ဆွီဒင်၏ နာမည်ကျော်ကားထုတ်လုပ်ရေးကုမ္ပဏီ Volvoမှ ပထမဆုံး Compact SUV XC 40 ကိုစတင်မိတ် ဆက်ခဲ့ပြီး လာမည့် ၂၀၁၈ ခုနှစ်နွေရာသီတွင် စတင်ရောင်းချနိုင်ရန် စီစဉ်နေကြောင်း သိရသည်။ Volvo အနေဖြင့် အဆိုပါကားကို Compact Modular Architecture (CMA) platform အတိုင်းတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး စျေးကွက်အတွင်းရောက်ရှိပြီးသား နာမည်ကြီး ကားမော်ဒယ် များဖြစ်သော Range Rover Evoque နှင့် Audi Q3 တို့ကို ယှဉ်ပြိုင်နိုင်ရန်ဖြစ်သည်ဟု နိုင်ငံတကာကားစျေးကွက်လေ့လာသုံးသပ်သူများက ဆိုသည်။

The XC40 သည် XC60 နှင့် XC90 တို့ပြီးနောက် Volvo ၏တတိယမြောက် SUV ကားဖြစ်ပြီး Volvo အနေဖြင့် လာမည့် ၂၀၂၀ အရောက်တွင် ကမ္ဘာအနှ့ံCompact SUV ကားရောင်းအားမှာ ၁ မီလီယံအထိတိုးမြှင့် လာဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။ ထိုကား၏ အပြင်ပိုင်းဒီဇိုင်းရေးဆွဲသူက British designer Ian Kettle ဖြစ်ပြီး သူက XC40 ၏ ရှေ့ဘောနက် ကိုယောက်သွားပုံစံချိုးဆစ်ထားကာ ကားနောက်ဘက်မှန်ကိုလည်း လှပကွေးညွတ် သည့်ပုံစံပြုလုပ်ထားသည်။အတွင်းခန်း တွင်လည်း Luxury Materials များကိုသာသုံးစွဲထားပြီး ပစ္စည်းထည့် စရာနေရာများလည်း အလုံအလောက်ပါဝင်ပါသည်။ အရှည်အားဖြင့် 4425mm ရှိပြီး XC60 ထက် 263mm ပိုတိုသည်။ ထို့အပြင် Apple CarPlay နှင့် Android Auto standard အားလုံးအသုံးပြုနိုင်အောင် ဖန်တီးထားပြီး turbocharged 2.0-litre engines များကိုသာသုံးစွဲထားသည်။ စွမ်းအင်ထွက်ရှိမှုက T5 petrol အင်ဂျင်တွင် 247bhp နှင့် D4 diesel တွင် 187bhp ရှိသည်။ All-wheel drive စနစ်ဖြစ်ကာ eight-speed auto box transmission ဖြစ်သည်။ ၎င်းတွင် semi-autonomous piloted cruise control ၊ cross-traffic alert system ၊ active collision avoidance system ကဲ့သို့သော XC90 တွင်အသုံးပြုထားသည့် အဆင့်မြင့် နည်းပညာများပြန်လည်ပါဝင်မည်ဖြစ်သည်။ XC 40 တွင် Trim Level များအနေဖြင့် Momentum ၊ R-Design ၊ Inscription စသဖြင့် ခွဲခြားထုတ်လုပ်ထားကာ ယခုချိန်ကတည်းက Order များစတင်လက်ခံနေပြီဟု သိရသည်။ စျေးနှုန်းအနေဖြင့် ပေါင် 27,905 မှစပြီး ပေါင် 39,305 ရှိကာ Compact SUV ကားလောကတွင် နာမည်ကျော်ရောင်းအားကောင်းနိုင်သော Model တစ်ခုဖြစ်လာနိုင်ကြောင်း ခန့်မှန်းနေကြသည်။

Ref: autocar

Unicode version…

Zawgyi version…

ဆြီဒင္၏ နာမည္ေက်ာ္ကားထုတ္လုပ္ေရးကုမၸဏီ Volvoမွ ပထမဆုံး Compact SUV XC 40 ကုိစတင္မိတ္ ဆက္ခဲ့ျပီး လာမည့္ ၂၀၁၈ ခုႏွစ္ေႏြရာသီတြင္ စတင္ေရာင္းခ်ႏုိင္ရန္ စီစဥ္ေနေၾကာင္း သိရသည္။ Volvo အေနျဖင့္ အဆုိပါကားကုိ Compact Modular Architecture (CMA) platform အတုိင္းတည္ေဆာက္ခဲ့ျခင္းျဖစ္ျပီး ေစ်းကြက္အတြင္းေရာက္ရွိျပီးသား နာမည္ၾကီး ကားေမာ္ဒယ္ မ်ားျဖစ္ေသာ  Range Rover Evoque ႏွင့္ Audi Q3 တုိ႕ကုိ ယွဥ္ျပိဳင္ႏုိင္ရန္ျဖစ္သည္ဟု ႏုိင္ငံတကာကားေစ်းကြက္ေလ့လာသုံးသပ္သူမ်ားက ဆုိသည္။

The XC40 သည္ XC60 ႏွင့္ XC90 တုိ႕ျပီးေနာက္ Volvo ၏တတိယေျမာက္ SUV ကားျဖစ္ျပီး Volvo အေနျဖင့္ လာမည့္ ၂၀၂၀ အေရာက္တြင္ ကမာၻအႏွ႕ံCompact SUV ကားေရာင္းအားမွာ ၁ မီလီယံအထိတုိးျမွင့္ လာဖြယ္ရွိသည္ဟု ခန္႔မွန္းထားသည္။ ထုိကား၏ အျပင္ပုိင္းဒီဇုိင္းေရးဆဲြသူက British designer Ian Kettle ျဖစ္ျပီး သူက XC40 ၏ ေရွ႕ေဘာနက္ ကုိေယာက္သြားပုံစံခ်ိဳးဆစ္ထားကာ ကားေနာက္ဘက္မွန္ကုိလည္း လွပေကြးညြတ္ သည့္ပုံစံျပဳလုပ္ထားသည္။အတြင္းခန္း တြင္လည္း Luxury Materials မ်ားကုိသာသုံးစြဲထားျပီး ပစၥည္းထည့္ စရာေနရာမ်ားလည္း အလုံအေလာက္ပါဝင္ပါသည္။ အရွည္အားျဖင့္ 4425mm ရွိျပီး XC60 ထက္ 263mm ပုိတုိသည္။ ထုိ႕အျပင္ Apple CarPlay ႏွင့္ Android Auto standard အားလုံးအသုံးျပဳႏုိင္ေအာင္ ဖန္တီးထားျပီး turbocharged 2.0-litre engines မ်ားကုိသာသုံးစြဲထားသည္။ စြမ္းအင္ထြက္ရွိမွဳက T5 petrol အင္ဂ်င္တြင္ 247bhp ႏွင့္ D4 diesel တြင္ 187bhp ရွိသည္။ All-wheel drive စနစ္ျဖစ္ကာ eight-speed auto box transmission ျဖစ္သည္။ ၎တြင္ semi-autonomous piloted cruise control ၊ cross-traffic alert system ၊ active collision avoidance system ကဲ့သုိ႕ေသာ XC90 တြင္အသုံးျပဳထားသည့္ အဆင့္ျမင့္ နည္းပညာမ်ားျပန္လည္ပါဝင္မည္ျဖစ္သည္။ XC 40 တြင္ Trim Level မ်ားအေနျဖင့္ Momentum ၊ R-Design ၊ Inscription စသျဖင့္ ခဲြျခားထုတ္လုပ္ထားကာ ယခုခ်ိန္ကတည္းက Order မ်ားစတင္လက္ခံေနျပီဟု သိရသည္။ ေစ်းႏွဳန္းအေနျဖင့္ ေပါင္ 27,905 မွစျပီး ေပါင္ 39,305 ရွိကာ Compact SUV ကားေလာကတြင္ နာမည္ေက်ာ္ေရာင္းအားေကာင္းႏုိင္ေသာ Model တစ္ခုျဖစ္လာႏုိင္ေၾကာင္း ခန္႔မွန္းေနၾကသည္။

Ref: autocar