Unicode version..

ဆွီဒင်နိုင်ငံ အခြေစိုက် Volvo ကားထုတ်လုပ်ရေး ကုမ္ပဏီကတော့ လက်ရှိအချိန်မှာ အဆင့်မြင့်နည်းပညာ များစွာကို တီထွင်ဖန်တီး လုပ်ဆောင်နိုင်ခဲ့တဲ့ ကမ ္ဘာကျော် ကားကုမ္ပဏီ တစ်ခုပါပဲ။ ခေတ်ရေစီးကြောင်းနဲ့ အတူ လိုအပ်လာတဲ့ နည်းပညာ အသီးသီးကို ကုမ္ပဏီထုတ် ကားတွေအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းလာခဲ့တာပါ။ ကုမ္ပဏီရဲ့ ခေတ်ပေါ် အဆင့်မြင့်ကားတွေက ဘေးကင်း လုံခြုံမှု၊ အဆင့်အတန်း မြင့်မားမှုကို ပေးအပ်နိုင်ခဲ့ပြီး အသုံးပြုသူတွေရဲ့ လိုအင်ဆန္ဒတွေကို တိကျမှန်ကန်စွာ ဖြည့်ဆည်း ပေးနိုင်ခဲ့လို့ ယနေ့အချိန်ထိ ကားထုတ်လုပ် ရေး လောကမှာ Volvo က ဝင့်ကြားစွာ ရပ်တည်နေနိုင်ခဲ့တာ ဖြစ်ပါတယ်။ ၂ဝ၂ဝ ခုနှစ်မှာ Volvo ကုမ္ပဏီ ရဲ့ ကားတွေကြောင့် လူထိခိုက်မှု နဲ့ သေဆုံးမှု လုံးဝမရှိစေရဘူးလို့ အာမခံချက် အပြည့်အဝနဲ့ သတ္တိရှိရှိ ရှေ့ကိ်ု လှမ်းလျှောက်နေခဲ့တဲ့ Volvo ကုမ္ပဏီ ထုတ်ကားတွေက ကမ္ဘာမှာနေရာတစ်ခု အခိုင်အမာရရှိနေပါပြီ။ အခုမိတ်ဆက်ပေးမယ့်ကားကတော့ Volvo ရဲ့စံချိန်တင်ရောင်းအားအကောင်းဆုံး SUV XC 60 ပဲဖြစ်ပြီး ဒီကားကိုမြန်မာနိုင်ငံစျေးကွက်ဆီကို တင်သွင်းရောင်းချတော့မှာပဲဖြစ်ပါတယ်။လက်ရှိမှာ Volvo ကနေပြီးတော့ SUV Crossover 3 မျိုးသာထုတ်လုပ်ထားရာမှာ XC 60 က ရောင်းအားအကောင်းဆုံးမော်ဒယ်ဖြစ်နေပါတယ်။ XC 60 က small luxury SUV အနေနဲ့ထုတ်ထားတာဖြစ်ပြီး ၂၀၀၈ ခုနှစ်က စတင်ထုတ်လုပ်ခဲ့တာပါ။ အခုထွက်ရှိလာမယ့် 2018 model က ဒုတိယမျိုးဆက်ရဲ့ရှေ့ပြေးမော်ဒယ်ဖြစ်ပြီး နာမည်ကျော် XC 90 နဲ့ပုံစံတော်တော်များများတူညီမှုရှိပါတယ်။ သူ့မှာ Trim Level 3 မျိုးရှိပြီး အခုပြောမှာကတော့ မြန်မာနိုင်ငံမှာ တင်သွင်းရောင်းချမယ့် The ALL NEW XC60 Inscription မော်ဒယ်ခွဲအကြောင်းပဲဖြစ်ပါတယ်။

အပြင်ဘက်ပိုင်း

XC 60 ကို Scalable Product Architecture (SPA) ဒီဇိုင်းအဖွဲ့ကပဲဖန်တီးထားတာဖြစ်ပြီး S90, V90, and XC90 တို့ရဲ့platform ပေါ်မှာပဲအခြေခံထားတာပါ။ Volvo ထုတ်ကားတွေကိုစကင်ဒေးနီးဗီးယန်း ဒီဇိုင်းချိုးဆစ်ထားပြီးရှေ့ရှဲကိုစကြည့်ရင်တောက်ပြောင်ချောမွေ့တဲ့ ထောင့် မှန်စတုဂံပုံစံ chrome frame ထဲမှာပါဝင်တဲ့ ဒေါက်လိုက်ပုံစံ chrome bars တွေက ကြည့်ကောင်းအောင်ဝန်းရံပေးထားပါတယ်။ သူ့ရှေ့ပုံစံက ရုတ်တရက်ကြည့်ရင် XC90နဲ့ဆင်တူပေမဲ့ သေချာကြည့်ရင်ကွဲပြားမှုရှိပါတယ်။ XC 60 ရဲ့အောက်ဆုံးမှာပါတဲ့အနက်ရောင်အလျားလိုက်chrome တွေက သူ့ကိုရုပ်ထွက်ကိုပိုပြီး အားကောင်းစေသလို Sport ဆန်သွားစေပါတယ်။နောက်ပြီးတော့ ကားပြတင်း ပေါက်ပတ်ပတ်လည်ကို လှပတဲ့chrome တွေနဲ့အလှဆင်ထားတာကလည်း ပိုပြီးစတိုင်ကစေပြန်ပါတယ်။ XC 60 က XC 90 ထက်ပိုပြီးSport ဆန်သွားစေတာကတော့နောက်မှန်ကိုခေတ်မီဆန်းသစ်အောင်အနက်ရောင်ဘောင်ကွပ်ပေးထားပြီး ခပ်စောင်း စောင်းပုံစံပြုလုပ်ပေးထားတာပဲဖြစ်ပါတယ်။ဒီလိုပြုလုပ်ထားခြင်းကနေရောင်ခြည်ရဲ့အပူဒဏ်ကို လျှော့ချပေး နိုင်ဖို့ပဲဖြစ်ပါတယ်။ကားအမိုးပေါ်ကRoof Railsတွေက Dynamic Designမျိုးဖြစ်ပြီးအိတ်ဇောပေါက် ကလည်း XC90ပုံစံ၂ခုပါဝင်ပြီးဘော်ဒီဖောင်းလိုင်းတွေ၊မီးလုံးဒီဇိုင်းတွေက သပ်ရပ်လှပပြီး အချိုးကျနတာကိုတွေ့ရပါတယ်။ ရှေ့မီးအပိုင်းကိုကြည့်ရင်လည်းTပုံစံLED daytime running lightsပါဝင်လာပြီးအလိုအလျောက်မီးကြီး၊ အောက်မီးပြောင်းလဲပေးနိုင်တဲ့စနစ်၊ညရောက်ရင်လိုအပ်တဲ့Lightတွေပွင့်လာစေနိုင်တဲ့နည်းပညာတွေအသုံးပြုထားပါတယ်။ဒါ့အပြင်ရှေ့တူရူကလာနေကားအနှောင့်အယှက်မဖြစ်စေဖို့အလိုအလျောက်မီးချပေးတဲ့စနစ်၊အခြားယာဉ်မောင်းသူမျက်စိကို အလင်းမစူးအောင်ပြုလုပ်ပေးတဲ့စနစ်လည်း ပါဝင်ပါသေးတယ်။ မီးတွေကလည်း ကားရဲ့လမ်းကြောင်းကိုကြိုတင်တွက်ဆ၊မြင်တွေ့နိုင်ဖို့ရာ ကွေးညွတ်တဲ့စနစ်တွေပါဝင်ပြန်လို့ အရမ်းကို ကောင်းတဲ့ Lighting System လို့ဆိုရမှာပါ။ လှပစတိုင်ကျတဲ့ Fog Light တွေကလည်း XC 60 ကို ပိုပြီးကျက်သရေရှိစေပြန်ပါတယ်။ ဘီးကိုတော့ Sport ဆန်အောင် ၁၉ လက်မ Spoke 10 Alloy Wheels ကိုသုံးထားပြီး ဒီဂွေတွေက လေဝင်လေထွက်ကောင်းကာ တာယာအနေနဲ့ အပူရှိန်ကို ကောင်းစွာ ခံနိုင်ရည်ရှိအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ Rain Sensor ပါတဲ့အတွက်ကြောင့်လည်း Wiper တွေကိုအ လိုအလျောက်အာရုံခံပြီး အလုပ်လုပ်ပေးနိုင်ပါတယ်။

အတွင်းခန်း

အတွင်းခန်းပါဝင်မှုတွေအားလုံးက Luxury ဖြစ်စေမယ့် Premium Quality တွေချည်းပါပဲ။XC 60 ရဲ့Keyless Entry စနစ်ဖြစ်ပြီး အတွင်းခန်းမှာ Driftwood သစ်သားကိုအခြေခံတဲ့ အလှဆင်မှုတွေထည့် သွင်းထား ပါတယ်။ Sportစတိုင်3-Spoke Leather Steering Wheel ကကိုင်တွယ်မောင်းနှင်ရတာ လွယ်ကူ သက်သာစေနိုင်ပြီး Audio, Navigation system ,Drive mode တွေကိုထိန်းချူပ်နိုင်တဲ့ Steering Volme controls တွေပါသလို၊ Steering Wheel ကိုအပူပေးနိုင်တဲ့စနစ်လည်း ပါဝင်ပါတယ်။ နောက်ပြီး Leather အပြည့်အုပ် ထားတဲ့ ဂီယာတံကလည်း Luxuryဖြစ်စေပြီး ကိုင်တွယ်ရတာသက်တောင့်သက်သာရှိစေပါတယ်။ နောက်တစ်ခုကတော့ 12.3 လက်မရှိတဲ့ driver display ပါ။ဒီ driver display မှာ Navigation ၊ Telephone နဲ့ road signs တွေကိုတိကျစွာဖော်ပြပေးပါလိမ့်မယ်။ ပြီးတော့ကြည့်ရှုသူရဲ့မျက်လုံးခံနိုင်ရည်ရှိစေမယ့် အလင်းရောင်မျိုးကို အလိုအလျောက်ချိန်ညှိပေးနိုင်ပါတယ်။ နောက်ထပ်အရေးပါတဲ့အပိုင်းကတော့ ipad တစ်လုံးလိုသုံးနိုင်တဲ့ 9 လက်မ Touch Screen မှာအသုံးပြုရလွယ်ကူတဲ့ Feature တွေပါဝင်ပြီး ကားတစ်စီးလုံးကို အကောင်းဆုံးထိန်း ချုပ်မောင်းနှင်နိုင်မှာလည်းဖြစ်ပါတယ်။ ဒီ Touch Screenကနေ entertainment, navigation, control, connectivity and service စတဲ့ infotainment တွေကိုထိန်းချူပ်နိုင်မှာပါ။ပြီးတော့ Apple CarPlay အပြင် Android smartphones တွေနဲ့ချိတ်ဆက်အသုံးပြုနိုင်ပါသေးတယ်။ ထူးခြားတာနောက်တစ်ခုက Volvo’s Navigation ဖြစ်ပြီး သူက Road directionsတွေ၊ Traffic Information တွေကိုလျင်မြန်တိကျစွာ နဲ့ပေးပို့နိုင်ပါတယ်။ Park Assist Pilot(ပါကင်အလိုအလျောက်ထိုးပေးတဲ့စနစ်)၊ Wi-Fi hot spot လွှင့်ထုတ်ပေးနိုင်တဲ့စနစ်၊ Engine start/stop button စတာတွေ လည်းပါဝင်ပါတယ်။ နောက်ထပ်တစ်ချက်က Volvo ရဲ့နည်းပညာသစ်ဖြစ်တဲ့ birds-eye view စနစ်လို့ခေါ်တဲ့ ကားပါကင်လုံးဝကို အထောက်အပံ့ပေးနိုင်တဲ့ 360 ဒီဂရီမြင်ကွင်းကိုပြောင်းလဲပေးနိုင်တဲ့ စနစ်ဖြစ်ပါတယ်။ ဒီစနစ်က အပေါ်စီးကနေကားကို မြင်ရအောင်ပြုလုပ်ပေးထားပြီး ရှေ့နောက်ဘယ်ညာ မြင်ကွင်းတွေကိုရှင်းရှင်းလင်းလင်းမြင်ရလို့ Driverကိုအရမ်းပဲအထောက်အကူပြုပေးနိုင်တဲ့စနစ်လို့ ဆိုနိုင်ပါ တယ်။ Keyless Entry စနစ်ကိုအသုံးပြုထား တာကြောင့် နောက်တံခါးကိုဖွင့်စရာမလိုဘဲ သော့ကိုအိတ် ထောင်ထဲထည့်ထားပြီး အနားသွားရပ်ပေးရုံနဲ့ အလိုအလျောက်တံခါးပွင့်လာမှာဖြစ်ပါတယ်။ ဒီကားက လူ ၅ ယောက်သက်သောင့်သက်သာစီးနင်းနိုင်တဲ့အပြင် Cargo Space ကလည်းလုံလုံလောက်လောက်ရှိဦးမှာပါ။ Cargo ခန်းမှာ ပစ္စည်းတွေကို Cover လုပ်ဖို့ဖုံးအုပ်စရာပါသလို ဒုတိယခုံတန်းကိုလည်း လိုသလိုအခေါက် အသိမ်းလုပ်နိုင်ပါသေးတယ်။ ပြီးတော့ဇုန် ၄ ဇုန်ကိုဖြန့်ကျက်ပေးနိုင်တဲ့ air-condition စနစ်ကလည်း အပူအအေးကို လိုအပ်သလိုထိန်းညှိပေးနိုင်ပြီး စီးနင်းသူများကို သက်တောင့်သက်သာရှိစေနိုင်မှာပါ။ ဒီစနစ်နဲ့အတူ XC 60 ရဲ့ထူးခြားတဲ့ နည်းပညာကတော့ carbon monoxide, hydrocarbon and nitrogen dioxides အန္တရာယ်ဖြစ်စေနိုင်တဲ့အရာတွေ ကားထဲမဝင်နိုင်အောင် လေကိုသန့်စင်ပေးနိုင်တဲ့ CleanZone နည်းပညာပဲဖြစ်ပါတယ်။ နောက်ပြီးတော့ ကားရှေ့ခန်းမှာ စတိုင်ကျလှပတဲ့ လက်တင်ခုံနဲ့ ပစ္စည်းထည့်စရာနေရာပါသလို AUX and USB ချိတ်ဆက်လို့ရနိုင်ပါတယ်။အဲဒီလိုပဲနောက်ဘက်ခုံ တန်းမှာလည်းလက်တင်ခုံနဲ့ပစ္စည်းထည့်စရာနေရာပါဝင်ပြီးခုံအောက်မှာလည်းပစ္စည်းထည့်လို့ရအောင်ဖန်တီးပေးထားပါတယ်။ နောက်ထပ်ပြောပြချင်တာကတော့ ထိုင်ခုံတွေ အကြောင်းပါ။လည်သာစစ်စစ်ကိုသာ အသုံးပြုထားလို့ဇိမ်ရှိတဲ့အတွေ့အထိကို ခံစားရမှာဖြစ်သလို Driver seat ကိုလည်းပုံစံ ၃ မျိုးနဲ့Save ထားလို့ရနိုင်တဲ့ စနစ်လည်းပါဝင်ပါတယ်။ ရှေ့Passenger Seat ကိုလည်း လိုသလိုချိန်ညှိနိုင်တဲ့ Auto စနစ်ပါဝင်ပါသေးတယ်။ ထိုင်ခုံအပူပေးစနစ်ပါဝင်သလို Power Lumbar Support လို့ခေါ်တဲ့စနစ်ကလည်း ခရီးဝေးသွားလာမှုတွေမှာ ထိုင်ရတာသက်တောင့်သက်သာရှိစေအောင် ပြုပြင်နိုင်ပါသေးတယ်။ နောက်ထပ်စွဲမက်ဖွယ်ရာတစ်ခုကတော့ အနက်ရောင်လည်သာအုပ်ထားတဲ့ exclusive dashboard တွေပဲဖြစ်ပါတယ်။ Entertainment အနေနဲ့ dashboard ပေါ်က Sub-wofer အပါအဝင် ဖျော်ဖြေမှုအတွက် 1100W Class-D amplifier and Bowers & Wilkins speakers 15 လုံးပါ ဝင်တာပဲဖြစ်ပါတယ်။ဒီစနစ်ကကားအတွင်းစီးနင်းသူတွေကို ဖြန့်ကျက်ပေးနိုင်အသံ feature တွေပါဝင်တာ ကြောင့် Entertainment ကိုအပြည့်အဝခံစားနိုင်စေမှာပါ။

စွမ်းဆောင်ရည်

All-new Volvo XC60 မှာ Standard အနေနဲ့ Gasoline ရော Diesel မှာပါ 2.0L အင်ဂျင်ကိုအသုံးပြုထားပါတယ်။ Inscription မှာတော့ Gasoline တစ်မျိုးတည်းပဲရနိုင်ပြီး မြန်မာပြည်မှာရနိုင်မယ့် T6 မော်ဒယ်မှာတော့ In-line 4-Cylinder Turbocharged & Supercharged Engine ကိုမြင်းကောင်ရေ 316 ကောင်အားထွက်ရှိမယ့်အပြင် Torque 295 lb-ft မှာ အမြင့်ဆုံး rpm 5400ကိုရရှိနိုင်မှာပါ။ အင်ဂျင်ရဲ့ပါဝါကသေးငယ်အောင်ပြုလုပ်ထားခြင်းက ဆီစားသက်သာ အောင်နဲ့ emissions နည်းပါးအောင်ပြုလုပ်ထားပေမယ့် အဆင့်မြင့်နည်းပညာတွေကြောင့် ပါဝါထွက်ရှိမှုက အံ့အားသင့်စရာကောင်းအောင် စွမ်းဆောင်ရည်မြင့်မားပါတယ်။ Chassis ပိုင်းမှာလည်း front suspension ကို aluminum wishbone တွေနဲ့ပြုလုပ်ထားလို့ဘယ်လိုလမ်းတွေမှာပဲဖြစ်ဖြစ် စတီယာရင်ကိုင်တွယ်ရမှုက လွယ်ကူချောမွေ့စေမှာပါ။ နောက် suspensionကိုတော့ ပေါ့ပါးတဲ့ leaf spring တွေနဲ့ထိုင်ထားလို့ အချိုးအကွေ့တွေမှာ ကားကိုခါရမ်းစေတာမျိုးမရှိစေနိုင်ပါဘူး။ ပြီးတော့ ထောင့် ၄ ခုမှာ Air Suspension စနစ်တပ်ဆင်ထားလို့လမ်းကြမ်းတွေမောင်းနှင်မှုမှာ တုန်ခါမှု၊ယိမ်းယိုင်မှုတွေ မဖြစ်စေနိုင်ပါဘူး။ All Wheel Drive (AWD) စနစ်သုံးကားတွေဖြစ်ကာ Eight-speed Geartronic™ Automatic Transimssion စနစ်ကိုသုံးထားပါတယ်။ Comfort, Eco, Dynamic, Off road and Individual mode တို့ဆိုပြီး Drive mode 5 မျိုးပါဝင်သလို မြို့တွင်းမောင်းနှင်မှုတွေမှာ ဆီစားသက်သာဖို့နဲ့ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုနည်းပါး အောင် Enging Start/Stop နည်းပညာလည်းပါ၇ှိပါတယ်။

လုံခြံုရေးစနစ်

ဒီအပိုင်းကတော့ Volvo ကနေပြီးကြေညာထားသလိုပဲ ပြီးပြည့်စုံတဲ့ လုံခြံုမှုကိုခံစားသိရှိခဲ့ရပါတယ်။ ပထမဆုံးပြောချင်တာက driver display ပါ။ဒီမှာက Driver ရဲ့မောင်းနှင်မှုကို အာရုံခံပြီး ငိုက်မျဉ်းမှု၊လမ်းကြောင်းမှားတာတွေရှိပါက အချက်ပြပေးတဲ့စနစ်ပါပါတယ်။နောက်ပြီးAirbags အနေနဲ့ Driver နဲ့ Passenger တို့ရဲ့ မျက်နှာ၊ရင်ဘတ်၊ဦးခေါင်းစတာတွေကို ကာကွယ်နိုင်ဖို့ Air bags ၁၃ လုံးပါဝင်ပါတယ်။ ပြီးတော့ ထူးခြားမှုအနေနဲ့ ယာဉ်တိုက်မှုဖြစ်ပွားရင် ဦးခေါင်းကိုကာကွယ်ပေးမယ့် Inflatable Curtain တွေလည်းပါရှိပါတယ်။ ဒါ့အပြင် ယာဉ်တိုက်မှုဖြစ်ရင် ထိခိုက်မှုလျော့နည်းအောင်ပြုလုပ်ပေးတဲ့ Automatic Braking စနစ်၊ ယာဉ်တိုက်မှုဖြစ်ပွားရင် ဘရိတ်နင်းရလွယ်ကူဖို့အလိုအလျောက်ဆင်ဆာစနစ်နဲ့ ဘရိတ်ခြေနင်းကိုပုံမှန်ထက်အောက်ကိုနိမ့်ကျပေးတဲ့စနစ်၊မြို့တွင်းမောင်းနှင်မှုတွေမှာယာဉ်တိုက်မှုရှောင် ရှား နိုင်ဖို့ဘေးပတ်ဝန်းကျင်မှအရာဝတ္ထုတွေရဲ့လှုပ်ရှားမှုကိုအဆက်မပြတ်သတင်းပို့ပေးပြီး အရှိန်လျှော့မောင်း နှင်စဉ်မှာလည်း ထိခိုက်မှုရှိလာနိုင်ရင် အလိုအလျောက်ဘရိတ်ဖမ်းပေးနိုင်တဲ့ City Safety Collision Avoidance Technology၊ တောင်ဆင်းတောင်တက်ရာမှာ အကူအညီပေးမယ့် Hill Descent Control နဲ့ Hill Start Assist ၊ လမ်းကြောင်းသွေဖယ်သွားရင် စတီယာရင်တုန်ခါခြင်း၊Seat belt တုန်ခါခြင်းတို့အပြင်အသံ နဲ့သတိပေးနိုင်တဲ့ Lane Keeping Aid စနစ်၊ ဒါမှမဟုတ်လမ်းကြောင်းသွေဖယ်သွားရင် အလိုအ လျောက်ပြန်တည့်ပေးနိုင်တဲ့ Oncoming Lane Mitigation စနစ်၊ Cruise Control ကိုသုံးပြီး အလိုအလျောက်မောင်းနှင်ပေးနိုင်တဲ့ Pilot Assist ၊ နောက်ဘက်မှယာဉ်တိုက်မှုတွေကို သတိပေးနိုင်တဲ့ Rear Collision Warning system ၊ တာယာအခြေအနေသိနိုင်တဲ့ Tire Pressure Monitoring System ၊ လမ်းပျောက်ပြီးယာဉ်တိုက်မှုဖြစ်ပါက ထိခိုက်မှုလျော့ပါးစေသော Run Off Road Mitigation စနစ်၊ ကလေးငယ်များအတွက် Power Child Locksတွေနဲ့အတူ ယာဉ်မတော်တဆမှုဖြစ်ပါက ယာဉ်ပေါ်ပါသူတွေကို ထိခိုက်မှုနည်းအောင် ပုံမှန်ထက်လူကိုတင်းကြပ်ပေးမယ့် Safety Belts တွေပါဝင်ပါတယ်။အဲဒီအပြင် တောင့်တင်းမှုရှိတဲ့ စတီးကိုယ်ထည်တွေက ယာဉ်တိုက်မှုကိုလျော့နည်းစေနိုင်သလို ကားအတွင်းခန်းက ဘောင်ကွပ်တွေနဲ့ တံခါးဘောင်တွေထဲမှာလည်း ထိခိုက်မှုလျော့နည်းအောင် တောင့်တင်းတဲ့သံမဏိတွေထည့် သွင်းတည်ဆောက်ထားပါသေးတယ်။

စျေးနှုန်း

XC 60 2018 model T 6 inscription ကို USD115,000 ကနေစပြီး Volvo Myanmar No 146, Dhammazedi Road, Bahan Township,Yangon. Ph. 09 965 086586 မှာဆက်သွယ်မှာယူနိုင်ပါပြီ။

Specifications

VEHICLE TYPE: front-engine, all-wheel-drive, 5-passenger, 4-door hatchback

ENGINE TYPES :T6 AWD supercharged, turbocharged, and intercooled DOHC 16-valve inline-4, 316 hp, 295 lb-ft;

TRANSMISSION: 8-speed automatic with manual shifting mode

DIMENSIONS:

Wheelbase: 112.8 in

Length: 184.6 in

Width: 78.7 in Height: 65.3 in

Passenger volume: 100-103 cu ft

Cargo volume: 30 cu ft

Curb weight (C/D est): 4300-4800 lb

PERFORMANCE (C/D EST):

Zero to 60 mph: 4.9-5.7 sec

Zero to 100 mph: 14.2-17.0 sec

Standing ¼-mile: 13.8-15.4 sec

Top speed: 140 mph

Zawgyi version..

ဆြီဒင္ႏိုင္ငံ အေျခစိုက္ Volvo ကားထုတ္လုပ္ေရး ကုမၸဏီကေတာ့ လက္ရွိအခ်ိန္မွာ အဆင့္ျမင့္နည္းပညာ မ်ားစြာကို တီထြင္ဖန္တီး လုပ္ေဆာင္ႏိုင္ခဲ့တဲ့ ကမ ၻာေက်ာ္ ကားကုမၸဏီ တစ္ခုပါပဲ။ ေခတ္ေရစီးေၾကာင္းနဲ႔ အတူ လိုအပ္လာတဲ့ နည္းပညာ အသီးသီးကို ကုမၸဏီထုတ္ ကားေတြအတြက္ စဥ္ဆက္မျပတ္ ႀကိဳးပမ္းလာခဲ့တာပါ။ ကုမၸဏီရဲ႕ ေခတ္ေပၚ အဆင့္ျမင့္ကားေတြက ေဘးကင္း လံုၿခံဳမႈ၊ အဆင့္အတန္း ျမင့္မားမႈကို ေပးအပ္ႏိုင္ခဲ့ၿပီး အသံုးျပဳသူေတြရဲ႕ လိုအင္ဆႏၵေတြကို တိက်မွန္ကန္စြာ ျဖည့္ဆည္း ေပးႏိုင္ခဲ့လို႔ ယေန႔အခ်ိန္ထိ ကားထုတ္လုပ္ ေရး ေလာကမွာ Volvo က ဝင့္ၾကားစြာ ရပ္တည္ေနႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ၂ဝ၂ဝ ခုႏွစ္မွာ Volvo ကုမၸဏီ ရဲ႕ ကားေတြေၾကာင့္ လူထိခိုက္မႈ နဲ႔ ေသဆံုးမႈ လံုးဝမ႐ွိေစရဘူးလို႔ အာမခံခ်က္ အျပည့္အဝနဲ႔ သတိၱရွိရွိ ေ႐ွ႕ကိ္ု လွမ္းေလွ်ာက္ေနခဲ့တဲ့ Volvo ကုမၸဏီ ထုတ္ကားေတြက ကမာၻမွာေနရာတစ္ခု အခုိင္အမာရရွိေနပါျပီ။ အခုမိတ္ဆက္ေပးမယ့္ကားကေတာ့ Volvo ရဲ႕စံခ်ိန္တင္ေရာင္းအားအေကာင္းဆုံး SUV XC 60 ပဲျဖစ္ျပီး ဒီကားကုိျမန္မာႏုိင္ငံေစ်းကြက္ဆီကုိ တင္သြင္းေရာင္းခ်ေတာ့မွာပဲျဖစ္ပါတယ္။လက္ရွိမွာ Volvo ကေနျပီးေတာ့ SUV Crossover 3 မ်ိဳးသာထုတ္လုပ္ထားရာမွာ XC 60 က ေရာင္းအားအေကာင္းဆုံးေမာ္ဒယ္ျဖစ္ေနပါတယ္။ XC 60 က small luxury SUV အေနနဲ႕ထုတ္ထားတာျဖစ္ျပီး ၂၀၀၈ ခုႏွစ္က စတင္ထုတ္လုပ္ခဲ့တာပါ။ အခုထြက္ရွိလာမယ့္ 2018 model က ဒုတိယမ်ိဳးဆက္ရဲ႕ေရွ႕ေျပးေမာ္ဒယ္ျဖစ္ျပီး နာမည္ေက်ာ္ XC 90 နဲ႕ပုံစံေတာ္ေတာ္မ်ားမ်ားတူညီမွဳရွိပါတယ္။ သူ႕မွာ Trim Level 3 မ်ိဳးရွိျပီး အခုေျပာမွာကေတာ့ ျမန္မာႏုိင္ငံမွာ တင္သြင္းေရာင္းခ်မယ့္ The ALL NEW XC60 Inscription ေမာ္ဒယ္ခဲြအေၾကာင္းပဲျဖစ္ပါတယ္။

အျပင္ဘက္ပုိင္း

XC 60 ကုိ Scalable Product Architecture (SPA) ဒီဇုိင္းအဖြဲ႕ကပဲဖန္တီးထားတာျဖစ္ျပီး S90, V90, and XC90 တုိ႕ရဲ႕platform ေပၚမွာပဲအေျခခံထားတာပါ။ Volvo ထုတ္ကားေတြကုိစကင္ေဒးနီးဗီးယန္း ဒီဇုိင္းခ်ိဳးဆစ္ထားျပီးေရွ႕ရွဲကုိစၾကည့္ရင္ေတာက္ေျပာင္ေခ်ာေမြ႕တဲ့ ေထာင့္ မွန္စတုဂံပုံစံ chrome frame ထဲမွာပါဝင္တဲ့ ေဒါက္လုိက္ပုံစံ chrome bars ေတြက ၾကည့္ေကာင္းေအာင္ဝန္းရံေပးထားပါတယ္။ သူ႕ေရွ႕ပုံစံက ရုတ္တရက္ၾကည့္ရင္ XC90နဲ႕ဆင္တူေပမဲ့ ေသခ်ာၾကည့္ရင္ကဲြျပားမွဳရွိပါတယ္။ XC 60 ရဲ႕ေအာက္ဆုံးမွာပါတဲ့အနက္ေရာင္အလ်ားလုိက္chrome ေတြက သူ႕ကုိရုပ္ထြက္ကုိပုိျပီး အားေကာင္းေစသလုိ Sport ဆန္သြားေစပါတယ္။ေနာက္ျပီးေတာ့ ကားျပတင္း ေပါက္ပတ္ပတ္လည္ကုိ လွပတဲ့chrome ေတြနဲ႕အလွဆင္ထားတာကလည္း ပုိျပီးစတုိင္ကေစျပန္ပါတယ္။ XC 60 က XC 90 ထက္ပုိျပီးSport ဆန္သြားေစတာကေတာ့ေနာက္မွန္ကုိေခတ္မီဆန္းသစ္ေအာင္အနက္ေရာင္ေဘာင္ကြပ္ေပးထားျပီး ခပ္ေစာင္း ေစာင္းပုံစံျပဳလုပ္ေပးထားတာပဲျဖစ္ပါတယ္။ဒီလုိျပဳလုပ္ထားျခင္းကေနေရာင္ျခည္ရဲ႕အပူဒဏ္ကုိ ေလွ်ာ့ခ်ေပး ႏုိင္ဖုိ႕ပဲျဖစ္ပါတယ္။ကားအမုိးေပၚကRoof Railsေတြက Dynamic Designမ်ိဳးျဖစ္ျပီးအိတ္ေဇာေပါက္ ကလည္း XC90ပုံစံ၂ခုပါဝင္ျပီးေဘာ္ဒီေဖာင္းလုိင္းေတြ၊မီးလုံးဒီဇုိင္းေတြက သပ္ရပ္လွပျပီး အခ်ိဳးက်နတာကုိေတြ႔ရပါတယ္။ ေရွ႕မီးအပုိင္းကုိၾကည့္ရင္လည္းTပုံစံLED daytime running lightsပါဝင္လာျပီးအလုိအေလ်ာက္မီးၾကီး၊ ေအာက္မီးေျပာင္းလဲေပးႏုိင္တဲ့စနစ္၊ညေရာက္ရင္လုိအပ္တဲ့Lightေတြပြင့္လာေစႏုိင္တဲ့နည္းပညာေတြအသုံးျပဳထားပါတယ္။ဒါ့အျပင္ေရွ႕တူရူကလာေနကားအေႏွာင့္အယွက္မျဖစ္ေစဖုိ႕အလုိအေလ်ာက္မီးခ်ေပးတဲ႕စနစ္၊အျခားယာဥ္ေမာင္းသူမ်က္စိကုိ အလင္းမစူးေအာင္ျပဳလုပ္ေပးတဲ့စနစ္လည္း ပါဝင္ပါေသးတယ္။ မီးေတြကလည္း ကားရဲ႕လမ္းေၾကာင္းကုိၾကိဳတင္တြက္ဆ၊ျမင္ေတြ႕ႏုိင္ဖုိ႔ရာ ေကြးညြတ္တဲ့စနစ္ေတြပါဝင္ျပန္လုိ႕ အရမ္းကုိ ေကာင္းတဲ့ Lighting System လုိ႕ဆုိရမွာပါ။ လွပစတုိင္က်တဲ့ Fog Light ေတြကလည္း XC 60 ကုိ ပုိျပီးက်က္သေရရွိေစျပန္ပါတယ္။ ဘီးကုိေတာ့ Sport ဆန္ေအာင္ ၁၉ လက္မ Spoke 10 Alloy Wheels ကုိသုံးထားျပီး ဒီေဂြေတြက ေလဝင္ေလထြက္ေကာင္းကာ တာယာအေနနဲ႕ အပူရွိန္ကုိ ေကာင္းစြာ ခံႏုိင္ရည္ရွိေအာင္ စြမ္းေဆာင္ေပးႏုိင္ပါတယ္။ Rain Sensor ပါတဲ့အတြက္ေၾကာင့္လည္း Wiper ေတြကုိအ လိုအေလ်ာက္အာရုံခံျပီး အလုပ္လုပ္ေပးႏုိင္ပါတယ္။

အတြင္းခန္း

အတြင္းခန္းပါဝင္မွုေတြအားလုံးက Luxury ျဖစ္ေစမယ့္ Premium Quality ေတြခ်ည္းပါပဲ။XC 60 ရဲ႕Keyless Entry စနစ္ျဖစ္ျပီး အတြင္းခန္းမွာ Driftwood သစ္သားကုိအေျခခံတဲ့ အလွဆင္မွဳေတြထည့္ သြင္းထား ပါတယ္။ Sportစတုိင္3-Spoke Leather Steering Wheel ကကုိင္တြယ္ေမာင္းႏွင္ရတာ လြယ္ကူ သက္သာေစႏုိင္ျပီး Audio, Navigation system ,Drive mode ေတြကုိထိန္းခ်ဴပ္ႏုိင္တဲ့ Steering Volme controls ေတြပါသလုိ၊ Steering Wheel ကုိအပူေပးႏုိင္တဲ့စနစ္လည္း ပါဝင္ပါတယ္။ ေနာက္ျပီး Leather အျပည့္အုပ္ ထားတဲ့ ဂီယာတံကလည္း Luxuryျဖစ္ေစျပီး ကုိင္တြယ္ရတာသက္ေတာင့္သက္သာရွိေစပါတယ္။ ေနာက္တစ္ခုကေတာ့ 12.3 လက္မရွိတဲ့ driver display ပါ။ဒီ driver display မွာ Navigation ၊ Telephone နဲ႕ road signs ေတြကိုတိက်စြာေဖာ္ျပေပးပါလိမ့္မယ္။ ျပီးေတာ့ၾကည့္ရွဳသူရဲ႕မ်က္လုံးခံႏုိင္ရည္ရွိေစမယ့္ အလင္းေရာင္မ်ိဳးကုိ အလုိအေလ်ာက္ခ်ိန္ညွိေပးႏုိင္ပါတယ္။ ေနာက္ထပ္အေရးပါတဲ့အပုိင္းကေတာ့ ipad တစ္လုံးလုိသုံးႏုိင္တဲ့ 9 လက္မ Touch Screen မွာအသုံးျပဳရလြယ္ကူတဲ့ Feature ေတြပါဝင္ျပီး ကားတစ္စီးလုံးကုိ အေကာင္းဆုံးထိန္း ခ်ဳပ္ေမာင္းႏွင္ႏုိင္မွာလည္းျဖစ္ပါတယ္။ ဒီ Touch Screenကေန entertainment, navigation, control, connectivity and service စတဲ့ infotainment ေတြကုိထိန္းခ်ဴပ္ႏုိင္မွာပါ။ျပီးေတာ့ Apple CarPlay အျပင္ Android smartphones ေတြနဲ႕ခ်ိတ္ဆက္အသုံးျပဳႏုိင္ပါေသးတယ္။ ထူးျခားတာေနာက္တစ္ခုက Volvo’s Navigation ျဖစ္ျပီး သူက Road directionsေတြ၊ Traffic Information ေတြကုိလ်င္ျမန္တိက်စြာ နဲ႕ေပးပုိ႕ႏုိင္ပါတယ္။ Park Assist Pilot(ပါကင္အလုိအေလ်ာက္ထုိးေပးတဲ့စနစ္)၊ Wi-Fi hot spot လႊင့္ထုတ္ေပးႏုိင္တဲ့စနစ္၊ Engine start/stop button စတာေတြ လည္းပါဝင္ပါတယ္။ ေနာက္ထပ္တစ္ခ်က္က Volvo ရဲ႕နည္းပညာသစ္ျဖစ္တဲ့ birds-eye view စနစ္လုိ႔ေခၚတဲ့ ကားပါကင္လုံးဝကုိ အေထာက္အပံ့ေပးႏုိင္တဲ့ 360 ဒီဂရီျမင္ကြင္းကုိေျပာင္းလဲေပးႏုိင္တဲ့ စနစ္ျဖစ္ပါတယ္။ ဒီစနစ္က အေပၚစီးကေနကားကုိ ျမင္ရေအာင္ျပဳလုပ္ေပးထားျပီး ေရွ႕ေနာက္ဘယ္ညာ ျမင္ကြင္းေတြကုိရွင္းရွင္းလင္းလင္းျမင္ရလုိ႔ Driverကုိအရမ္းပဲအေထာက္အကူျပဳေပးႏုိင္တဲ့စနစ္လုိ႕ ဆုိႏုိင္ပါ တယ္။ Keyless Entry စနစ္ကုိအသုံးျပဳထား တာေၾကာင့္ ေနာက္တံခါးကုိဖြင့္စရာမလုိဘဲ ေသာ့ကုိအိတ္ ေထာင္ထဲထည့္ထားျပီး အနားသြားရပ္ေပးရုံနဲ႕ အလုိအေလ်ာက္တံခါးပြင့္လာမွာျဖစ္ပါတယ္။ ဒီကားက လူ ၅ ေယာက္သက္ေသာင့္သက္သာစီးနင္းႏုိင္တဲ့အျပင္ Cargo Space ကလည္းလုံလုံေလာက္ေလာက္ရွိဦးမွာပါ။ Cargo ခန္းမွာ ပစၥည္းေတြကုိ Cover လုပ္ဖုိ႕ဖုံးအုပ္စရာပါသလုိ ဒုတိယခုံတန္းကုိလည္း လုိသလုိအေခါက္ အသိမ္းလုပ္ႏုိင္ပါေသးတယ္။ ျပီးေတာ့ဇုန္ ၄ ဇုန္ကုိျဖန္႕က်က္ေပးႏုိင္တဲ့ air-condition စနစ္ကလည္း အပူအေအးကုိ လုိအပ္သလုိထိန္းညွိေပးႏုိင္ျပီး စီးနင္းသူမ်ားကုိ သက္ေတာင့္သက္သာရွိေစႏုိင္မွာပါ။ ဒီစနစ္နဲ႕အတူ XC 60 ရဲ႕ထူးျခားတဲ့ နည္းပညာကေတာ့ carbon monoxide, hydrocarbon and nitrogen dioxides အႏၱရာယ္ျဖစ္ေစႏုိင္တဲ့အရာေတြ ကားထဲမဝင္ႏုိင္ေအာင္ ေလကုိသန္႕စင္ေပးႏုိင္တဲ့ CleanZone နည္းပညာပဲျဖစ္ပါတယ္။ ေနာက္ျပီးေတာ့ ကားေရွ႕ခန္းမွာ စတုိင္က်လွပတဲ့ လက္တင္ခုံနဲ႕ ပစၥည္းထည့္စရာေနရာပါသလုိ AUX and USB ခ်ိတ္ဆက္လုိ႕ရႏုိင္ပါတယ္။အဲဒီလုိပဲေနာက္ဘက္ခုံ တန္းမွာလည္းလက္တင္ခုံနဲ႕ပစၥည္းထည့္စရာေနရာပါဝင္ျပီးခုံေအာက္မွာလည္းပစၥည္းထည့္လုိ႕ရေအာင္ဖန္တီးေပးထားပါတယ္။ ေနာက္ထပ္ေျပာျပခ်င္တာကေတာ့ ထုိင္ခုံေတြ အေၾကာင္းပါ။လည္သာစစ္စစ္ကုိသာ အသုံးျပဳထားလုိ႕ဇိမ္ရွိတဲ့အေတြ႕အထိကုိ ခံစားရမွာျဖစ္သလုိ Driver seat ကုိလည္းပုံစံ ၃ မ်ိဳးနဲ႕Save ထားလုိ႕ရႏုိင္တဲ့ စနစ္လည္းပါဝင္ပါတယ္။ ေရွ႕Passenger Seat ကုိလည္း လုိသလုိခ်ိန္ညွိႏုိင္တဲ့ Auto စနစ္ပါဝင္ပါေသးတယ္။ ထုိင္ခုံအပူေပးစနစ္ပါဝင္သလုိ Power Lumbar Support လုိ႕ေခၚတဲ့စနစ္ကလည္း ခရီးေဝးသြားလာမွဳေတြမွာ ထုိင္ရတာသက္ေတာင့္သက္သာရွိေစေအာင္ ျပဳျပင္ႏုိင္ပါေသးတယ္။ ေနာက္ထပ္စြဲမက္ဖြယ္ရာတစ္ခုကေတာ့ အနက္ေရာင္လည္သာအုပ္ထားတဲ့ exclusive dashboard ေတြပဲျဖစ္ပါတယ္။ Entertainment အေနနဲ႕ dashboard ေပၚက Sub-wofer အပါအဝင္ ေဖ်ာ္ေျဖမွဳအတြက္ 1100W Class-D amplifier and Bowers & Wilkins speakers 15 လုံးပါ ဝင္တာပဲျဖစ္ပါတယ္။ဒီစနစ္ကကားအတြင္းစီးနင္းသူေတြကုိ ျဖန္႕က်က္ေပးႏုိင္အသံ feature ေတြပါဝင္တာ ေၾကာင့္ Entertainment ကုိအျပည့္အဝခံစားႏုိင္ေစမွာပါ။

စြမ္းေဆာင္ရည္

All-new Volvo XC60 မွာ Standard အေနနဲ႕ Gasoline ေရာ Diesel မွာပါ 2.0L အင္ဂ်င္ကုိအသုံးျပဳထားပါတယ္။ Inscription မွာေတာ့ Gasoline တစ္မ်ိဳးတည္းပဲရႏုိင္ျပီး ျမန္မာျပည္မွာရႏုိင္မယ့္ T6 ေမာ္ဒယ္မွာေတာ့ In-line 4-Cylinder Turbocharged & Supercharged Engine ကုိျမင္းေကာင္ေရ 316 ေကာင္အားထြက္ရွိမယ့္အျပင္ Torque 295 lb-ft မွာ အျမင့္ဆုံး rpm 5400ကုိရရွိႏုိင္မွာပါ။ အင္ဂ်င္ရဲ႕ပါဝါကေသးငယ္ေအာင္ျပဳလုပ္ထားျခင္းက ဆီစားသက္သာ ေအာင္နဲ႕ emissions နည္းပါးေအာင္ျပဳလုပ္ထားေပမယ့္ အဆင့္ျမင့္နည္းပညာေတြေၾကာင့္ ပါဝါထြက္ရွိမွဳက အံ့အားသင့္စရာေကာင္းေအာင္ စြမ္းေဆာင္ရည္ျမင့္မားပါတယ္။ Chassis ပုိင္းမွာလည္း front suspension ကုိ aluminum wishbone ေတြနဲ႕ျပဳလုပ္ထားလုိ႕ဘယ္လုိလမ္းေတြမွာပဲျဖစ္ျဖစ္ စတီယာရင္ကုိင္တြယ္ရမွဳက လြယ္ကူေခ်ာေမြ႔ေစမွာပါ။ ေနာက္ suspensionကုိေတာ့ ေပါ့ပါးတဲ့ leaf spring ေတြနဲ႔ထုိင္ထားလုိ႕ အခ်ိဳးအေကြ႕ေတြမွာ ကားကုိခါရမ္းေစတာမ်ိဳးမရွိေစႏုိင္ပါဘူး။ ျပီးေတာ့ ေထာင့္ ၄ ခုမွာ Air Suspension စနစ္တပ္ဆင္ထားလုိ႕လမ္းၾကမ္းေတြေမာင္းႏွင္မွဳမွာ တုန္ခါမွဳ၊ယိမ္းယုိင္မွဳေတြ မျဖစ္ေစႏုိင္ပါဘူး။ All Wheel Drive (AWD) စနစ္သုံးကားေတြျဖစ္ကာ Eight-speed Geartronic™ Automatic Transimssion စနစ္ကုိသုံးထားပါတယ္။ Comfort, Eco, Dynamic, Off road and Individual mode တုိ႕ဆုိျပီး Drive mode 5 မ်ိဳးပါဝင္သလုိ ျမိဳ႕တြင္းေမာင္းႏွင္မွဳေတြမွာ ဆီစားသက္သာဖုိ႔နဲ႕ကာဗြန္ဒုိင္ေအာက္ဆုိက္ထုတ္လႊတ္မွဳနည္းပါး ေအာင္ Enging Start/Stop နည္းပညာလည္းပါ၇ွိပါတယ္။

လုံျခံဳေရးစနစ္

ဒီအပုိင္းကေတာ့ Volvo ကေနျပီးေၾကညာထားသလုိပဲ ျပီးျပည့္စုံတဲ့ လုံျခံဳမွဳကုိခံစားသိရွိခဲ့ရပါတယ္။ ပထမဆုံးေျပာခ်င္တာက driver display ပါ။ဒီမွာက Driver ရဲ႕ေမာင္းႏွင္မွဳကုိ အာရုံခံျပီး ငုိက္မ်ဥ္းမွဳ၊လမ္းေၾကာင္းမွားတာေတြရွိပါက အခ်က္ျပေပးတဲ့စနစ္ပါပါတယ္။ေနာက္ျပီးAirbags အေနနဲ႕ Driver နဲ႕ Passenger တုိ႕ရဲ႕ မ်က္ႏွာ၊ရင္ဘတ္၊ဦးေခါင္းစတာေတြကုိ ကာကြယ္ႏုိင္ဖုိ႕ Air bags ၁၃ လုံးပါဝင္ပါတယ္။ ျပီးေတာ့ ထူးျခားမွဳအေနနဲ႕ ယာဥ္တုိက္မွဳျဖစ္ပြားရင္ ဦးေခါင္းကုိကာကြယ္ေပးမယ့္ Inflatable Curtain ေတြလည္းပါရွိပါတယ္။ ဒါ့အျပင္ ယာဥ္တုိက္မွဳျဖစ္ရင္ ထိခုိက္မွဳေလ်ာ့နည္းေအာင္ျပဳလုပ္ေပးတဲ့ Automatic Braking စနစ္၊ ယာဥ္တုိက္မွဳျဖစ္ပြားရင္ ဘရိတ္နင္းရလြယ္ကူဖုိ႕အလုိအေလ်ာက္ဆင္ဆာစနစ္နဲ႕ ဘရိတ္ေျခနင္းကုိပုံမွန္ထက္ေအာက္ကုိနိမ့္က်ေပးတဲ့စနစ္၊ျမိဳ႕တြင္းေမာင္းႏွင္မွဳေတြမွာယာဥ္တုိက္မွဳေရွာင္ ရွား ႏုိင္ဖုိ႕ေဘးပတ္ဝန္းက်င္မွအရာဝတၳဳေတြရဲ႕လွဳပ္ရွားမွဳကုိအဆက္မျပတ္သတင္းပုိ႕ေပးျပီး အရွိန္ေလွ်ာ့ေမာင္း ႏွင္စဥ္မွာလည္း ထိခုိက္မွဳရွိလာႏုိင္ရင္ အလုိအေလ်ာက္ဘရိတ္ဖမ္းေပးႏုိင္တဲ့ City Safety Collision Avoidance Technology၊ ေတာင္ဆင္းေတာင္တက္ရာမွာ အကူအညီေပးမယ့္ Hill Descent Control နဲ႕ Hill Start Assist ၊ လမ္းေၾကာင္းေသြဖယ္သြားရင္ စတီယာရင္တုန္ခါျခင္း၊Seat belt တုန္ခါျခင္းတုိ႕အျပင္အသံ နဲ႕သတိေပးႏုိင္တဲ့ Lane Keeping Aid စနစ္၊ ဒါမွမဟုတ္လမ္းေၾကာင္းေသြဖယ္သြားရင္ အလုိအ ေလ်ာက္ျပန္တည့္ေပးႏုိင္တဲ့ Oncoming Lane Mitigation စနစ္၊ Cruise Control ကုိသုံးျပီး အလုိအေလ်ာက္ေမာင္းႏွင္ေပးႏုိင္တဲ့ Pilot Assist ၊ ေနာက္ဘက္မွယာဥ္တုိက္မွဳေတြကုိ သတိေပးႏုိင္တဲ့ Rear Collision Warning system ၊ တာယာအေျခအေနသိႏုိင္တဲ့ Tire Pressure Monitoring System ၊ လမ္းေပ်ာက္ျပီးယာဥ္တုိက္မွဳျဖစ္ပါက ထိခုိက္မွဳေလ်ာ့ပါးေစေသာ Run Off Road Mitigation စနစ္၊ ကေလးငယ္မ်ားအတြက္ Power Child Locksေတြနဲ႕အတူ ယာဥ္မေတာ္တဆမွဳျဖစ္ပါက ယာဥ္ေပၚပါသူေတြကုိ ထိခုိက္မွဳနည္းေအာင္ ပုံမွန္ထက္လူကုိတင္းၾကပ္ေပးမယ့္ Safety Belts ေတြပါဝင္ပါတယ္။အဲဒီအျပင္ ေတာင့္တင္းမွဳရွိတဲ့ စတီးကုိယ္ထည္ေတြက ယာဥ္တုိက္မွဳကုိေလ်ာ့နည္းေစႏုိင္သလုိ ကားအတြင္းခန္းက ေဘာင္ကြပ္ေတြနဲ႕ တံခါးေဘာင္ေတြထဲမွာလည္း ထိခုိက္မွဳေလ်ာ့နည္းေအာင္ ေတာင့္တင္းတဲ့သံမဏိေတြထည့္ သြင္းတည္ေဆာက္ထားပါေသးတယ္။

ေစ်းႏွဳန္း

XC 60 2018 model T 6 inscription ကုိ USD115,000 ကေနစျပီး Volvo Myanmar No 146, Dhammazedi Road, Bahan Township,Yangon. Ph. 09 965 086586 မွာဆက္သြယ္မွာယူႏုိင္ပါျပီ။

Specifications

VEHICLE TYPE: front-engine, all-wheel-drive, 5-passenger, 4-door hatchback

ENGINE TYPES :T6 AWD supercharged, turbocharged, and intercooled DOHC 16-valve inline-4, 316 hp, 295 lb-ft;

TRANSMISSION: 8-speed automatic with manual shifting mode

DIMENSIONS:

Wheelbase: 112.8 in

Length: 184.6 in

Width: 78.7 in Height: 65.3 in

Passenger volume: 100-103 cu ft

Cargo volume: 30 cu ft

Curb weight (C/D est): 4300-4800 lb

PERFORMANCE (C/D EST):

Zero to 60 mph: 4.9-5.7 sec

Zero to 100 mph: 14.2-17.0 sec

Standing ¼-mile: 13.8-15.4 sec

Top speed: 140 mph