VW Group သည် Iconic တခုဖြစ်သည့် Scout အမည်ဖြင့် SUV နှင့် RUV – Rugged Utility Vehicle တို့အား EV သီးသန့်ဖြင့် ထုတ်လုပ်ပါမည်။ ၎င်းတို့တွင် SUV ၊ RUV ၊ Pickup ၊ တို့ပါဝင်ပြီး U.S ရှိ Scout Factory မှ 2025 တွင် စတင်ရောင်းချပါမည်။ Scout Brand သည် ပြန်လည်မွေးဖွားသည့် Brand ဖြစ်ကာ Off – Road အဓိကထားမည့် EV Models များအတွက် ရွေးချယ်ခြင်းဖြစ်ပါသည်။ နမူနာ မိတ်ဆက်ထားသည့် ဓာတ်ပုံများအရ Scout EV SUVs တို့တွင် 4 Doors Boxy Design ပုံစံများဖြစ်ပြီး မူလလက်ဟောင်း Harvester Scout ၏ ဒီဇိုင်းများကိုလည်း ပြန်လည်အသုံးပြုထားပါသည်။

ကားများ၏ အတွင်းနှင့်အပြင် ဒီဇိုင်းနှင့် အခင်းအကျင်းများအား မူလ Model နှင့် ခေတ်မှီအခင်းအကျင်းတို့အား ပေါင်းစပ်ပေးမည်ဖြစ်ကာ – Rubberized Floor Mats ၊ Vinyl Seats ၊ Advance Techs ၊ စသည်တို့ကို အတွင်းခန်းတွင် ခင်းကျင်းထားပါသည်။ ပထမဆုံးထုတ်လုပ်မည့် SUV နှင့် Pickup တို့သည် EV Version များဖြစ်ပါမည်။ ၎င်းတို့အား VW Group ၏ MEB Platform တွင် အခြေခံဖန်တီးမည်ဖြစ်ကာ Dual – Motor ၊ AWD Version ၊ Off – Road Capability ၊ တို့ ပေါင်းစပ်ပေးမည်ဟု Scout ၏ CEO ဖြစ်သူ Mr Scott Keogh မှ ပြောကြားပါသည်။

ထို့အပြင် Tri – Motors Setup နှင့် 4 Motors Setup ၊ တို့ကိုလည်း အနာဂတ်တွင် တိုးချဲ့ထည့်သွင်းနိုင်ရန် Scout မှ ရည်ရွယ်ထားပါသည်။ VW Group ရှိ Audi သည် ၎င်း၏ Off – Road EV များကို ကိုယ်ပိုင် Platform ဖြင့် ထုတ်လုပ်မည်ကိုသိရှိရပါသည်။ VW Group ၏ EV Models များတွင် ( Upwards of 310 Miles ) ပါဝင်သော်လည်း Scout EV များတွင် ( Upwards of 400 Miles ) အထိ အသုံးပြုနိုင်မည်ဖြစ်သည်။ Scout ၏ ပထမဆုံး Prototype အား 2024 တွင် မိတ်ဆက်မည်ဖြစ်သည်။