Volkswagen ၏ ID . 3 EV သည် အလွန်ထင်ရှားနေသည့် Model ဖြစ်ပါသည်။ ထို့အတူ ID 4 EV Crossover သည်လည်း ဈေးကွက်ဒေသအတော်များများတွင် Popular ဖြစ်နေသည့် Model ဖြစ်ပြီး အားလုံးစောင့်မျှော်နေသည့် အချိန်သို့ ရောက်ရှိလာပါပြီ။ VW သည် 2020 April တွင် ကျင်းပမည့် New York Auto Show တွင် ID 4 အား ပြသမည်ဖြစ်သည်။ VW Coupe နှင့် တူညီသည့် EV Carrion Volkswagen ၏ MEB Platform ကို အခြေခံကာ ဖန်တီးထားပါသည်။ ၎င်းတို့တွင် ကျစ်လစ်သည့် Motor နှင့် Battery Pack များကို တပ်ဆင်ထားပြီး ID . 4 ၏ အတွင်းခန်းအကျယ်အား ခရီးသည် ၅ ယောက်စီး ၊ VW Trigon ထက်ပို၍ ကျယ်ဝန်းစွာ ဖန်တီး ထားပါမည်။ Battery သည် 83 – kWh Output ရှိမည်ဖြစ်ပြီး ( 101 hp ) ရှိသည့် မော်တာကို အရှေ့ဖက်တွင် ၎င်း ၊ ( 201 hp ) ရှိသည့် မော်တာကို အနောက်ဖက်တွင် ၎င်း ၊ တပ်ဆင်ထားမည် ဖြစ်ပြီး လျှပ်စစ်သီးသန့် – မိုင် ၂၅၀ ခန့် အထိအသုံးပြုနိုင်မည်ဖြစ်ပါသည်။
Zawgyi Version….
VW သည် ID 4 EV Crossover အား ယခုနှစ် April တွင် ကျင်းပမည့် New York ကားပြပွဲတွင်ပြသမည်