Volkswagen သည်၎င်း၏ Taigun Compact SUV အတွက် Anniversary Edition ဖြစ်သည့် 1st Anniversary Edition အားဂုဏ်ပြုထုတ်လုပ်လိုက်ပါသည်။ ၎င်းအား Topline Variant အပေါ်အခြေခံဖန်တီးထားကာ ဆေးရောင်အသစ်ဖြစ်သည့် – Rising Blue Color ဖြင့်မိတ်ဆက်ထားပါသည်။ ၎င်းအပြင် Curcuma Yellow နှင့် Wild Cherry Red ဆေးရောင်များကိုလည်း ယခု Limited Model အတွက်ထည့်သွင်းပေးထားပါသည်။ VW Taigun 1st Birthday Edition တွင်အထူးဖန်တီးထားသည့် Elements (၁၁) မျိုးလည်းပေါင်းစပ်ပေးထားမည်ဖြစ်သည်။ ၎င်းတွင် အင်ဂျင်အနေဖြင့် – ( 1.0 L Turbocharged Petrol Engine ) နှင့် ( 6-speed Manual ) တို့လည်းရနိုင်ပါသည်။

Taigun Topline ကို Based ဖန်တီးထားသည့်အတွက် Features များစုံလင်စွာပါဝင်မည်ဖြစ်ကာ အဓိကအားဖြင့် 10.1 – inch Touchscreen Infotainment System , Connected Car Tech , Single – pane Sunroof , Auto Climate Control , 8 – inch Digital Cluster တို့အဓိကပါဝင်ပါသည်။ ၎င်းတွင်အဆင့်မြင့်လုံခြုံရေးဆိုင်ရာ ပါဝင်မှုများအနေဖြင့် ABS with EBD , TPMS , Rear-view camera စသည် Features များစွာပါဝင်ပါသည်။ ကား၏အပြင်ဘက်တွင် အထူးဖန်တီးမှုများအနေဖြင့်-Window Visors , Body-Coloured , Door Garnish , New C-Pillar Graphic , Roof Fail , Black ORVM Caps စသည့်တို့အား တန်ဆာဆင်ထားပါသည်။ VW Taigun ၏ပြိုင်ဖက် Model များမှာ- Hyundai Santa Fe , Toyota Venza , KIA Sorneto , Skoda Kushaq , Nissan X-trail စသည့်တို့ဖြစ်ပါသည်။

#DriveMediaMyanmar