Unicode version…
ဆွီဒင်အခြေစိုက်ကမ္ဘာကျော် (Volvo)သည် (လျှပ်စစ်ကားများ)အား (Market Car) သီးသန့်အနေဖြင့် (2019)နှစ်မှစတင်ကာ ထုတ်လုပ်မည်ဟု မကြာသေးမီက ကြေငြာလိုက်ပါသည်။ အထူးသဖြင့် သမရိုးကျ လူစီးကားများမှ (Electric Vehicle) များပြောင်းလဲထုတ်လုပ်ခြင်း၏ ကနဦး(Brand)အနေဖြင့်လည်း ရည်ရွယ်ထားခြင်းဖြစ်သည်ဟု ထပ်လောင်းကြေငြာခဲ့ပါသည်။၄င်းအနေဖြင့် လက်ရှိတွင် အဓိက ထုတ်လုပ်သည့် (ICE) စနစ်ခေါ် (အတွင်းလောင်ကျွမ်းခြင်းဆိုင်ရာအင်ဂျင်) စနစ်သုံးကားများ၏ ထုတ်လုပ်မှု အား လက်လွှတ်မည်မဟုတ်သော်လည်း အနာဂတ်၏ (Volvo’s Industry) တွင် (လျှပ်စစ်ကား)များသည် ဦးဆောင် မည်ဖြစ်ပါသည်။
များစွာသော (မော်တော်ယာဉ်ဆိုင်ရာကျွမ်းကျင်သူများ)အနေဖြင့် အနာဂတ်၏ပို့ဆောင်ရေး ကဏ္ဍတွင် (လျှပ်စစ်သီးသန့်သုံး)(Autonomous Vehicle) များ၏ အခန်းကဏ္ဍသည် များစွာအရေးပါမည်ဟု ယုံကြည်ထား ပါသည်။ အဓိကအားဖြင့် မြို့ကြီးများထက် လူနေနည်းပါးသည့်ဒေသများတွင် အဆိုပါယာဉ်များအား ပိုမိုအသုံးပြု လာမည်ဖြစ်ပါသည်။(Volvo)အနေဖြင့် (2014) မှ (2021)အတွင်း (Fully Electric Vehicle)အမျိုးအစား (၅)မျိုး အားမိတ်ဆက်မည်ဖြစ်ပါသည်။ ၄င်းတို့တွင် (Plug – in Hybrid)၊ (Mild Hybrid) နှင့် (Fully Electric Car)များ ပါ၀င်ကြပါမည်။၄င်းတို့အနက် အမျိုးအစား(၃)မျိုးအား (Volvo)မှ ထုတ်လုပ်မည်ဖြစ်ပြီး (၂)မျိုးအား (Volvo)၏ (Performance car arm) ဖြစ်သည့် (Polestar)မှ ထုတ်လုပ်မည်ဖြစ်ပါသည်။အဆိုပါ (Brand)အား (Volvo)မှ ၄င်း၏ (Stand alone brand)အနေဖြင့် မကြာမီက မိတ်ဆက်ခဲ့ပြီး (Electrified Cars) များကိုသာ အဓိက ထုတ်လုပ်မည်ဖြစ်ပါသည်။
Volvo အနေဖြင့် 2025 ခုနှစ်အတွင်း (Electrified Car) အစင်းရေ (၁)သန်းခန့်ထုတ်လုပ်ရောင်းချနိုင် ရန် လျာထားပါသည်။ယခုရေးသားဖော်ပြသည့် (New Electric Model) (၅)မျိုးနှင့် စပ်လျဉ်းသည့် အချက်အလက်များအား မကြာမီကာလများတွင် ထုတ်ပြန်ကြေငြာသွားမည် ဖြစ်ပါသည်။
Zawgyi version…