Volvo V 60 Cross Country ၏ 2019 Model ထြက္ရွိ၍ လာပါၿပီ။

Unicode version…

Volvo ၏ New Midsize 2019 V 60 Wagon သည် လှပဆန်းသစ်သည့် ပုံစံဖြင့် ထွက်ရှိ၍ လာပါပြီ။ ၎င်း၏ နောင်တော်ဖြစ်သည့် V90 Wagon ၏ သင်္ကေတများကိုလည်း ရယူဖန်တီးထား ပါသည်။ Original Cross Country Model အား ( 1997 ) တွင် စတင်ထုတ်လုပ်ခဲ့ပြီး ( V 70 Platform ) ကို အခြေခံကာဖန်တီးခဲ့ပါသည်။ အထူးအားဖြင့် Volvo ၏ Crossover Country Model များသည် Car – based Wagon နှင့် Truck – Based Utility Vehicle ကားများ၏ ကြား အနေ အထားဖြင့် ထုတ်လုပ်ထားပြီး Subaru ၏ Legacy Based Model ဖြစ်သည့် Subaru Outback သည်လည်း ထိုပုံစံဖြစ်ပါသည်။ V60 Cross Country တွင် မြင့်မားသည့် Ground Clearance ရရှိစေ ရန် Suspension များ မြှင့်တင်ထားပြီး တောင်တက် / တောင်ဆင်းခရီးများ၌ ၀န်အပြည့်ဖြင့် ကျော်ဖြတ်နိုင်ရန် စီစဉ်ဖန်တီးထားပါသည်။ 2019 V60 Cross Country Model သည် Volvo V60 Wagon ထက် ( ၃ လက်မ ) ခန့်ပို၍ အလျားရှည်မည်ဖြစ်သည်။ အင်ဂျင်အနေဖြင့် ( 2.0L I4 Engine ) နှင့် ( AWD System ) တို့အား တွဲဖက်တပ်ဆင်ထားပါမည်။ ( Mild – Hybrid ) နှင့် ( Plug – in Hybrid ) အင်ဂျင်များကို များမကြာမီဆက်လက်ထည့်သွင်းမည်ဖြစ်သည်။ ၎င်းတွင် ( Hill – descent Control ) နှင့် ( Off – road driving made ) ကဲ့သို့ အထူးအခြေအနေသုံး စနစ်များလည်း ပါ၀င် ပါမည်။ အတွင်းခန်းဖွဲ့စည်းမှုသည် V60 Model နှင့် တူညီမှုရှိမည်ဖြစ်ပြီး Volvo ၏ ထူးခြားသည့် ဒီဇိုင်းဖန်တီးမှုများဖြင့် ပြုလုပ်ထားပြီး Apple Car Play / Android Auto ၊ Volvo’s City Safety With Autobrake စသည်တို့လည် Standard အနေဖြင့် ပါရှိပါမည် ။ ထို့အပြင် – (Run Off Road Mitigation ) ( On come Lane Mitigation – မျက်နှာချင်းဆိုင်ယာဉ်ကျောမှလာမည့် ယာဉ်များကို တိုင်းတာခြင်း ) ၊ ( Cross – traffic Alert ) စသည့် ထူးခြားသည့် ပါ၀င်မှုများလည်းပါရှိပါသည်။

Zawgyi version…


LEAVE A REPLY

Please enter your comment!
Please enter your name here