Swedish Made Volvo သည် EV အမျိုးအစား (၃) မျိုးဖြစ်သည့် – Volvo C 40 ၊ Volvo EX 90 ၊ တို့အား လက်ရှိတွင် မိတ်ဆက်ထားပါသည်။ ထို့အပြင် 2023 တွင် New Small EV Crossover အသစ်ကိုလည်း ဆက်လက်မိတ်ဆက်မည်ဖြစ်သည်။ Volvo သည် အနာဂတ်ထုတ်လုပ်မည့် EV Lineup Model များတွင် EX 90 ကဲ့သို့ EV Car အမျိုးအစားများကို စုံလင်စွာရွေးချယ်နိုင်ရန်အတွက် ရည်ရွယ်ခြင်းဖြစ်သည်။ Trend တခု ဖြစ်နေသည့် SUV Model များအတွက်လည်း – Small ၊ Medium ၊ Crossover ဟူ၍ ပုံစံ ( ၃ ) မျိုးရှိမည့် EV SUV များကို ပြည့်စုံစွာဖန်တီးရန်လည်း Volvo မှ စီစဉ်ထားပါသည်။ Volvo သည် အနာဂတ်ထုတ်လုပ်မည့် EV Saloon နှင့် EV Estate တို့ကိုလည်း တိုးချဲ့ဖန်တီးရန် စီစဉ်ထားပြီး Volvo Custom များအတွက် EV Car အမျိုးအစားများကို စုံလင်စွာ ရွေးချယ်နိုင်ရန်အတွက် ရည်ရွယ်ခြင်းဖြစ်သည်။
Volvo သည် အသစ်ဖန်တီးမည့် EV Model များ၏ Design တွင် Modern and Stylish ဆန်သည့် ဒီဇိုင်းအခင်းအကျင်းများကို ဦးစားပေးထားမည်ဖြစ်ပြီး နောက်ဆုံးပေါ်နည်းပညာများစွာကိုလည်း Update အနေဖြင့် ထည့်သွင်းပေးထားမည်ဖြစ်သည်။ EV ဆိုင်ရာအတွက် အရေးကြီးသည့် – Battery Pack ၊ Motor နှင့် Fast Dc Charging စသည့် အချက်များကိုလည်း ထိပ်တန်းအရည်အသွေးနှင့် စွမ်းဆောင်ရည်တို့ ရရှိနိုင်ရန်လည်း အားထုတ်မည်ဖြစ်သည်။ မကြာခင်က မိတ်ဆက်ထားသည့် Volvo EX 90 SUV အား New SP A2 Platform တွင်အခြေခံကာ ဖန်တီးထားပါသည်။ အလားတူ – အသစ်ထွက်ရှိသည့် Small SUV ကိုလည်း Volvo နှင့် Geely တို့ ပူးပေါင်း Develop ပြုလုပ်ထားသည့် SEA Architecture တွင်အခြေခံကာ ဖန်တီးပါမည်။ Volvo သည် ၎င်း၏ Model Lineup အားလုံးကို All EV အနေသို့ လာမည့်နှစ် အနည်းငယ်အတွင်း ပြောင်းလဲရန်လည်း စီစဉ်ထားပါသည်။
#DriveMediaMyanmar






