Unicode version…
Volkswagen သည် ၎င်း၏ ပထမဆုံး Pickup Truck Concept ဖြစ်သည့် Tarok Concept အား စတင်မိတ်ဆက်လိုက်ပြီး Production အနေဖြင့် ထုတ်လုပ်သွားမည်ဖြစ်သည်။ ၎င်းအား ( U.S Market ) သို့ တင်ပို့မည်မဟုတ်ပါ။ Tarok Concept သည် Concept Truck ဖြစ်ပြီး အင်ဂျင်အနေဖြင့် - ( 1.4 L TSI Flex fuel Engine ) ( 150 hp ) အင်ဂျင်နှင့် ( 6 – Speed Auto gear ) တို့အား တွဲဖက်တပ်ဆင်ထားမည်ဖြစ်ပြီး ( AWD System ) ကို အသုံးပြုထားမည်။ လောင်စာဆီအား ( အီသနော - Ethanol up to E 100 ) အထိအသုံးပြုနိုင်မည်ဖြစ်သည်။ အလားတူ ( 2.0 L Turbo diesel ) (150 hp ) အင်ဂျင်လည်းရရှိနိုင်ပါမည်။ ထို့အပြင် Loading Area မျိုးစုံဖန်တီးနိုင်မည့် Features လည်း Tarok Concept တွင် ထည့်သွင်းထားပြီး ၎င်းတို့တွင် - အနောက်ဖက် Cab အား ခေါက်သိမ်း၍ ကျယ်ဝန်းသည့် နေရာဖန်တီးခြင်း ၊ ( Up to 2,200 Ibs of payload ) အထိ ရရှိနိုင်ခြင်း ၊ အနောက်ဖက်ရှိ Bed အား ( 1206 mm ) မှ ( 1861 mm ) နှင့် ( 2775 mm ) အထိ အကျယ်များကို ပုံစံ ( ၃ ) မျိုးဖြင့် ပြုလုပ်နိုင်ခြင်း စသည်တို့လုပ်ဆောင်နိုင်ပါသည်။ ထိုသို့ အနောက်ဖက် Bed အား ပုံစံမျိုးစုံပြောင်းလဲခြင်းအား ( 1990 ) ပြည့်နှစ်များတွင် ထုတ်လုပ်ခဲ့သည့် Skoda ၏ Felicia Fun pickup မှ ပထမဆုံးတီထွင်ဖန်တီးခဲ့ပါသည်။ ၎င်းအား ထုတ်လုပ်ပြီးပါက လက်တင်အမေရိကနိုင်ငံများ သို့ အဓိက ဖြန့်ချီရောင်းချမည်ဖြစ်ပြီး ( U . S Market ) သို့ လက်တလောအနေဖြင့် ရောင်းချမည် မဟုတ်ပါ။ သို့သော် VW Atlas Tonosk Concept Model နှင့်အတူ Ford နှင့် ဖက်စပ်ဖန်တီး ထားသည့် VW Version of Ford Ranger တို့အား မြောက်အမေရိက စျေးကွက်တွင်ရောင်းချရန် VW မှ စီစဉ်ထား ပါသည်။









Zawgyi version…
Volkswagen သည္ ၎၏ ပထမဆုံး Pickup Truck Concept ျဖစ္သည့္ Tarok Concept အား စတင္မိတ္ဆက္လိုက္ၿပီး Production အေနျဖင့္ ထုတ္လုပ္သြားမည္ျဖစ္သည္။ ၎အား ( U.S Market ) သို႔ တင္ပို႔မည္မဟုတ္ပါ။ Tarok Concept သည္ Concept Truck ျဖစ္ၿပီး အင္ဂ်င္အေနျဖင့္ - ( 1.4 L TSI Flex fuel Engine ) ( 150 hp ) အင္ဂ်င္ႏွင့္ ( 6 – Speed Auto gear ) တုိ႔အား တြဲဖက္တပ္ဆင္ထားမည္ျဖစ္ၿပီး ( AWD System ) ကို အသုံးျပဳထားမည္။ ေလာင္စာဆီအား ( အီသေနာ - Ethanol up to E 100 ) အထိအသုံးျပဳႏိုင္မည္ျဖစ္သည္။ အလားတူ ( 2.0 L Turbo diesel ) (150 hp ) အင္ဂ်င္လည္းရရွိႏိုင္ပါမည္။ ထို႔အျပင္ Loading Area မ်ဳိးစုံဖန္တီးႏိုင္မည့္ Features လည္း Tarok Concept တြင္ ထည့္သြင္းထားၿပီး ၎တို႔တြင္ - အေနာက္ဖက္ Cab အား ေခါက္သိမ္း၍ က်ယ္၀န္းသည့္ ေနရာဖန္တီးျခင္း ၊ ( Up to 2,200 Ibs of payload ) အထိ ရရွိႏိုင္ျခင္း ၊ အေနာက္ဖက္ရွိ Bed အား ( 1206 mm ) မွ ( 1861 mm ) ႏွင့္ ( 2775 mm ) အထိ အက်ယ္မ်ားကို ပုံစံ ( ၃ ) မ်ဳိးျဖင့္ ျပဳလုပ္ႏိုင္ျခင္း စသည္တုိ႔လုပ္ေဆာင္ႏိုင္ပါသည္။ ထိုသုိ႔ အေနာက္ဖက္ Bed အား ပုံစံမ်ဳိးစုံေျပာင္းလဲျခင္းအား ( 1990 ) ျပည့္ႏွစ္မ်ားတြင္ ထုတ္လုပ္ခဲ့သည့္ Skoda ၏ Felicia Fun pickup မွ ပထမဆုံးတီထြင္ဖန္တီးခဲ့ပါသည္။ ၎အား ထုတ္လုပ္ၿပီးပါက လက္တင္အေမရိကႏိုင္ငံမ်ား သို႔ အဓိက ျဖန္႔ခ်ီေရာင္းခ်မည္ျဖစ္ၿပီး ( U . S Market ) သို႔ လက္တေလာအေနျဖင့္ ေရာင္းခ်မည္ မဟုတ္ပါ။ သို႔ေသာ္ VW Atlas Tonosk Concept Model ႏွင့္အတူ Ford ႏွင့္ ဖက္စပ္ဖန္တီး ထားသည့္ VW Version of Ford Ranger တို႔အား ေျမာက္အေမရိက ေစ်းကြက္တြင္ေရာင္းခ်ရန္ VW မွ စီစဥ္ထား ပါသည္။