ခေတ်ဟောင်းကားပုံစံ EV အဖြစ် ဖန်တီးထားသည့် Volkswagen Type 20 Concept
Zawgyi Version…….
Unicode Version…..
ေခတ်ဟောင်းကားပုံစံ EV အဖြစ် ဖန်တီးထားသည့် Volkswagen Type 20 Concept
————————————————————————–
Volkswagen သည် New All Electric Concept အား မိတ်ဆက်ပြသလိုက်ပြီး ၎င်းသည် VW ၏ ထင်ရှားသည့် ကားအများစုကို အခြေခံကာ ဖန်တီးထားခြင်းဖြစ်ကာ VW Type 20 ဟုခေါ်ဆိုသည်။ ၎င်းအား Transporter ၊ Komb ၊ (သို့) Microbus ဟူ၍လည်း လူသိများပါသည်။
VW Type 20 သည် 1962 ထုတ် VW Type 2, 11–window ကို အခြေခံထားခြင်းဖြစ်ပြီး ( 10 – K Wh battery ) နှင့်အတူ ( 210 hp Output ) ထွက်ရှိသည့် လျှပ်စစ်မော်တာတို့ တွဲဖက်တပ်ဆင်ထားပါသည်။
ထို့အပြင် ( Biometric identification) ( Built – in digital assistant ) စသည့် အဆင့်မြင့်နည်းပညာ များစွာလည်းပါရှိမည်ဖြစ်သည်။ ၎င်းသည် ဒီဇိုင်းအား ရှေးခေတ် Volkswagen ပုံစံအတိုင်းဖန်တီး ထားပြီး အထူးအားဖြင့် Organic Shape များအား မှန်များ ၊ ဘီးများ ၊ Steering ၊ ထိုင်ခုံများတွင် အသုံးပြုထားပါမည်။ အစိတ်အပိုင်းများကို ပါ့ပါးပြီး တောင့်တင်းခိုင်မာသည့် ဒီဇိုင်းများဖြင့် ပြုလုပ်ထား ပါသည်။ Infotainment စနစ်သည် များစွာရိုးရှင်းသည့် ပုံစံရှိပါမည်။
Suspension များသည် လေဖိအားဖြင့် လုပ်ငန်းဆောင်ရွက်သည့် အမျိုးအစားများဖြစ်ကြပြီး Porsche မှ ဒီဇိုင်းထုတ်ပေးခြင်း ဖြစ်သည်။ အဆိုပါ Concept အား အမေရိကန် ၊ California ရှိ Volkswagen Innovation and Engineering Center ၊ တွင် မိတ်ဆက်ခဲ့ပြီး အဆိုပါ IECC သည် မြောက်အမေရိက စျေးကွက်အတွက် အနာဂတ်ထုတ်ကားများကို အဓိကရည်ရွယ်ဖန်တီးသည့် ဌာနလည်းဖြစ်ပါသည်။
LEAVE A REPLY
Please enter your comment!
Please enter your name here