Uncode verison…

VW သည် ဂျာမနီအခြေစိုက် ကမ္ဘာကျော် Automaker ဖြစ်ပြီး တန်းမြင့်ကားများစွာ ထုတ်လုပ် အောင်မြင်နေ သည့် (Brand)လည်း ဖြစ်ပါသည်။ VW Model များတွင် ပုံမှန်ကားများအပြင် Hybrid Cars များနှင့် အဆင့်မြင့်နည်းပညာအချို့အသုံးပြုထားသည့် ကားများကို စုံလင်စွာ ထုတ်လုပ်ထားပါသည်။ နည်းပညာအနေဖြင့်လည်း ခေတ်မှီနည်းပညာများစွာကို ကျယ်ကျယ်ပြန့်ပြန့်ဖန်တီးနိုင်ပြီး ယခုလက်ရှိ တွင် နာမည်ရလာသည့် (Self-driving)ဆိုင်ရာ နည်းပညာများ ၌ လည်း များစွာတိုးတက်တီထွင်နိုင်သည်ကို တွေ့ရပါမည်။

VW Model Lineup များအနက် VW Arteon တွင် Autonomous ဆိုင်ရာပါ၀င်မှုအချို့အား ထည့်သွင်းအသုံးပြုထားပါသည်။ ၄င်းသည် Sedan အမျိုးအစားကားဖြစ်ပြီး New Arteon အား ယခုနှစ် နွေရာသီတွင် စတင်ရောင်းချမည်ဖြစ်ပါသည်။အဆိုပါ New Arteon တွင် Emergency Assist 2.0 အမည်ရှိ အဆင့်မြင့်လုံခြုံရေးစနစ်ဖြစ်ပါသည်။ထိုစနစ်၏ သဘောမှာ ယာဉ်မောင်းအနေဖြင့် အဝေးပြေးလမ်းများတွင် အချိန်ကြာမြင့်စွာမောင်းနှင်နေစဉ်အတွင်း အာရုံလွင့်ပျံမှုကြောင့် ( Steering / Brake)တို့အား အသုံးပြုရန် မေ့လျော့ခဲ့ပါက အသံ/တုန်ခါမှုတို့ဖြင့် ယာဉ်မောင်းအား သတိပေးမည်ဖြစ်ပါသည်။သို့သော် ယာဉ်မောင်းမှ တုန့်ပြန်မှုမရှိခဲ့ပါက ကားသည်ရှိန်လျော့ပြီး သတိပေးမီးများလင်းလာမည်၊ လမ်းဘေးသို့ရပ်တန့်သွားမည် ဖြစ်ပါသည်။ ထိုလုပ်ဆောင်မှုအားချောမွေ့စေရန် (Lane Assist / Adaptive Cruise Control / Side Assist) တို့မှ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါသည်။အဆိုပါစနစ်သည် ပထမဆုံးဖန်တီးမှုမဟုတ်ဘဲ BMW မှ 2009 ခုနှစ်တွင် ဖန်တီးခဲ့သည့် Emergency System နှင့် များစွာတူညီမှုရှိပါသည်။ သို့သော် VW အနေဖြင့် ထိုသို့ Self- driving ဆိုင်ရာ နည်းပညာအား New Arteon တွင် စတင်အသုံးပြုနိုင်ခြင်းမှာ တိုးတက်သည့်ခြေလှမ်းတစ်ခုပင် ဖြစ်ပါသည်။

Zawgyi version…

VW သည္ ဂ်ာမနီအေျခစိုက္ ကမၻာေက်ာ္ Automaker ျဖစ္ၿပီး တန္းျမင့္ကားမ်ားစြာ ထုတ္လုပ္ ေအာင္ျမင္ေန သည့္ (Brand)လည္း ျဖစ္ပါသည္။ VW Model မ်ားတြင္ ပုံမွန္ကားမ်ားအျပင္ Hybrid Cars မ်ားႏွင့္ အဆင့္ျမင့္နည္းပညာအခ်ိဳ႕အသံုးျပဳထားသည့္ ကားမ်ားကို စံုလင္စြာ ထုတ္လုပ္ထားပါသည္။ နည္းပညာအေနျဖင့္လည္း ေခတ္မွီနည္းပညာမ်ားစြာကို က်ယ္က်ယ္ျပန္႕ျပန္႕ဖန္တီးႏိုင္ၿပီး ယခုလက္ရွိ တြင္ နာမည္ရလာသည့္ (Self-driving)ဆိုင္ရာ နည္းပညာမ်ား ၌ လည္း မ်ားစြာတိုးတက္တီထြင္ႏိုင္သည္ကို ေတြ႕ရပါမည္။

VW Model Lineup မ်ားအနက္ VW Arteon တြင္ Autonomous ဆိုင္ရာပါ၀င္မႈအခ်ိဳ႕အား ထည့္သြင္းအသံုးျပဳထားပါသည္။ ၄င္းသည္ Sedan အမ်ိဳးအစားကားျဖစ္ၿပီး New Arteon အား ယခုႏွစ္ ေႏြရာသီတြင္ စတင္ေရာင္းခ်မည္ျဖစ္ပါသည္။အဆိုပါ New Arteon  တြင္ Emergency Assist 2.0 အမည္႐ွိ အဆင့္ျမင့္လံုၿခံဳေရးစနစ္ျဖစ္ပါသည္။ထိုစနစ္၏ သေဘာမွာ ယာဥ္ေမာင္းအေနျဖင့္ အေ၀းေျပးလမ္းမ်ားတြင္ အခ်ိန္ၾကာျမင့္စြာေမာင္းႏွင္ေနစဥ္အတြင္း အာ႐ံုလြင့္ပ်ံမႈေၾကာင့္ ( Steering / Brake)တို႕အား အသံုးျပဳရန္ ေမ့ေလ်ာ့ခဲ့ပါက အသံ/တုန္ခါမႈတို႕ျဖင့္ ယာဥ္ေမာင္းအား သတိေပးမည္ျဖစ္ပါသည္။သို႕ေသာ္ ယာဥ္ေမာင္းမွ တုန္႕ျပန္မႈမ႐ွိခဲ့ပါက ကားသည္႐ွိန္ေလ်ာ့ၿပီး သတိေပးမီးမ်ားလင္းလာမည္၊ လမ္းေဘးသို႕ရပ္တန္႕သြားမည္ ျဖစ္ပါသည္။ ထိုလုပ္ေဆာင္မႈအားေခ်ာေမြ႕ေစရန္ (Lane Assist / Adaptive Cruise Control / Side Assist) တို႕မွ ပူးေပါင္းေဆာင္႐ြက္မည္ျဖစ္ပါသည္။အဆိုပါစနစ္သည္ ပထမဆံုးဖန္တီးမႈမဟုတ္ဘဲ BMW မွ 2009 ခုႏွစ္တြင္ ဖန္တီးခဲ့သည့္ Emergency System ႏွင့္ မ်ားစြာတူညီမႈ႐ွိပါသည္။ သို႕ေသာ္ VW အေနျဖင့္ ထိုသို႕ Self- driving ဆိုင္ရာ နည္းပညာအား New Arteon တြင္ စတင္အသံုးျပဳႏိုင္ျခင္းမွာ တိုးတက္သည့္ေျခလွမ္းတစ္ခုပင္ ျဖစ္ပါသည္။