Unicode Version
ကမ္ဘာကျော်ဇိမ်ခံအဆင့်မြင့်ကားတွေကို ထုတ်လုပ်နေတဲ့ Volvo ကသူတို့ရဲ့ နည်းပညာအစွမ်းကိုထပ်မံချပြလိုက်တာက တော့ XC40 luxury small suv မှာဖြစ်ပါတယ်။ ဒီကားက ၂၀၁၇ နိုဝင်ဘာလမှာစတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ဈေး ကွက် အတွင်းကိုတော့ဒီနှစ်နှစ်စပိုင်းရောက်မှ စတင်ဖြန့်ချိခဲ့တာပါ။ ပြီးတော့ ချက်ချင်းဆိုသလိုပဲ European Car of the Year ဆုကိုရယူနိုင်လိုက်တာကိုကြည့်မယ်ဆိုရင် XC40 ကဘယ်လောက်စွမ်းအားမြင့်သလဲဆိုတာ သိနိုင်ပါလိမ့်မယ်။ သူ့အရင် Volvo မှာ XC 90နဲ့ XC60 လိုSUV တွေထွက်ရှိထားပြီး XC40 ကအရွယ်အားဖြင့်တော့ သေးငယ်ပါတယ်။ဒါပေမဲ့ ဒီဇိုင်း ပိုင်းနဲ့ အခြားပိုင်းတွေမှာ ပိုပြီးဆန်းသစ်သွားသလို ပိုပြီးလည်း Sport ပိုဆန်သွားတာကို တွေ့ရပါတယ်။ အခုဆိုရင် ပြည် တွင်းဈေးကွက် အတွင်းမှာရောက်ရှိနေပြီဖြစ်တဲ့ XC40 R-Design ကိုစမ်းသပ်မောင်းနှင်ထားတာကို ပရိသတ်ကြီးအတွက် ပြန်လည် မျှဝေချင်ပါတယ်။

အပြင်ဘက်ပိုင်း
သူ့ရဲ့ရုပ်သွင်က အရင်သူ့ရဲ့နောင်တော်တွေဖြစ်တဲ့ XC 90, XC60 တို့နဲ့ဆင်တူတယ်လို့ထင်ရပေမယ့် တကယ်တမ်း သေချာကြည့်ရင် သူ့ပုံစံက ပိုပြီးတော့ စပေါ့ပိုဖြစ်သလို ပိုပြီးတော့ကျစ်လျစ်တဲ့ဒီဇိုင်းမျိုးဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်။ သူ့ရဲ့ပုံစံကိုက စက်ရုပ်အငယ်စားတစ်ကောင်လိုဖြစ်နေပြီး ရှေ့မီးကြီးတွေက Thor ရဲ့ hammer ပုံစံမျိုးပဲအသွင် ယူထားပါတယ်။ ပြီးတော့ ပျားအုံပုံစံအနက်ရောင်ရှေ့ရှဲတွေနဲ့လှပစွာပုံဖော်ထားပါတယ်။ အချိုးအဆစ်တွေက လေ ခွင်းအားကောင်းအောင်ပြုလုပ်ထားတဲ့ ပုံစံပေါက်နေပြီး နောက်ဘက်မီး ဒီဇိုင်းကလည်း အတော်လေးဆန်းသစ် ထားပါတယ်။ နောက်ဘက်မီးဒီဇိုင်းက XC60 နဲ့ဆင်တူတဲ့ပုံစံပေါက်နေပေမယ့် သူက ဘေးဘက်ဘော်ဒီပေါ်အထိရှည် လျားတဲ့ပေါင်းစပ်မီးတွေက ရောက်ရှိသွားမျိုးဖြစ်နေပါတယ်။ပြီးတော့ နောက်ဖုံးပေါ်မှာ နံပါတ်ပြားမထားရှိတော့ဘဲ အောက်ဘက်ကိုထားလိုက်တော့ သီးသန့်ပုံစံမျိုးပေါက်သွားတယ်။ Dual Exhaust ပုံစံပဲ လုပ်ထားသလို dynamic alloy wheel တွေကိုသုံးထားလို့ ရုပ်ထွက်ကပိုပြီး လန်းနေတာကို တွေ့ရမှာဖြစ် ပါတယ်။နောက်ပြီး နောက်ဖုံးက လက်နဲ့ကိုင်ဖွင့်စရာမလိုတဲ့ စနစ်မျိုးလည်း ပါဝင်ဦးမှာပါ။ လက်ရှိပြည်တွင်းဈေးကွက်မှာ R-Design နဲ့ Momentum ဆိုပြီး Trim ၂ မျိုးရှိတယ်။ R-Design မှာ တောက်ပြောင်ချောမွေ့တဲ့ အနက်ရောင်ဖရိန်နဲ့ လုပ် ထားတဲ့ ရှေ့ရှဲတွေပါလာမယ်။ စပေါ့ Chassis ဖြစ်သွားမယ်။ LED နှင်းခွဲမီးတွေပါလာမယ်။ ၁၉လက်မအလွိုင်းဝှီးတွေ၊ပြီးတော့C Pillar R –design moulding တွေပါဝင်လာတယ်။ Roof Spoiler လည်းပါတာမို့ လုံးဝကိုလန်းတဲ့ရုပ်ထွက်မျိုးပိုင်ဆိုင်ထားတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

အတွင်းခန်း
အတွင်းခန်းက လူ ၅ ဦးသက်သောင့်သက်သာလိုက်ပါနိုင်ဖို့ ကျယ်ဝန်းမှုရှိတယ်။ အကောင်းစား Nappa လည်သာတွေနဲ့ ချုပ်လုပ်ထားတဲ့ ထိုင်ခုံတွေပါသလို ရှေ့ခုံ၂ ခုံကိုMemory ပါတဲ့(Drive ခုံမှာသာပါရှိ)မော်တာနဲ့ လိုသလိုချိန်ညှိနိုင်ပါ တယ်။ သပ်ရပ်လှပစွာဖန်တီးထားသော အတွင်းခန်းဖွဲ့စည်းပုံတွေက XC 60 ,90 တို့နဲ့ဆင်တူပါတယ်။ အရင်ဆုံးပြောလိုတာက အကောင်းစားလည်သာသုံး စတီယာရင်ဖြစ်ပြီး သူ့မှာ R-Design အတွက် Sport Steering Wheel ပါရှိပြီး gearshift paddles ကိုပါတွဲစပ်ပေးထားပါတယ်။ စတီယာရင်မှာလည်း ဖုန်း၊အော်ဒီယို၊လမ်းကြောင်းပြစနစ်၊ Cruise Control တွေကိုထိန်းချုပ်နိုင်မယ့် Button တွေပါဝင်ဦးမှာဖြစ်ပါတယ်။ ရှေ့လက်တင်ခုံ၊နောက်လက်တင်ခုံ၊ခွက် ထည့်စရာနေရာ တွေ ပါဝင်ပါတယ်။ နောက်ပြီး Dashboard အရည်အသွေးကလည်း အကောင်းစား Material တွေသုံးထားလို့ ကားကောင်း တစ်စီးရဲ့ဝိသေသတွေ ထင်ဟပ်ပေါ်လင်စေမှာဖြစ်ပါတယ်။ နောက်တစ်ခုက အရင် SUV မော်ဒယ်တွေမှာလို စပီကာတွေကို ကားတံခါးဘေးဘက်တွေမှာမထည့်သွင်းတော့ဘဲ Space တွေများများပါအောင်ပဲ စပီကာကို Dashboard ပေါ်ထားထားတာတွေ့ရပါတယ်။ ဒါကြောင့် ဖန်တီးမှုအသစ်ဖြစ်တဲ့ air-ventilated woofer နဲ့အတူ အကောင်းဆုံး သောအသံတွေကိုနားဆင်နိုင်မှာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ Volvo ရဲ့ပြောင်မြောက်တဲ့ နည်းပညာတွေထဲမှာတစ် ခုအပါအဝင်ဖြစ်တဲ့ 12.3″ Digital Driver Display ဖြစ်တဲ့ကြည်လင်ပြတ်သားမှုရှိပြီး ကားမောင်းအတွက်လိုအပ်တဲ့ information တွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ နောက်ပြီး Touch စနစ်နဲ့ Tablet လိုအသုံးချနိုင်မယ့် ၉ လက်မ မော်နီတာပါဝင်ပြီး အဲဒီမှာတော့ User Profile, Entertainment, Navigation Pro , Connectivity and Service , Asean Map , လမ်းအခြေအနေပြစနစ်။ဖုန်းခေါ်ဆိုမှုတွေ စတဲ့အချက်တွေကိုဖော်ပြပေးမှာဖြစ်ပြီး သာမန်ဖုန်းတစ်လုံးသုံးစွဲသလိုမျိုး လွယ် ကူစေမှာပါလို့ Volvo ကဆိုထားပါတယ်။ အဲဒီအပြင် Apple CarPlay , Android smartphonesတွေနဲ့ ချိတ် ဆက်အသုံးပြုနိုင်ပါသေးတယ်။ Air Con စနစ်ကလည်း Dual Zone ကိုသုံးထားပြီး လေကိုသန့်စင်ပေးတဲ့စနစ်ကို သုံးထားလို့ Scandinavian ရဲ့လတ်ဆက်သန့်ရှင်းတဲ့လေအေးတွေကို ရှူရှိုက်ရသလိုအထိအတွေ့ ကိုခံစားနိုင်မှာဖြစ်ပါ တယ်။ အပြင်ဘက်က ပတ်ဝန်းကျင် ကိုခံစားနိုင်ဖို့လည်း မြင်ကွင်းကျယ် Panoramic Sunroof လည်းပါဝင်ပါသေးယ်။ နောက်ဘက်မှာ ကျယ်ဝန်းတဲ့ Cargo Space ပါရှိပြီး ဒုတိယခုံတန်းကိုလည်းလိုသလိုခေါက်သိမ်းနိုင်ပါသေးတယ်။ ပြီးတော့ Power Tailgate စနစ်ဖြစ်လို့ အဆင့်အတန်းမြင့်တဲ့ စီးနင်းမောင်းနှင်မှုကို ရရှိနိုင်မှာဖြစ်ပါတယ်။
အင်ဂျင်နဲ့စွမ်းဆောင်ရည်ပိုင်း
XC 40 မှာ 2.0-litre turbocharged T5 petrol engine ကိုသုံးထားပြီး အော်တိုဂီယာ ၆ ချက်ဖြစ်ပါတယ်။ စွမ်းအင်ထွက်ရှိမှုအနေနဲ့ မြင်းကောင်ရေ 247 HP (182 kW) @ 500 rpm နဲ့ Toque က 350 Nm @1800-4800 rpm တို့ဖြစ်ပါတယ်။ အရှိန်အမြန်ဆုံးမောင်းနှင်နိုင်မှုအနေနဲ့ 0 to 100 km ကိုအချိန် ၆စက္ကန့်ခွဲကြာမှာဖြစ်ပြီး တစ်နာရီကို ကီလို ၂၃၀ ရောက်အောင်မောင်းနှင်နိုင်မှာဖြစ်ပါတယ်။ AWD စနစ်ဖြစ်ပြီးဆီစားနှုန်းကတော့ မြို့တွင်းကို 7.1 L/100km နဲ့ မြို့ပြင်ကို 6 L/100km ဖြစ်လို့ဆီစားလည်း သက်သာတယ်လို့ဆိုရမှာဖြစ်ပါတယ်။

လုံခြုံရေးအပိုင်း
Safety အကြောင်းမပြောခင်မှာ Volvo ရဲ့ရည်မှန်းချက်အကြောင်း ပြောလိုပါတယ်။ Volvo က road safety ကိုအဓိက ထားတဲ့ ကားထုတ်လုပ်သူဖြစ်တာနဲ့အညီ 2020 မှာ Volvo ထုတ်ကားသစ်တွေကြောင့် မည်သူတစ်ဦးတစ်ယောက်မှ သေးဆုံခြင်း၊ ပြင်းထန်စွာဒဏ်ရာရရှိခြင်းတွေ မဖြစ်ပေါ်စေရလို့ ဆိုထားတာကြောင့် သူတို့ထုတ်မော်ဒယ်တိုင်းမှာ Safety ကိုအလေးအနက်ထားပြီး စုံလင်တဲ့စနစ်တွေကိုတွေ့မြင်ရပါတယ်။အခုလည်း Volvo Xc 40 မှာတော့ ရှေ့နောက်ဘေး ဘက်မှာပါဝင်တဲ့လေအိတ်တွေ၊ သတိပေးမှုတွေပါတဲ့ ထိုင်ခုံခါးပတ်တွေ၊ EBL Flashing Brake light and Hazard Warning ,City Safety ,Intersection Braking,Rear Collision Warning,Lane Keeping Aid,Blind Spot Infor- mation,Run-off Road Mitigation,Adaptive Cruise Control,Hill Start Assist,Hill Descent Assistတို့အပြင် ဒုတိယမျိုးဆက်ဖြစ်သွားတဲ့ ၃၆၀ ဒီဂရီကင်မရာ(Option) စတဲ့စနစ်တွေထည့်သွင်းပေးထားပါတယ်။

စမ်းသပ်မောင်းနှင်ခြင်း
လက်ရှိပြည်တွင်းရောက် Brand New ကားသစ်တွေတော်တော်များများစမ်းမောင်းခဲ့ဖူးရာမှာ XC 40 က စာရေးသူကို Driving Feeling အပြည့်ပေးစွမ်းနိုင်တဲ့ကားတွေထဲမှာ တစ်ခုအပါအဝင်လို့ ဆိုရအောင်ကို Perfect ဖြစ်လွန်းပါတယ်။ သူ့မှာမောင်းနှင်မှုပုံစံ ၄ မျိုးပါပြီး Eco,Comfort,Off road,Dynamic ဆိုပြီးကြိုက်ရာရွေးချယ်ခွင့်ရှိပါတယ်။ စာရေးသူကို စိတ်ကြိုက်ဖြစ်စေတာကတော့ Dynamic Mode ဖြစ်ပါတယ်။ဒီမောင်းနှင်မှုမှာ လီဗာမနင်းခင်ကတည်းက rpm က ၁ထောင်ကျော်ရောက်နေပါတယ်။ လီဗာလည်းနင်းရော ကားက ကီလို ၈၀ ကိုခဏလေးရောက်သွားတယ်။ စက်သံက လည်း တာဘိုသံထွက်လာတယ်။ ပြီးတော့ စတီယာရင်က Sport ပုံစံလုံးလုံးဖြစ်သွားပြီး ပြိုင်ကားတစ်စီးမောင်းနေရတဲ့ Feeling မျိုးကို အပြည့်အဝခံစားခဲ့ရပါတယ်။ အရှိန်တင်မောင်းနှင်မှုရော၊ဘရိတ်စနစ်ရော၊အောက်ပိုင်းစနစ်တွေပါပြောစရာ မရှိပါဘူး။

ဈေးနှုန်းနဲ့သုံးသပ်ချက်
ဒီကားက ရောက်ရောက်ချင်းစောက်နဲ့ထွင်းဆိုသလိုပါပဲ။ European Car of the Year ဆုကိုပူပူနွေးနွေးရရှိထားပါတယ်။ Volvo ထုတ်ကားတွေက Safety ပိုင်းမှာသူမတူအောင်ကောင်းမွန်လှသလို နည်းပညာအစွမ်းလည်းမြင့်မားလို့ စီးနင်း ရသူတွေအတွက် စိတ်ကျေနပ်မှုအပြည့်အဝရရှိစေနိုင်ပါတယ်။ နောက်ပြီးတော့ ဆီစားနှုန်းလည်းချိုတယ်။ မြို့တွင်းလမ်း တွေမှာပါမောင်းရလွယ်ကူတဲ့ Size ဖြစ်နေလို့ မြို့တွင်းပါရောသုံးချင်တွေအတွက် အဆင်ပြေစေပါလိမ့်မယ်။ ဒါပေမဲ့ Volvo ရဲ့ Trade Mark ဖြစ်တဲ့ ၃၆၀ ကင်မရာက Option နဲ့မှရမှာ။ပြီးတော့ Head up Displayမပါတော့တာတွေကိုတော့ နည်းနည်းမကြိုက်ချင်ပါဘူး။ ဒါပေမဲ့လည်း ကျန်တာတွေမှာ XC 40 ကအမှတ်ပြည့်ပေးရပါလိမ့်မယ်။သူ့ရဲ့ တန်ကြေးက တော့ USD 95,000 ရှိပြီး Volvo Myanmar ကနေဖြန့်ဖြူးရောင်းချပေးနေပါတယ်။

ဈေးနှုန်းနဲ့သုံးသပ်ချက်
ဒီကားက ရောက်ရောက်ချင်းစောက်နဲ့ထွင်းဆိုသလိုပါပဲ။ European Car of the Year ဆုကိုပူပူနွေးနွေးရရှိထားပါတယ်။ Volvo ထုတ်ကားတွေက Safety ပိုင်းမှာသူမတူအောင်ကောင်းမွန်လှသလို နည်းပညာအစွမ်းလည်းမြင့်မားလို့ စီးနင်း ရသူတွေအတွက် စိတ်ကျေနပ်မှုအပြည့်အဝရရှိစေနိုင်ပါတယ်။ နောက်ပြီးတော့ ဆီစားနှုန်းလည်းချိုတယ်။ မြို့တွင်းလမ်း တွေမှာပါမောင်းရလွယ်ကူတဲ့ Size ဖြစ်နေလို့ မြို့တွင်းပါရောသုံးချင်တွေအတွက် အဆင်ပြေစေပါလိမ့်မယ်။ ဒါပေမဲ့ Volvo ရဲ့ Trade Mark ဖြစ်တဲ့ ၃၆၀ ကင်မရာက Option နဲ့မှရမှာ။ပြီးတော့ Head up Displayမပါတော့တာတွေကိုတော့ နည်းနည်းမကြိုက်ချင်ပါဘူး။ ဒါပေမဲ့လည်း ကျန်တာတွေမှာ XC 40 ကအမှတ်ပြည့်ပေးရပါလိမ့်မယ်။သူ့ရဲ့ တန်ကြေးက တော့ USD 95,000 ရှိပြီး Volvo Myanmar ကနေဖြန့်ဖြူးရောင်းချပေးနေပါတယ်။

ဈေးနှုန်းနဲ့သုံးသပ်ချက်
ဒီကားက ရောက်ရောက်ချင်းစောက်နဲ့ထွင်းဆိုသလိုပါပဲ။ European Car of the Year ဆုကိုပူပူနွေးနွေးရရှိထားပါတယ်။ Volvo ထုတ်ကားတွေက Safety ပိုင်းမှာသူမတူအောင်ကောင်းမွန်လှသလို နည်းပညာအစွမ်းလည်းမြင့်မားလို့ စီးနင်း ရသူတွေအတွက် စိတ်ကျေနပ်မှုအပြည့်အဝရရှိစေနိုင်ပါတယ်။ နောက်ပြီးတော့ ဆီစားနှုန်းလည်းချိုတယ်။ မြို့တွင်းလမ်း တွေမှာပါမောင်းရလွယ်ကူတဲ့ Size ဖြစ်နေလို့ မြို့တွင်းပါရောသုံးချင်တွေအတွက် အဆင်ပြေစေပါလိမ့်မယ်။ ဒါပေမဲ့ Volvo ရဲ့ Trade Mark ဖြစ်တဲ့ ၃၆၀ ကင်မရာက Option နဲ့မှရမှာ။ပြီးတော့ Head up Display တော့တာတွေကိုတော့ နည်းနည်းမကြိုက်ချင်ပါဘူး။ ဒါပေမဲ့လည်း ကျန်တာတွေမှာ XC 40 ကအမှတ်ပြည့်ပေးရပါလိမ့်မယ်။သူ့ရဲ့ တန်ကြေးက တော့ USD 95,000 ရှိပြီး Volvo Myanmar ကနေဖြန့်ဖြူးရောင်းချပေးနေပါတယ်။
Specification…
Engine – 2.0-litre turbocharged T5 petrol engine
Displacement(CC) – 1969
Transmissions – 6-Speed Automatic Transmission
Maximum Power (HP/rpm) – 247 HP @ 5000 rpm
Maximum Torque (Nm/rpm) – 350 Nm @1800-4800 rpm
Acceleration (0 – 100 km) – 6.5 sec
Fuel Tank (liters) – 54
Drivetrain – AWD

Zawgyi Version

Scandinavian ဒေသရဲ့အကောင်းဆုံးထုတ်ကုန်တစ်ခု(သို့) Volvo XC40

အပြင်ဘက်ပိုင်း

အတွင်းခန်း

လုံခြုံရေးအပိုင်း




Specification…
Displacement(CC) – 1969
Fuel Tank (liters) – 54
Drivetrain – AWD