်ခန့်သာ ထုတ်လုပ်ရောင်းချမည်ဖြစ်သည်။ ခေါက်သိမ်းနိုင်သည့် အမိုးအား အနက်ရောင်သီးသန့်ဖြင့် တပ်ဆင်ထားမည်ဖြစ်ကာ (၉)စက္ကန့်အတွင်း ခေါက်သိမ်းနိုင်ပါမည်။ ခေါက်ထားသည့် အမိုး နေရာကြောင့် ပစ္စည်းထည့်နိုင်သည့် ဧရိယာသည် (15.7 Cubic Feet)ခန့်သာ ရရှိနိုင်ပါသည်။ ၎င်းတွင် အင်ဂျင်အနေဖြင့် (1.0 L Turbocharged I3 Engine)၊ (114 hp)နှင့် (1.5 L Turbocharged I4 Engine)၊ (148 hp) အင်ဂျင်တို့ ပါဝင်ပြီး (6-Speed Manual gear) နှင့် (7 Speed Dual Clutch) ဂီယာတို့ တွဲဖက်ထားပါသည်။ အတွင်းခန်းပုံစံနှင့် Ambient Lighting အရောင်(၄)မျိုး ရွေးချယ်နိုင်သည့် Style Package ပါဝင်မည်။ လူငယ်များအကြိုက် R-Line Model ကိုလည်း ထည့်သွင်းထားမည် ဖြစ်ပြီး ၎င်းတွင်အရှိန်နှုန်းအပေါ် မူတည်ပြီး တုန့်ပြန်သည့် Steering ၊ နှင်းခွဲမီး၊ Lowered Suspension၊ Sport Seats ၊ 17 inch Wheels စသည်တို့ပါဝင်မည်။ VW T-Roc တွင် အဆင့်မြင့်နည်းပညာသုံး Features များစွာပါဝင်ပြီး Online Access များကို SIM Card ဖြင့် အသုံးပြုနိုင်သည့် စနစ်အပါအဝင် ဘက်စုံသုံး Infotainment System အပါအဝင် 400 watt Beats Audio Stereo ကဲ့သို့ ပါဝင်မှုများ ထည့်သွင်းထားပါမည်။ Osnabruck စက်ရုံတွင် VW Beetle Cabriolet ကားများအား (1949-1980)အတွင်း ထုတ်လုပ်ခဲ့ပြီး Golf Cabriolet ၊ Porsche 356 ၊ 194 ၊ Boxster တို့ကိုလည်း ထုတ်လုပ်ဖူးပါသည်။

Zawgyi Version….
Volkswagen T-Rec Cabriolet အား Osnabruck တွင် ထုတ်လုပ်မည်