Unicode version..

ဆွီဒင်နိုင်ငံ အခြေစိုက် Volvo ကားထုတ်လုပ်ရေး ကုမ္ပဏီကတော့ လက်ရှိအချိန်မှာ အဆင့်မြင့်နည်းပညာ များစွာကို တီထွင်ဖန်တီး လုပ်ဆောင်နိုင်ခဲ့တဲ့ ကမ ္ဘာကျော် ကားကုမ္ပဏီ တစ်ခုပါဘဲ။ ခေတ်ရေစီးကြောင်း နဲ့ အတူ လိုအပ်လာတဲ့ နည်းပညာ အသီးသီးကို ကုမ္ပဏီထုတ် ကားတွေအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းလာခဲ့တာပါ။ ကုမ္ပဏီ ရဲ့ ခေတ်ပေါ် အဆင့်မြင့်ကားတွေက ဘေးကင်း လုံခြုံမှု၊ အဆင့်အတန်း မြင့်မားမှုကို ပေးအပ်နိုင်ခဲ့ပြီး အသုံးပြုသူတွေရဲ့ လိုအင်ဆန္ဒတွေကို တိကျမှန်ကန်စွာ ဖြည့်ဆည်း ပေးနိုင်ခဲ့လို့ ယနေ့အချိန်ထိ ကားထုတ်လုပ် ရေး လောကမှာ Volvo က ဝင့်ကြားစွာ ရပ်တည်နေနိုင် ခဲ့တာ ဖြစ်ပါတယ်။ Volvo ရဲ့ Brand Name နဲ့ အတူ လက်ရှိ အချိန်မှာ ရေပန်းစားနေတဲ့ ကားလေးကတော့ Volo XC 90 ကားလေးပါပဲ။ ဒီကားလေးက Luxury Crossover SUV ကားအမျိုးအစားလေး ဖြစ်ပြီး ၂ဝဝ၂ က စတင်ပြီး First Generation ကို စျေးကွက်ကို တင်ပို့ခဲ့တာ ပါ။ အခု မိတ်ဆက်ပေးတဲ့ ကားကတော့ Second Generation ကားလေးဖြစ်ပါတယ်။

First Generation ကားလေးကို North American International Auoto Show ပွဲမှာ ၂ဝဝ၂ က မိတ်ဆက်ခဲ့တာပါ။ Volvo S 80 နဲ့ တစ်ခြား Volvo ကား အမျိုးအစားများစွာကိုပါ မိတ်ဆက် ပေးနိုင်ခဲ့တာပါ။ First Generation ကား ထုတ်လုပ်မှု တစ်စိတ်တစ်ပိုင်း ကို တရုတ် နိုင်ငံမှာ စတင်လုပ်ဆောင်ခဲ့ပြီး အဆုံးသတ်ပြီးစီး တဲ့ အထိဆောင်ရွက်ရတဲ့ လုပ်ငန်းကိုတော့ ဆွီဒင်နိုင်ငံမှာ လုပ်ဆောင်ခဲ့ပါတယ်။ ၂ဝ၁၄ နှစ်ကုန်ပိုင်းအထိ S 80 ကို ထုတ်လုပ်ခဲ့ပြီး ဒုတိယမျိုးဆက် အဖြစ် လက်ဆင့်ကမ်း ထုတ်လုပ်မယ့် Volvo XC Classic ကားကိုသာ ဆက် လက် ထုတ်လုပ်ခဲ့ပါတယ်။ ဒီကားကို Volvo XC 90 အမည် နဲ့ အမေရိကန်စျေးကွက်ကို တင်ပို့ခဲ့ရာမှာ ကား အစီးရေပေါင်း ၈၅,၉၉၄ စီး ရောင်းချနိုင်ခဲ့ပြီး Volvo ရဲ့ ရောင်းအား အကောင်းဆုံး ကားတစ်စီးအဖြစ် ၂ဝဝ၅ ခုနှစ် မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့ပါတယ်။ ၂ဝ၁၄ နှစ်ကုန် ပိုင်းမှာတော့ Second Generation XC 90 ကားကို ထပ်မံ မိတ်ဆက်ပေးခဲ့ပါတယ်။

Second Generation XC 90 ကားကို ၂ဝ၁၄ နှစ်ကုန်ပိုင်းမှာ စတင် ထုတ်လုပ်ခဲ့ပြီး ၂ဝ၁၅ ခုနှစ် မှာ တရားဝင် အမှာစာများနဲ့ စတင် ရောင်းချခဲ့ပါတယ်။ ဥရောပ၊ အာရှနဲ့ မြောက်အမေရိကနိုင်ငံ တွေမှာ ရောင်းချ နိုင်ခဲ့ပြီး အမေရိကန် ပြည်ထောင်စုမှာတော့ global sales အတွက် အနည်းဆုံး တတိယအဆင့်လောက် ရောင်းချ သွားနိုင်ဖို့ Volvo က မျှော်မှန်းထားခဲ့ပါတယ်။ XC 90 ကားကို ထုတ်လုပ်ရာမှာ SPA နည်းပညာကို အခြေခံ ထားပြီး ထုတ်လုပ်ခဲ့တာပါ။ SUV ကား features အဖြစ် Stronger Platform ကို ပေးသွားနိုင်ဖို့ ရည်ရွယ်ခဲ့ပါ တယ်။ ပေါ့ပါးတဲ့ကိုယ်ထည်၊ အဆင့်မြင့် ဘေးကင်း လုံခြံုရေး စနစ် နဲ့ လောင်စာစွမ်းအင် ချွေတာနိုင်မှုတို့ကို အဓိကထားပြီး လုပ်ဆောင်ပေးခဲ့ပါတယ်။

ကားရဲ့ ကိုယ်ထည်ပိုင်းကရှည်ပြီး အတွင်းခန်းက ကျယ်ဝန်းပါတယ်။ အရင်ဦးဆုံး ထုတ်လုပ်ခဲ့တဲ့ ကိုယ် ထည် ပိုင်းလိုပဲ အောက်ခြေပိုင်းက နိမ့်ပါတယ်။ အင်ဂျင် ကိုတော့ XC 90 မှာ 2.0-liter Four-cylinder Drive-E Powertrains ဖြစ်ပြီး Eight-Speed Geartronic Transmission စနစ်ကို အသုံးပြုထားတာပါ။ ဓာတ်ဆီ အင်ဂျင် နှစ်မျိုး နဲ့ ဒီဇယ်အင်ဂျင် နှစ်မျိုးကို ရွေးချယ်သွား နိုင်ပါလိမ့်မယ်။ ဓာတ်ဆီအင်ဂျင် နှစ်မျိုးက twin-charged 320 hp T6, 400 nm torque နဲ့ turbocharged 254 hp T5, 350 nm torque တို့ဖြစ်ပါတယ်။ ဒီဇယ် အင်ဂျင် နှစ်မျိုးက twin turbo 235 hp D5, 470 nm torque နဲ့ turbo-charged 190 hp D4, 400 nm torque တို့ဖြစ်ပါ တယ်။ XC 90 ကား အတွက် Twin Engine အမျိုးအစား ကို ရရှိနိုင်မှာပါ။ XC 90 plus-in hybrid ကားမှာ Powerful Petrol Engine ကို အရှေ့ဖက်မှာ ထားရှိပြီး Electric Motor ကိုတော့ နောက်ဖက်မှာ ပေါင်းစပ် ထားရှိပါတယ်။ ဒီကားကတော့ မြင်းကောင်းရေ 400 hp ထွက်ရှိပြီး ရုန်းအားကတော့ 640 nm ဖြစ်ပါတယ်။

First Edition ဖြစ်တဲ့ All-New Volvo XC 90 ကားကို ၂ဝ၁၄ စက်တင်ဘာ ၃ ရက်နေ့မှာ စတင်ရောင်းချ ခဲ့ရာ အရောင်းဖွင့်ပြီး ၄၇ နာရီအကြာမှာပဲ ကားအစီးရေ ပေါင်း ၁,၉၂၇ စီးကို အမှာစာ ရရှိခဲ့ပါတယ်။ ဒီကားမှာ Petrol T6 (သို့) Diesel D5 အင်ဂျင်တွေကို တပ်ဆင်ပေး ထားပါတယ်။ အလှဆင်ထားတဲ့ ကိုယ်ထည် အရောင်က Onyx Black ဖြစ်ပြီး ၂၁ လက်မ အလွိုင်း Wheel ကို တပ်ဆင်ပေးထားပါတယ်။ Volvo ရဲ့ တံဆိပ်ပြားကို ယာဉ်ရဲ့ အနောက်ဘက်မှာ Model အမျိုးအစား နဲ့ တွဲပြီး ထင်ရှားစွာ တပ်ဆင် ပေးထားခဲ့တာဖြစ်ပါတယ်။ XC 90 ရဲ့ First Editon Number 1 ကို ဆွီဒင်နိုင်ငံ ရဲ့ ဘုရင်မင်းမြတ် Carl XVI Gustar ကိုယ်တိုင် နေရာ ချထား ပေးခဲ့ပြီး Number 10 ကိုတော့ ဆွီဒင် နိုင်ငံရဲ့ Professional ဘောလုံးသမား Zlatan Ibrahimovi က နေရာတကျဖြစ်အောင် တပ်ဆင်ပြီး ဂုဏ်ပြုပေးခဲ့တာပါ။

New XC 90 ကားရဲ့ Chassis ဒီဇိုင်းကို ပြန်လည် ပြင်ဆင်ခဲ့ရာမှာ ရှေ့ပိုင်း Suspension စနစ်မှာ Double Wishbone အဖြစ် လုပ်ဆောင်ပေးခဲ့ပါတယ်။ New integral link rear axle ကို ပေါင်းစပ်ပေးထားရာမှာ lightweight material နဲ့ ပြုလုပ်ထားတဲ့ Leaf Spring တွေကို တပ်ဆင်ပေးခဲ့ပါတယ်။ Electornically Controlled Air Suspension စနစ်ကို တပ်ဆင်ပေးထား ပြီး ရွေးချယ်စရာ modes 5 မျိုး ပါဝင်ပါတယ်။

အတွင်းခန်း features တွေ အနေနဲ့ ၉လက်မ အရွယ်အစား ရှိိတဲ့ tablet-like touch screen ကို control လုပ်ပေးသွားနိုင်တဲ့ console ပါဝင်ပါတယ်။ screen control မှာတော့ steering wheel control နဲ့ voice-control system တွေကိုပါ ပါဝင်လုပ်ဆောင်သွား နိုင်မှာဖြစ်ပါတယ်။ Interface system မှာ marketed sensus နဲ့ link လုပ်ထားပြီး coloud-base app ပါဝင် ပါတယ်။ ဒီ app က Internet Radio Connected Navigation , Parking , music stereaming, os mirroring apple နဲ့ android device တို့ ပါဝင်ပါတယ်။ ဒီစနစ်တွေကို touch screen နဲ့ Display လုပ်သွားနိုင် ပါလိမ့်မယ်။ ကားအတွင်းခန်းမှာ Wi-Fi hotspot ကို tablet နဲ့ အသုံးပြုသွားနိုင်မှာပါ။

Start / Stop button နဲ့ Drive mode control ကိုလုပ်ဆောင်ဖို့ Orrefors Crystal နဲ့ ပြုလုပ်ထားတဲ့ Gear level ကို centre console မှာ ထားရှိ ပါတယ်။ အဆင့်မြင့် Audio system ကို အသုံးပြုထားပြီး 1400 W Class-D amplifier နဲ့ 19 Bowers & Wilkcins Speakers ကို အသုံးပြုထားလို့ Subwoofers လို လုပ်ဆောင်ချက် မျိုးကို ရရှိစေမှာပါ။ Adjustable sied bolsters နဲ့ extension လုပ်လို့ရတဲ့ seat cushion တွေတပ်ဆင် ထားတဲ့ ထိုင်ခုံတွေလည်း ပါဝင်ပါတယ်။ ဒီထိုင်ခုံစနစ်က ယာဉ်မောင်းနဲ့ ခရီးသည်ကို အညောင်း အညာ ပြေစေပြီး သက်သောင့် သက်သာ ရှိစေ ပါတယ်။ အလယ်မှာတော့ ကလေးထိုင်ခုံကို တပ်ဆင် ပေးထားမှာပါ။ Volvo XC 90 က လူ ၅ ယောက် စီးနိုင်တယ်လို့ ဆိုပေမယ့် ခုံတန်း ၃ တန်း နဲ့ လူ ရ ယောက်စီးနိုင်တဲ့ အကျယ်အဝန်းမျိုး ကိုလည်း ရရှိ နိုင်ပါတယ်။

လေထု ညစ်ညမ်းမှုကို သန့်စင် ပေးတဲ့ Purifi- cation system မှာ New Carbon filter ကို ထမ်မံ ပေါင်းစပ် ထားလို့ လေထုထဲက ပါလာတဲ့ အညစ် အကြေး အမှုန် အမွှားကို သန့်စင်အောင် ပြုလုပ်ပေးသွားနိုင်မှာပါ။ 360. View system ပါဝင်လို့ မြင်ကွင်းအားလုံးကို ယာဉ်မောင်း က ထင်ထင်ရှားရှား တွေ့မြင်နိုင်မှာပါ။ ကင်မရာ ပုံရိပ်တွေ ကို digilally စနစ် နဲ့ ပေါင်းစပ် ဖော်ပြပေးပြီး ပုံရိပ် တွေ ကို 360. View နဲ့ ဖမ်းယူ ရရှိစေတဲ့ birds – eye view system ကတော့ ယာဉ်မောင်း တွေကို သတင်း အချက်အလက် အတွက် အထောက် အကူပြု ပေးသွား ပါလိမ့်မယ်။

Volvo ရဲ့ new XC 90 ကားမှာ ဘေးကင်းလုံခြံုမှု စနစ်များစွာကို လုပ်ဆောင်ပေးထားပါတယ်။ ရှေ့ထိုင်ခုံ ခါးပတ်စနစ်မှာ ယာဉ်မောင်းနဲ့ ခရီးသည်ရဲ့ ကျောရိုး တန်းမ ထိခိုက်နာကျင်မှုကို ကာကွယ်ပေးနိုင်တဲ့ ဒီဇိုင်းမျိုး ကို ပြုလုပ်ထားပြီး ထိုင်ခုံနဲ့ seat frame cushion တွေပေါ် သက်ရောက်လာတဲ့ Vertical Force တွေကို လျော့ချပေးနိုင် ပါလိမ့်မယ်။ ယာဉ်ကြော ကျပ်တည်းတဲ့ မြို့တွင်း နဲ့ အဝေးပြေးလမ်းတွေမှာ အသုံးပြုမယ့် အလို အလျောက် ဘရိတ်စနစ် ကိုလည်း တပ်ဆင်ပေးထား ပါတယ်။ ဒီ system ကနေ ညအချိန်တွေမှာ မမြင်ကွယ် ရာက ထွက်ရှိလာတဲ့ လူနဲ့ အရာဝတ္ထု တွေကို ထိခိုက်မိတဲ့

အန္တရာယ်ကနေ ကာကွယ်ပေးသွား နိုင်ပါတယ်။

Adaptive Cruise Control Sytem မှာတော့ Pilot Assist စနစ်ပါဝင်ပြီး ယာဉ်ကြော ရှုပ်ထွေးမှု ရှိနေတဲ့

နေရာမှာ ယာဉ်မောင်းရဲ့ လက်ထောက် တစ်ယောက်လို ကူညီ ဆောင်ရွက် ပေးသွားမှာပါ။ Pilot Assist system က Semi-Autonomous အသွင်နဲ့ ယာဉ်ကို မောင်းစဉ်မှာ ယာဉ်မောင်း အတွက် ဘေးကင်းလုံခြံုမှုနဲ့ သက်သောင့် သက်သာ ရှိမှုတို့ကို လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။

All-New 2016 XC 90 SUV ကားလေးကို သြစတေးလျနိုင်ငံမှာ 2015 သြဂုတ်လ က စတင်ရောင်းချ ခဲ့တာ ဖြစ်ပြီး ဘေးကင်းလုံခြံုမှု အရှိဆုံး ကားအဖြင့် သြစတေးလျ နိုင်ငံမှာ လူကြိုက်များ ထင်ရှားခဲ့ပါတယ်။ ၂ဝ၂ဝ ခုနှစ်မှာ Volvo ကုမ္ပဏီ ရဲ့ ကားတွေကြောင့် လူထိခိုက်မှု နဲ့ သေဆုံးမှု လုံးဝမရှိစေရဘူးလို့ အာမ ခံချက် အပြည့်အဝ နဲ့ သတ္တိရှိရှိ ရှေ့ကိ်ု လှမ်းလျှောက် နေခဲ့တဲ့ Volvo ကုမ္ပဏီ ထုတ်ကားတွေကိုတော့ ဘေးကင်း လုံခြံုမှု အတွက် စိုးရိမ်နေစရာမလိုပဲ ဘုရား ပေးတဲ့ ဆုလက်ဆောင် တစ်ခုလို သဘောထားပြီး အမြန်ဆုံး ပြေးဝယ်ကြပါလို့ မေတ္တာရှေ့ထားပြီး လမ်းညွန် တင်ပြ ပေးလိုက်ပါတယ်။

Specification

Engine

Petorl engines

. T6 auto AWD

Technical Specifications :

Engine Name B4204T27

Engine Type Description Four-cylinder Super – charged and turbocharged engine

Drivetrain All – Wheel drive

Engine Cylinders 4

Engine Displacement 1969 cc

Kilowatts Amount 235 kW

Horsepower Amount 320 hp

Maximum torque at 2200-5400 rpm

Fuel Type Name Petrol

Diesel Engines D5 auto AWD

Engine Type Description Four-Cylinder twin

turbo-charged dies-

el engine with pow-

er pulse

Drivetrain All wheel drive

Engine Cylinders 4

Engine Displacement 1969 cc

Kilowatts Amount 173 KW

Horsepower Amount 235 hp

Maximum torque 1750-2250 rpm

Fuel Type Name Diesel

ပါဝါ

Zawgyi version…

ဆြီဒင္ႏိုင္ငံ အေျခစိုက္ Volvo ကားထုတ္လုပ္ေရး ကုမၸဏီကေတာ့ လက္ရွိအခ်ိန္မွာ အဆင့္ျမင့္နည္းပညာ မ်ားစြာကို တီထြင္ဖန္တီး လုပ္ေဆာင္ႏိုင္ခဲ့တဲ့ ကမ ၻာေက်ာ္ ကားကုမၸဏီ တစ္ခုပါဘဲ။ ေခတ္ေရစီးေၾကာင္း နဲ႔ အတူ လိုအပ္လာတဲ့ နည္းပညာ အသီးသီးကို ကုမၸဏီထုတ္ ကားေတြအတြက္ စဥ္ဆက္မျပတ္ ႀကိဳးပမ္းလာခဲ့တာပါ။ ကုမၸဏီ ရဲ႕ ေခတ္ေပၚ အဆင့္ျမင့္ကားေတြက ေဘးကင္း လံုၿခံဳမႈ၊ အဆင့္အတန္း ျမင့္မားမႈကို ေပးအပ္ႏိုင္ခဲ့ၿပီး အသံုးျပဳသူေတြရဲ႕ လိုအင္ဆႏၵေတြကို တိက်မွန္ကန္စြာ ျဖည့္ဆည္း ေပးႏိုင္ခဲ့လို႔ ယေန႔အခ်ိန္ထိ ကားထုတ္လုပ္ ေရး ေလာကမွာ Volvo က ဝင့္ၾကားစြာ ရပ္တည္ေနႏိုင္  ခဲ့တာ ျဖစ္ပါတယ္။ Volvo ရဲ႕ Brand Name နဲ႔ အတူ လက္ရွိ အခ်ိန္မွာ ေရပန္းစားေနတဲ့ ကားေလးကေတာ့ Volo XC 90 ကားေလးပါပဲ။ ဒီကားေလးက Luxury Crossover SUV ကားအမ်ိဳးအစားေလး ျဖစ္ၿပီး ၂ဝဝ၂ က စတင္ၿပီး First Generation ကို ေစ်းကြက္ကို တင္ပို႔ခဲ့တာ ပါ။ အခု မိတ္ဆက္ေပးတဲ့ ကားကေတာ့ Second Generation ကားေလးျဖစ္ပါတယ္။

First Generation ကားေလးကို North American International Auoto Show ပဲြမွာ ၂ဝဝ၂ က မိတ္ဆက္ခဲ့တာပါ။ Volvo S 80 နဲ႔ တစ္ျခား Volvo ကား အမ်ိဳးအစားမ်ားစြာကိုပါ မိတ္ဆက္ ေပးႏိုင္ခဲ့တာပါ။ First Generation ကား ထုတ္လုပ္မႈ တစ္စိတ္တစ္ပိုင္း ကို တရုတ္ ႏိုင္ငံမွာ စတင္လုပ္ေဆာင္ခဲ့ၿပီး အဆံုးသတ္ၿပီးစီး တဲ့ အထိေဆာင္ရြက္ရတဲ့ လုပ္ငန္းကိုေတာ့ ဆီြဒင္ႏိုင္ငံမွာ လုပ္ေဆာင္ခဲ့ပါတယ္။ ၂ဝ၁၄ ႏွစ္ကုန္ပိုင္းအထိ S 80 ကို ထုတ္လုပ္ခဲ့ၿပီး ဒုတိယမ်ိဳးဆက္ အျဖစ္ လက္ဆင့္ကမ္း ထုတ္လုပ္မယ့္ Volvo XC Classic ကားကိုသာ ဆက္ လက္ ထုတ္လုပ္ခဲ့ပါတယ္။ ဒီကားကို Volvo XC 90 အမည္ နဲ႔ အေမရိကန္ေစ်းကြက္ကို တင္ပို႔ခဲ့ရာမွာ ကား အစီးေရေပါင္း ၈၅,၉၉၄ စီး ေရာင္းခ်ႏိုင္ခဲ့ၿပီး Volvo ရဲ႕ ေရာင္းအား အေကာင္းဆံုး ကားတစ္စီးအျဖစ္ ၂ဝဝ၅ ခုႏွစ္ မွာ ခိုင္ခိုင္မာမာ ရပ္တည္ႏိုင္ခဲ့ပါတယ္။ ၂ဝ၁၄ ႏွစ္ကုန္ ပိုင္းမွာေတာ့ Second Generation XC 90 ကားကို ထပ္မံ မိတ္ဆက္ေပးခဲ့ပါတယ္။

Second Generation XC 90 ကားကို ၂ဝ၁၄ ႏွစ္ကုန္ပိုင္းမွာ စတင္ ထုတ္လုပ္ခဲ့ၿပီး ၂ဝ၁၅ ခုႏွစ္ မွာ တရားဝင္ အမွာစာမ်ားနဲ႔ စတင္ ေရာင္းခ်ခဲ့ပါတယ္။ ဥေရာပ၊ အာရွနဲ႔ ေျမာက္အေမရိကႏိုင္ငံ ေတြမွာ ေရာင္းခ် ႏိုင္ခဲ့ၿပီး အေမရိကန္ ျပည္ေထာင္စုမွာေတာ့ global sales အတြက္ အနည္းဆံုး တတိယအဆင့္ေလာက္ ေရာင္းခ် သြားႏိုင္ဖုိ႔ Volvo က ေမွ်ာ္မွန္းထားခဲ့ပါတယ္။ XC 90 ကားကို ထုတ္လုပ္ရာမွာ SPA နည္းပညာကို အေျခခံ ထားၿပီး ထုတ္လုပ္ခဲ့တာပါ။ SUV ကား features အျဖစ္ Stronger Platform ကုိ ေပးသြားႏိုင္ဖုိ႔ ရည္ရြယ္ခဲ့ပါ တယ္။ ေပါ့ပါးတဲ့ကိုယ္ထည္၊ အဆင့္ျမင့္ ေဘးကင္း လံုၿခံဳေရး စနစ္ နဲ႔ ေလာင္စာစြမ္းအင္ ေခြၽတာႏိုင္မႈတုိ႔ကို အဓိကထားၿပီး လုပ္ေဆာင္ေပးခဲ့ပါတယ္။

ကားရဲ႕ ကိုယ္ထည္ပိုင္းကရွည္ၿပီး အတြင္းခန္းက က်ယ္ဝန္းပါတယ္။ အရင္ဦးဆံုး ထုတ္လုပ္ခဲ့တဲ့ ကိုယ္ ထည္ ပိုင္းလိုပဲ ေအာက္ေျခပိုင္းက နိမ့္ပါတယ္။ အင္ဂ်င္ ကိုေတာ့ XC 90 မွာ 2.0-liter Four-cylinder Drive-E Powertrains ျဖစ္ၿပီး Eight-Speed Geartronic Transmission စနစ္ကို အသံုးျပဳထားတာပါ။ ဓာတ္ဆီ အင္ဂ်င္ ႏွစ္မ်ိဳး နဲ႔ ဒီဇယ္အင္ဂ်င္ ႏွစ္မ်ိဳးကို ေရြးခ်ယ္သြား ႏိုင္ပါလိမ့္မယ္။ ဓာတ္ဆီအင္ဂ်င္ ႏွစ္မ်ဳိးက twin-charged 320 hp T6, 400 nm torque နဲ႔ turbocharged 254 hp T5, 350 nm torque တို႔ျဖစ္ပါတယ္။ ဒီဇယ္ အင္ဂ်င္ ႏွစ္မ်ဳိးက twin turbo 235 hp D5, 470 nm torque နဲ႔ turbo-charged 190 hp D4, 400 nm torque တို႔ျဖစ္ပါ တယ္။ XC 90 ကား အတြက္ Twin Engine အမ်ိဳးအစား ကို ရ႐ွိႏိုင္မွာပါ။ XC 90 plus-in hybrid ကားမွာ Powerful Petrol Engine ကို အေရွ႕ဖက္မွာ ထား႐ွိၿပီး Electric Motor ကိုေတာ့ ေနာက္ဖက္မွာ ေပါင္းစပ္ ထားရွိပါတယ္။ ဒီကားကေတာ့ ျမင္းေကာင္းေရ 400 hp ထြက္ရွိၿပီး ရုန္းအားကေတာ့ 640 nm ျဖစ္ပါတယ္။

First Edition ျဖစ္တဲ့ All-New Volvo XC 90 ကားကုိ ၂ဝ၁၄ စက္တင္ဘာ ၃ ရက္ေန႔မွာ စတင္ေရာင္းခ် ခဲ့ရာ အေရာင္းဖြင့္ၿပီး ၄၇ နာရီအၾကာမွာပဲ ကားအစီးေရ ေပါင္း ၁,၉၂၇ စီးကို အမွာစာ ရရွိခဲ့ပါတယ္။ ဒီကားမွာ Petrol T6 (သို႔) Diesel D5 အင္ဂ်င္ေတြကို တပ္ဆင္ေပး ထားပါတယ္။ အလွဆင္ထားတဲ့ ကိုယ္ထည္ အေရာင္က Onyx Black ျဖစ္ၿပီး ၂၁ လက္မ အလြိဳင္း Wheel ကို တပ္ဆင္ေပးထားပါတယ္။ Volvo ရဲ႕ တံဆိပ္ျပားကို ယာဥ္ရဲ႕ အေနာက္ဘက္မွာ Model အမ်ိဳးအစား နဲ႔ တဲြၿပီး ထင္႐ွားစြာ တပ္ဆင္ ေပးထားခဲ့တာျဖစ္ပါတယ္။ XC 90 ရဲ႕ First Editon Number 1 ကို ဆီြဒင္ႏိုင္ငံ ရဲ႕ ဘုရင္မင္းျမတ္ Carl XVI Gustar ကိုယ္တိုင္ ေနရာ ခ်ထား ေပးခဲ့ၿပီး Number 10 ကိုေတာ့ ဆီြဒင္ ႏိုင္ငံရဲ႕ Professional ေဘာလံုးသမား Zlatan Ibrahimovi က ေနရာတက်ျဖစ္ေအာင္ တပ္ဆင္ၿပီး ဂုဏ္ျပဳေပးခဲ့တာပါ။

New XC 90 ကားရဲ႕ Chassis ဒီဇိုင္းကို ျပန္လည္ ျပင္ဆင္ခဲ့ရာမွာ ေ႐ွ႕ပိုင္း Suspension စနစ္မွာ Double Wishbone အျဖစ္ လုပ္ေဆာင္ေပးခဲ့ပါတယ္။ New integral link rear axle ကို ေပါင္းစပ္ေပးထားရာမွာ lightweight material နဲ႔ ျပဳလုပ္ထားတဲ့ Leaf Spring ေတြကို တပ္ဆင္ေပးခဲ့ပါတယ္။ Electornically Controlled Air Suspension စနစ္ကို တပ္ဆင္ေပးထား ၿပီး ေရြးခ်ယ္စရာ modes 5 မ်ဳိး ပါဝင္ပါတယ္။

အတြင္းခန္း features ေတြ အေနနဲ႔ ၉လက္မ အရြယ္အစား ႐ိွိတဲ့ tablet-like touch screen ကို control လုပ္ေပးသြားႏုိင္တဲ့ console ပါဝင္ပါတယ္။ screen control မွာေတာ့ steering wheel control နဲ႔ voice-control system ေတြကိုပါ ပါဝင္လုပ္ေဆာင္သြား ႏိုင္မွာျဖစ္ပါတယ္။ Interface system မွာ marketed sensus နဲ႔ link လုပ္ထားၿပီး coloud-base app ပါဝင္ ပါတယ္။ ဒီ app က Internet Radio Connected Navigation , Parking , music stereaming, os mirroring apple နဲ႔ android device တို႔ ပါဝင္ပါတယ္။ ဒီစနစ္ေတြကို touch screen နဲ႔ Display လုပ္သြားႏုိင္ ပါလိမ့္မယ္။ ကားအတြင္းခန္းမွာ Wi-Fi hotspot ကို tablet နဲ႔ အသံုးျပဳသြားႏိုင္မွာပါ။

Start / Stop button နဲ႔ Drive mode control ကိုလုပ္ေဆာင္ဖုိ႔ Orrefors Crystal နဲ႔ ျပဳလုပ္ထားတဲ့ Gear level ကုိ centre console မွာ ထားရွိ ပါတယ္။ အဆင့္ျမင့္  Audio system ကို အသံုးျပဳထားၿပီး 1400 W Class-D amplifier နဲ႔ 19 Bowers & Wilkcins Speakers ကို အသံုးျပဳထားလို႔ Subwoofers လို လုပ္ေဆာင္ခ်က္ မ်ိဳးကို ရရွိေစမွာပါ။ Adjustable sied bolsters နဲ႔ extension လုပ္လို႔ရတဲ့ seat cushion ေတြတပ္ဆင္ ထားတဲ့ ထိုင္ခံုေတြလည္း ပါဝင္ပါတယ္။    ဒီထုိင္ခံုစနစ္က ယာဥ္ေမာင္းနဲ႔ ခရီးသည္ကို အေညာင္း အညာ ေျပေစၿပီး သက္ေသာင့္ သက္သာ ႐ွိေစ    ပါတယ္။ အလယ္မွာေတာ့ ကေလးထုိင္ခံုကို  တပ္ဆင္ ေပးထားမွာပါ။ Volvo XC 90 က လူ ၅ ေယာက္ စီးႏိုင္တယ္လို႔ ဆိုေပမယ့္ ခံုတန္း ၃ တန္း နဲ႔ လူ ၇ ေယာက္စီးႏိုင္တဲ့ အက်ယ္အဝန္းမ်ဳိး ကိုလည္း ရ႐ွိ ႏိုင္ပါတယ္။

ေလထု ညစ္ညမ္းမႈကို သန္႔စင္ ေပးတဲ့ Purifi- cation system မွာ New Carbon filter ကို ထမ္မံ ေပါင္းစပ္ ထားလို႔ ေလထုထဲက ပါလာတဲ့ အညစ္ အေၾကး အမႈန္ အမႊားကို သန္႔စင္ေအာင္ ျပဳလုပ္ေပးသြားႏိုင္မွာပါ။ 360. View system ပါဝင္လို႔ ျမင္ကြင္းအားလံုးကို ယာဥ္ေမာင္း က ထင္ထင္ရွားရွား ေတြ႕ျမင္ႏိုင္မွာပါ။ ကင္မရာ ပံုရိပ္ေတြ ကို digilally စနစ္ နဲ႔ ေပါင္းစပ္ ေဖာ္ျပေပးၿပီး ပံုရိပ္  ေတြ ကို 360. View နဲ႔ ဖမ္းယူ ရ႐ွိေစတဲ့ birds – eye view system ကေတာ့ ယာဥ္ေမာင္း ေတြကို သတင္း အခ်က္အလက္ အတြက္ အေထာက္ အကူျပဳ ေပးသြား ပါလိမ့္မယ္။

Volvo ရဲ႕ new XC 90 ကားမွာ ေဘးကင္းလံုၿခံဳမႈ စနစ္မ်ားစြာကို လုပ္ေဆာင္ေပးထားပါတယ္။ ေ႐ွ႕ထုိင္ခံု ခါးပတ္စနစ္မွာ ယာဥ္ေမာင္းနဲ႔ ခရီးသည္ရဲ႕ ေက်ာရိုး တန္းမ ထိခိုက္နာက်င္မႈကို ကာကြယ္ေပးႏိုင္တဲ့ ဒီဇိုင္းမ်ဳိး ကို ျပဳလုပ္ထားၿပီး ထိုင္ခံုနဲ႔ seat frame cushion ေတြေပၚ သက္ေရာက္လာတဲ့ Vertical Force ေတြကို ေလ်ာ့ခ်ေပးႏိုင္ ပါလိမ့္မယ္။ ယာဥ္ေၾကာ က်ပ္တည္းတဲ့ ၿမိဳ႕တြင္း နဲ႔ အေဝးေျပးလမ္းေတြမွာ အသံုးျပဳမယ့္ အလို အေလ်ာက္ ဘရိတ္စနစ္ ကုိလည္း တပ္ဆင္ေပးထား ပါတယ္။ ဒီ system ကေန ညအခ်ိန္ေတြမွာ မျမင္ကြယ္ ရာက ထြက္႐ွိလာတဲ့ လူနဲ႔ အရာဝတၳဳ ေတြကို ထိခိုက္မိတဲ့

အႏၱရာယ္ကေန ကာကြယ္ေပးသြား ႏိုင္ပါတယ္။

Adaptive Cruise Control Sytem မွာေတာ့ Pilot Assist စနစ္ပါဝင္ၿပီး ယာဥ္ေၾကာ ႐ႈပ္ေထြးမႈ ႐ွိေနတဲ့

ေနရာမွာ ယာဥ္ေမာင္းရဲ႕ လက္ေထာက္ တစ္ေယာက္လို ကူညီ ေဆာင္ရြက္ ေပးသြားမွာပါ။ Pilot Assist system က Semi-Autonomous အသြင္နဲ႔ ယာဥ္ကို ေမာင္းစဥ္မွာ ယာဥ္ေမာင္း အတြက္ ေဘးကင္းလံုၿခံဳမႈနဲ႔ သက္ေသာင့္ သက္သာ ႐ွိမႈတို႔ကို လုပ္ေဆာင္ေပးသြားမွာ ျဖစ္ပါတယ္။

All-New 2016 XC 90 SUV ကားေလးကို ၾသစေတးလ်ႏိုင္ငံမွာ 2015 ၾသဂုတ္လ က စတင္ေရာင္းခ် ခဲ့တာ ျဖစ္ၿပီး ေဘးကင္းလံုၿခံဳမႈ အ႐ွိဆံုး ကားအျဖင့္ ၾသစေတးလ် ႏိုင္ငံမွာ လူႀကိဳက္မ်ား ထင္ရွားခဲ့ပါတယ္။ ၂ဝ၂ဝ ခုႏွစ္မွာ Volvo ကုမၸဏီ ရဲ႕ ကားေတြေၾကာင့္ လူထိခိုက္မႈ နဲ႔ ေသဆံုးမႈ လံုးဝမ႐ွိေစရဘူးလို႔ အာမ ခံခ်က္ အျပည့္အဝ နဲ႔ သတိၱရွိရွိ ေ႐ွ႕ကိ္ု လွမ္းေလွ်ာက္ ေနခဲ့တဲ့ Volvo ကုမၸဏီ ထုတ္ကားေတြကိုေတာ့  ေဘးကင္း လံုၿခံဳမႈ အတြက္ စိုးရိမ္ေနစရာမလိုပဲ ဘုရား ေပးတဲ့ ဆုလက္ေဆာင္ တစ္ခုလို သေဘာထားၿပီး အျမန္ဆံုး ေျပးဝယ္ၾကပါလို႔ ေမတၱာေရွ႕ထားၿပီး လမ္းၫြန္ တင္ျပ ေပးလိုက္ပါတယ္။

 

Specification

Engine

Petorl engines

.  T6 auto AWD

Technical Specifications :

Engine Name           B4204T27

Engine Type Description   Four-cylinder  Super –   charged and  turbocharged  engine

Drivetrain                          All – Wheel drive

Engine Cylinders                 4

Engine Displacement           1969 cc

Kilowatts Amount               235 kW

Horsepower Amount           320 hp

Maximum torque at            2200-5400 rpm

Fuel Type Name                Petrol

Diesel Engines              D5 auto AWD

Engine Type Description      Four-Cylinder twin

turbo-charged dies-

el engine with pow-

er pulse

Drivetrain                          All wheel drive

Engine Cylinders                 4

Engine Displacement           1969 cc

Kilowatts Amount               173 KW

Horsepower Amount           235 hp

Maximum torque                1750-2250 rpm

Fuel Type Name                Diesel

ပါဝါ