Unicode version….
Volvo ၏ ပထမဆုံးသော 3-Cylinder Drive –E Engine အား XC 40 Model တွင် စတင် မိတ်ဆက်ထည့်သွင်းမည်ဖြစ်ပြီး အဆိုပါ XC 40 သည်လည်း Compact Modular Architecture ၏ Platform အား ပထမဆုံး အခြေခံ ဖန်တီးခြင်း ဖြစ်ပါသည်။ ယခုအင်ဂျင်အမျိုးအစား အသစ်သည် (၉၁)နှစ်ခန့်ရှိသည့် Volvo သမိုင်းတွင် ပထမဆုံးဖြစ်ပြီး မကြာမီထုတ်လုပ်သည့် PHEV XC 40 ကားတွင် ထည့်သွင်းရန်အတွက် ဒီဇိုင်းထုတ်ထားခြင်းဖြစ်ပြီး အဆိုပါ Model သည် လျှပ်စစ်သီးသန့်ဖြင့် မောင်းနှင်နိုင်ပါသည်။ ယခု I3 Engine သည် (1.5 L Direct Injection Engine)ပုံစံဖြစ်ပြီး (6-Speed Manual Gearbox)ဖြင့် တွဲဖက်ထားမည်ဟု Volvo မှ ပြောကြားထားပါသည်။ ထို့အပြင် ၎င်း၏ Modular Design ကိုလည်း I4-Drive-E အင်ဂျင်များနှင့် တူညီသည့် Production Line ဖြင့် ဖန်တီးထားပါသည်။ အဆိုပါ I3 Engine နှင့်တွဲစပ်ထားသည့် လျှပ်စစ်မော်တာသည် ကားအရှေ့ဖက် ၀န်ရိုးနေရာ၌ တည်ရှိသည့်အတွက် Engine အား ထိုသို့ ကျစ်လစ်စွာ ဖန်တီးရခြင်း ဖြစ်ပါသည်။ ထို့အတူ ဆီစားနှုန်းကိုလည်း ပို၍ သက်သာစေမည် ဖြစ်သည်။ PHEV အမျိုးအစား XC 40 Model သည် လျှပ်စစ်သီးသန့်ဖြင့် ခရီးမိုင် (၃၁၀ မိုင်)အထိ အသုံးပြုနိုင်ပါမည်။ XC 40 New Model တွင် အထက်ပါ I3 Engine အပြင် (D3 5-Cylinder Diesel Engine )နှင့် (T4 Gasoline Engine)များကိုလည်း အပိုဆောင်း ရရှိနိုင်ပါမည်။ ထို့အပြင် XC 40 Inscription)ကိုလည်း ရရှိနိုင်မည်ဖြစ်ပြီး ၎င်း Train တွင် Model-Specific Body Color/Mesh Grille/ Crystal Gear Box အမျိုးအစား/ Driftwood Inaly/ အစရှိသည့် ထူးခြားသည့် ပါ၀င်မှုများ ပါရှိပါမည်။အဆိုပါ Model များအား ယခုနှစ်ကုန်ခန့်တွင် စတင်၍ ရောင်းချနိုင်ဖွယ် ရှိသည်ဟု Volvo မှ ပြောကြားထားပါသည်။
Zawgyi verson….