Volvo ကားများကို တရားဝင်ရောင်းချနေသည့် Performance Auto Internationa ကုမ္ပဏီသည် Premium Small SUV ဖြစ်သည့် XC-40 ကို မနေ့က ကျင်းပပြုလုပ်နေသည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာကားပြပွဲ(Yangon International Motor Show)တွင် တရားဝင်မိတ်ဆက်သွားခဲ့သည်။
Volvo Myanmar မှ မိတ်ဆက်လိုက်သည့် ၂၀၂၀ မော်ဒယ်သစ် XC40 T3 R-design သည် Volvo ရဲ့နောက်ဆုံးပေါ်နည်းပညာ ဒီဇိုင်း၊ နည်းပညာ၊ လုံခြုံမှုနှင့် စွမ်းဆောင်ရည်များကို ဖြည့်ဆည်းထားသည့် SUV ကားတစ်စီးဖြစ်သည်။
Volvo XC40 T3 R-design သည် Safety အဖြစ်ဆုံးကား Brand ဟူသော ဂုဏ်ပုဒ်နဲ့အညီ New City Safety System ဖြစ်သည့် Oncoming Lane တွင် မျက်နှာချင်းဆိုင်ကားတိုက်မှုများကို လျှော့ချနိုင်ရန် Steer Assist ကို ထည့်သွင်းထားပြီး Volvo’s Blind Spot Information System(BLIS) တွင်လည်း လမ်းကြောင်းအပြောင်းအလဲ လုပ်ရာတွင် နောက်တွင်ပါရှိသောကားကို အန္တရာယ်ကင်းစွာ ကျော်တက်နိုင်ရန် အချက်ပြသည့် Steer Assist Function ကို ထည့်သွင်းထားသည်။
အသစ်မိတ်ဆက်လိုက်သည့် XC40 T3 R-design သည် 1.5 Litre turbocharged petrol Engine ကို တပ်ဆင်ထားပြီး မြင်းကောင်ရေ 150 hp ထိ ထုတ်ပေးနိုင်မည်ဖြစ်ပြီး အပြင်ဘက်မှ အန္တရာယ်ရှိသော လေထုညစ်ညမ်းမှုများနှင့် အမှုန်များကို ဖယ်ရှားပေးနိုင်ကာ အတွင်းဘက်ကိုလည်း Scandinavian-fresh air ကို ပေးစွမ်းနိုင်သော “Clean Zone” a two-zone electronic climate control system ပါဝင်သည်။
Volvo Myanmar မှ အသစ်မိတ်ဆက်လိုက်သည့် XC40 T3 R-design မော်ဒယ်ကို အမေရိကန် ဒေါ်လာ(၈၀,၀၀၀) ဖြင့် ရောင်းချသွားမည်ဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာကားပြပွဲ Yangon International Motor Show 2020 တွင်လည်း Volvo Brand New ကားများကို အထူးအစီအစဉ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version…
Volvo Myanmar မွ ျပည္တြင္းေစ်းကြက္အတြင္း XC40 ကို တရားဝင္မိတ္ဆက္
Volvo ကားမ်ားကို တရားဝင္ေရာင္းခ်ေနသည့္ Performance Auto Internationa ကုမၸဏီသည္ Premium Small SUV ျဖစ္သည့္ XC-40 ကို မေန႔က က်င္းပျပဳလုပ္ေနသည့္ ရန္ကုန္အျပည္ျပည္ဆုိင္ရာကားျပပဲြ(Yangon International Motor Show)တြင္ တရားဝင္မိတ္ဆက္သြားခဲ့သည္။
Volvo Myanmar မွ မိတ္ဆက္လိုက္သည့္ ၂၀၂၀ ေမာ္ဒယ္သစ္ XC40 T3 R-design သည္ Volvo ရဲဲ႕ေနာက္ဆံုးေပၚနည္းပညာ ဒီဇုိင္း၊ နည္းပညာ၊ လံုၿခံဳမႈႏွင့္ စြမ္းေဆာင္ရည္မ်ားကို ျဖည့္ဆည္းထားသည့္ SUV ကားတစ္စီးျဖစ္သည္။
Volvo XC40 T3 R-design သည္ Safety အျဖစ္ဆံုးကား Brand ဟူေသာ ဂုဏ္ပုဒ္နဲ႔အညီ New City Safety System ျဖစ္သည့္ Oncoming Lane တြင္ မ်က္ႏွာခ်င္းဆုိင္ကားတုိက္မႈမ်ားကို ေလွ်ာ့ခ်ႏိုင္ရန္ Steer Assist ကို ထည့္သြင္းထားၿပီး Volvo’s Blind Spot Information System(BLIS) တြင္လညး္ လမ္းေၾကာင္းအေျပာင္းအလဲ လုပ္ရာတြင္ ေနာက္တြင္ပါရိွေသာကားကို အႏၱရာယ္ကင္းစြာ ေက်ာ္တက္ႏုိင္ရန္ အခ်က္ျပသည့္ Steer Assist Function ကို ထည့္သြင္းထားသည္။
အသစ္မိတ္ဆက္လုိက္သည့္ XC40 T3 R-design သည္ 1.5 Litre turbocharged petrol Engine ကို တပ္ဆင္ထားၿပီး ျမင္းေကာင္ေရ 150 hp ထိ ထုတ္ေပးႏုိင္မည္ျဖစ္ၿပီး အျပင္ဘက္မွ အႏၱရာယ္ရိွေသာ ေလထုညစ္ညမ္းမႈမ်ားႏွင့္ အမႈန္မ်ားကို ဖယ္ရွားေပးႏိုင္ကာ အတြင္းဘက္ကိုလည္း Scandinavian-fresh air ကို ေပးစြမ္းႏုိင္ေသာ “Clean Zone” a two-zone electronic climate control system ပါဝင္သည္။
Volvo Myanmar မွ အသစ္မိတ္ဆက္လိုက္သည့္ XC40 T3 R-design ေမာ္ဒယ္ကို အေမရိကန္ ေဒၚလာ(၈၀,၀၀၀) ျဖင့္ ေရာင္းခ်သြားမည္ျဖစ္ၿပီး ရန္ကုန္အျပည္ျပည္ဆုိင္ရာကားျပပြဲ Yangon International Motor Show 2020 တြင္လည္း Volvo Brand New ကားမ်ားကို အထူးအစီအစဥ္ျဖင့္ ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။