Zawgyi version…
ကမ္ဘာကျော် ဇိမ်ခံကားများကို ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလျက်ရှိသည့် ဆွီဒင်နိုင်ငံ အခြေစိုက် Volvo Cars Group ၏ နောက်ဆုံးပေါ် မျိုးဆက်သစ် 2018 XC60 Premium SUV အား မြန်မာနိုင်ငံ ဈေးကွက်သို့ ရန်ကုန်မြို့၊ ပြည်လမ်းရှိ Lotte Hotel ၌ မီဒီယာရှင်းလင်းပွဲ ကျင်းပပြုလုပ်ပြီး မိတ်ဆက်ပေးခဲ့သည်။
ကမ္ဘာကျော် ဇိမ်ခံကားများကို ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလျက်ရှိသည့် ဆွီဒင်နိုင်ငံ အခြေစိုက် Volvo Cars Group ၏ နောက်ဆုံးပေါ် မျိုးဆက်သစ် 2018 XC60 Premium SUV အား မြန်မာနိုင်ငံ စျေးကွက်သို့ ရန်ကုန်မြို့၊ ပြည်လမ်းရှိ Lotte Hotel ၌ မီဒီယာရှင်းလင်းပွဲ ကျင်းပပြုလုပ်ပြီး မိတ်ဆက်ပေးခဲ့သည်။
“ကျွန်တော်တို့ အနေနဲ့ နည်းပညာပိုင်းမှာ ကမ္ဘာ့ထိပ်တန်းအဆင့်လို့ သတ်မှတ်လို့ရတဲ့ မျိုးဆက်သစ် 2018 XC60 Premium SUV ကို မြန်မာနို်င်ငံ စျေးကွက်မှ ကားချစ်သူ များအတွက် ဒီနေ့မှာ မိတ်ဆက်ပေးခွင့် ရတဲ့အတွက် အလွန်ဝမ်းသာပါတယ်။ Volvo ဟာ ခေတ်မီဆန်းသစ်တဲ့၊ ဆွဲဆောင်မှု ရှိတဲ့၊ နည်းပညာပိုင်း အဆင့်မြင်တဲ့ Premium အဆင့် SUV များကို အစဉ်တစ်စိုက် ထုတ်လုပ် ရောင်းချ ပေးခဲ့တဲ့ သမိုင်းကြောင်း ရှိပါတယ်။ ယခု ၂၀၁၈ မော်ဒယ် XC60 ဟာ ဆိုရင်လည်း ဒီဇိုင်းပုံစံ အသစ်စက်စက် အနေနဲ့ ပွဲထွက်လာတာဖြစ်ပြီး မြန်မာနိုင်ငံမှ ကားချစ်သူများ အတွက် အိမ်သုံး၊ ရုံးသုံး၊ လုပ်ငန်းသုံး အဖြစ် သုံးစွဲနိုင်မှာဖြစ်ပြီး ချွင်းချက်မရှိ ပြီးပြည့်စံမှုကို ရရှိစေမှာ ဖြစ်ပါတယ်။ 2018 XC60 Premium SUV ဟာ ကျွန်တော်တို့ Volvo ရဲ့ အနာဂတ်ကို လှမ်းချီနေတဲ့ စီမံကိန်းရဲ့ ကြီးမားတဲ့ ခြေလှမ်းတစ်ခုပဲ ဖြစ်ပါတယ်။“ ဟု Volvo Cars Myanmar ၏ General Manager ဖြစ်သူ Mr. Temmy Wiradjaja က ပြောကြားခဲ့သည်။
Volvo ကားများကို မြန်မာနိုင်ငံ ကားစျေးကွက်သို့ Performance Auto International Co., Ltd. မှ ရန်ကုန်မြို့၊ ဓမ္မစေတီလမ်းရှိ Volvo Center ဖွင့်လှစ်ခြင်းနှင့်အတူ ၂၀၁၆ ခုနှစ်တွင် စတင်ဝင်ရောက် လာခဲ့သည်။ ဤ Volvo Center သည် ဆွီဒင်အခြေစိုက် Volvo ကားအုပ်စု၏ လက်လီရောင်းချမှုပုံစံ လမ်းညွှန်ချက်များနှင့် အညီ ဒီဇိုင်းပုံဖော် ဖန်တီး တည်ဆောက်ဖွင့်လှစ်ထားခြင်း ဖြစ်ပြီး မြန်မာနိုင်ငံရှိ ကားချစ်သူများအတွက် 2018 XC60 Premium SUV အပါအဝင် Volvo ကားအုပ်စုမှ ထုတ်လုပ်သည့် ထိပ်တန်းအဆင့်မြင့် မော်တော်ယာဉ်များကို ရောင်းချပေးလျက် ရှိနေသည်။
လုံခြုံစိတ်ချရမှုနှင့် ဇိမ်ခံနည်းပညာ အသစ်များ
အသစ်စက်စက် XC60 သည် အဆင့်မြင့် နည်းပညာများဖြင့် ထည့်သွင်းထုတ်လုပ်ထားပြီး ကမ္ဘာပေါ်တွင် လုံခြံုစိတ်ချရမှု အရှိဆုံး မော်တော်ယာဉ်များထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ Steer Assist လုပ်ဆောင်မှု ထည့်သွင်းထုတ်လုပ်ထားသည့် ထူးခြားဆန်းသစ်သည့် City Safety စနစ်ပါရှိသည်။
လုံခြံုစိတ်ရမှု နည်းပညာအသစ် Oncoming Lane Mitigation စနစ်သည် Steer Assist လုပ်ဆောင်မှုကို အသုံးပြုပြီး ခေါင်းခြင်းဆိုင် တိုက်ခိုက်မှုကို ကာကွယ်ပေးနိုင်သလို Blind Spot Monitoring System (BLIS) သည်လည်း Steer Assist လုပ်ဆောင်မှုကို အသုံးချပြီး လမ်းကြောင်းပြောင်းလဲစဉ် မြင်ကွင်းကွယ်ခြင်းကြောင့် ဖြစ်ပွားသည့် မတော်တဆမှုများ ဖြစ်ပွားခြင်းကို သိသာစွာ လျော့နည်းစေနိုင်သည်။
နောက်ဆုံးပေါ် Pilot Assist နည်းပညာသည် အဆင့်မြင့် တစ်စိတ်တစ်ပိုင်း အလိုအလျောက် မောင်းနှင်မှုစနစ်ဖြစ်ပြီး ထိန်းချုပ်မောင်းနှင်မှု၊ ကားအမြန်နှုန်းနှင့် ဘရိတ်ဖမ်းခြင်း တို့ကို ဖြတ်မျဉ်းများ ထင်ရှားစွာ ပေါ်လွင်သည့် လမ်းမများတွင် ကီလိုမီတာ၁၃ မိုင်နှုန်း အထိ မောင်းနှင်စဉ် အသုံးပြုနိုင်မည် ဖြစ်သည်။
စွမ်းဆောင်ရည်အပိုင်း
မြန်မာနိုင်ငံ စျေးကွက်တွင် ရောင်းချပေးသွားမည့် XC60 Premium SUV များတွင် Volvo ၏ ဆုတံဆိပ်ရ ထိပ်တန်းအဆင့်မြင့် T6 ဓာတ်ဆီအင်ဂျင် တပ်ဆင်ပေးထားပြီး မြင်းကောင်ရေ ၃၂၀ အား ထုတ်လုပ် ပေးမည်ဖြစ်သည်။
အသစ်စက်စက် XC60 သည် စက်ခန်းတွင်း၌သာ စွမ်းဆောင်ရည် ကောင်းမွန်ရုံမဟုတ်ပဲ လိုက်ပါ စီးနင်းသူများအတွက် အထူးတလည် သက်တောင့်သက်သာ ရှိစေရန် ဖန်တီးထုတ်လုပ် ထားသည်။ အသစ်ထည့်သွင်းပေးထားသည့် CleanZone ဇုံ (၄) ခု အပူအအေး ထိန်းချုပ်စနစ် (Four-Zone Climate Control System) သည် ကျန်မားရေးအတွက် ဆိုးကျိုးပေးသည့် ဖုန်မှုန်များ၊ ညစ်ညမ်း ဒြပ်ဝတ္ထုများကို လေထုတွင်းမှ ဖယ်ရှားပေးနိုင်ပြီးသာယာလှပသည့် စကင်ဒီနေးဗီးယား (Scandinavian) မှ သန့်ရှင်းကြည်လင်သည် လေကို ရှုရှိုက်ရသည့်အလား ခံစားရရှိစေမည် ဖြစ်သည်။
လက်မှုအနုပညာမြောက် ဖန်တီးမှု
XC60 သည် အခြားသော ကားများကို ဂရုစိုက်နေစရာမလိုပဲ စိတ်ချလုံခြံုစွာဖြင့် လိုက်ပါစီးနင်း မောင်းနှင်နိုင်ရန် ဖန်တီးထားသလို ဒီဇိုင်းပုံစံ အနေဖြင့်လည်း လက်မှုအနုပညာမြောက်စွာ ပုံဖော်ထုဆစ် ထားသည့် အလား ထင်မှတ်မှားစေနိုင်သည့် Premium SUV တစ်စီးဖြစ်သည်။ ကား၏ အတွင်းပိုင်းသည်လည်း လှပသေသပ်ပြီး ဆွဲဆောင်မှုရှိသည့် အဆင့်မြင့် ပစ္စည်းများကို အသုံးပြုထားပြီး ဗိသုကာ ပညာရှင်တစ်ဦးက အချိန်ယူ ဖန်တီးထားမှုပုံစံကို နောက်ဆုံးပေါ် နည်းပညာများဖြင့် ထပ်ဆောင်း မွန်းမံပေးထားသည့် ညီညွှတ်မျှတသည့် ဖန်တီးမှုတစ်ခုပင် ဖြစ်သည်။
အထက်ပါကဲ့သို့သော လှပသေသပ်ပြီး ဆွဲဆောင်ရည်အပြည့်ရှိသလို စွမ်းဆောင်ရည်ပိုင်း၊ နည်းပညာ အပိုင်းနှင့် လုံခြံုစိတ်ချရမှု အပိုင်းများတွင် ထိပ်တန်းအဆင့်ရှိ ၂၀၁၈ မော်ဒယ် XC60 Premium Mid-Size SUV အား မကြာမီ စတင်ရောင်းချ ပေးသွားတော့မည် ဖြစ်သည်။ ထို XC 60 ကို USD 115000 မှစတင်ပြီးဝယ်ယူနိုင်ပြီဖြစ်ပါသည်။