ကမာၻ႔ထိပ္တန္း အေကာင္းဆုံးကိုမွ ႏွစ္သက္ၾကသူမ်ားအတြက္ The New ROLEX EXPLORER

Unicode version…

၁၉၃ဝ ခုနှစ် အစောပိုင်းကာလမှာ ဧဝရတ်တောင် ထိပ်ကို တက်ရောက်နိုင်ခဲ့တဲ့ တောင်တက်သမားတွေဟာ Rolex Explorers နာရီကို ဝတ်ဆင်ပြီး တက်ရောက်ခဲ့တဲ့ သမိုင်းမှတ်တမ်းရှိခဲ့ပါတယ်။ Rolex ကုမ္ပဏီက ၁၉၅၃ ခုနှစ် မေလ ၂၉ရက်မှာ ဧဝရတ် တောင်ထိပ်ပေါ်ကို တက်ရောက် ခဲ့တဲ့ Edmund Hilary နဲ့ Tenzing Norgay တို့ နှစ်ဦ်းကို ဂုဏ်ပြုတဲ့အနေနဲ့ Rolex Explorer နာရီကို တီထွင် ဖန်တီး ထုတ်လုပ်ပေးခဲ့ ပါတယ်။ အဲဒီအချိန်ကတည်းက Rolex နာရီတွေကို စူးစမ်း လေ့လာရေး အဖွဲ့အစည်းတွေ အတွက် တရားဝင် ထောက် ပ့ံပေးခွင့်ကို ရရှိထားခဲ့တာပါ။ Smith ရဲ့ English Watch Company နဲ့ တွဲဖက်လုပ်ဆောင် ခဲ့တာဖြစ်ပါတယ်။ ဧဝရတ် တောင်ထိပ်ပေါ်အထိ တက် ရောက်ရာမှာ Norgay ဝတ်ဆင်ခဲ့တဲ့ Rolex နာရီကို ယနေ့အချိန်အထိ ဆွစ်ဇာလန်နိုင်ငံ ဂျနီဖာ (Geneva) မြို့မှာထားရှိတဲ့ Rolex ပြတိုက်မှာ သွားရောက် လေ့လာ နိုင်ပါလိမ့်ယ်။ ဧဝရတ်တောင်ထိပ်ပေါ် ကို ပထမဦးဆုံး ရောက်ရှိခဲ့တဲ့သူက ဘယ်သူလည်းဆိုတာ ကိုတော့ တိကျတဲ့အတွက် စာရွက်စာတမ်း သက်သေတွေနဲ့ ထုတ်ဖော်ပြောထားခြင်း မရှိလို့ ကျွန်တော်တို့ ဘယ်တော့မှ သိနိုင်ကြမှာမဟုတ်ပါဘူး။

Exploer နာရီရဲ့ အမည်နဲ့အသုံးပြုပုံတွေကို သရုပ် ဖော်ကြည့်မယ်ဆိုရင် ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ် အသုံး ပြုနိုင် ဖို့ကို ရည်ရွယ်ချက်ထား လုပ်ဆောင်ခဲ့တယ်လို့ ဆိုရပါလိမ့် မယ်။ အပူချိန်-20.C နဲ့ +40.C အတွင်းမှာ နာရီက အလုပ် လုပ်နိုင်မှာ ဖြစ်ပြီး နှင်းကျချိန်၊ မိုးနှင်းရွာချိန်၊ မိုးရွာချိန် နဲ့ နေပူချိန်တွေမှာတောင် ဝတ်ဆင်ထားနိုင်မှာ ဖြစ်ပါတယ်။ ပင်လယ်ရေမျက်နှာပြင် အထက် တောင်ထိပ် ပေါ်တွေမှာ လည်း အချိန်တိကျမှုရှိစေပြီး အလွန်ဆိုးဝါးတဲ့ အခြေအနေတွေဖြစ်လို့ လူက အလုပ် မလုပ်နိုင်ပေမယ့် နာရီရဲ့ အချိန်တိကျမှုကို ပေးစွမ်းနိုင်တဲ့ စွမ်းဆောင်ရည်က တော့ အံ့မခန်းဖြစ်ရပ်လို့ ဆိုရပါလိမ့်မယ်။ အကြမ်းခံနိုင်မှု ကို အဓိကထားခဲ့တဲ့ နာရီရဲ့ ဒီဇိုင်းကြောင့် ဖြစ်ပါတယ်။

The new Rolex Explorer Ref. 214270

Explorer နာရီရဲ့ ဒိုင်ခွက်အရောင်ကို အနက်ရောင် အဖြစ်ပုံသေ ထားပြီး ထုတ်လုပ်ခဲ့ပါတယ်။ နာရီဒိုင်ခွက်ပေါ် မှာ ရေးထားတဲ့ ၁၂ ဂဏန်း ရဲ့ အောက်မှာ ကြီးမားပြီး ထင်ရှားတဲ့ တြိင်္ဂပုံရောင်ပြန် အမှတ်အသားကို ထည့်သွင်း ပေးထားပါတယ်။ နာရီလက်တံတားကတော့ အချိန်ကို Arabic ဂဏန်းနဲ့ ရေးထားတဲ့ ၃, ၆, ၉ ဂဏန်းကို ညွှန်ပြ သွားမှာပါ။ Explorers နာရီအားလုံးရဲ့ တည်ဆောက်ပုံ ဒီဇိုင်းကို ခေတ်ရေစီးကြောင်းနဲ့ လိုက်မီစေဖို့ အနည်း အကျဉ်းစီ ပြောင်းလဲမှုတွေပြုလုပ်ထားပါတယ်။

Explorer နာရီအသစ်နဲ့ Old Model 214270 ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဒိုင်ခွက်ပုံစံကတော့ အများစု တူညီမှု ရှိပြီး အဓိကတော့ နာရီလက်ပတ် ဒီဇိုင်းတွေကသာ ခြားနားမှု ရှိနေတာကို တွေ့ရပါတယ်။ Rolex နာရီကို အားပေးနေကြတဲ့ Customers တွေအတွက် ပိုမိုကောင်း မွန်တဲ့ ဒီဇိုင်း အဖြစ် 114270 ကနေ 214270 အဖြစ် ပြောင်းလဲခဲ့ရာမှာ ဒို်င်ခွက်အရွယ်အစားကို 36mm ကနေ 39mm အထိ ပြောင်းပြီး ထုတ်လုပ်ခဲ့ပါတယ်။ ဒိုင်ခွက် ရဲ့အရွယ်အစားကို ကြီးအောင် ပြလုပ်ပေးခဲ့လို့ လက်ပတ်ရဲ့ အရွယ်အစားကို အနည်းငယ် တိုသွားအောင် ပြုလုပ်ပေး ထားခဲ့ပါတယ်။

3132 model မှာ ခရိုမီယမ် အရောင်နဲ့ ပြုလုပ်ထား တဲ့ Parachrom hairspring နဲ့ ထူးကဲ ကောင်းမွန်တဲ့ လုပ် ဆောင်ချက်တွေရှိတဲ့ Paraflex shock Absorbers တွေကို တပ်ဆင်ပေးထားပါတယ်။ Rolex ရဲ့ 3132 model က COSC (Controle Officiel Suisse des Chronometres ) စမ်းသပ်စစ်ဆေးမှုကို အောင်မြင်တဲ့ အရည်အသွေးဆိုင်ရာ လက်မှတ်ကို ရရှိထားတဲ့ Rolex ရဲ့ Super model ဖြစ်ပါတယ်။ အချိန်တိကျမှုကို စံအဖြစ်သတ်မှတ်ပေးထားတဲ့ နာရီဖြစ်ပြီး တစ်နေ့တာ အချိန်ကွာဟမှုစည်းကမ်း ချက်တွေ မှာ +2/-2 Second လောက်သာကွာဟချက် ရှိပါလိမ့်မယ်။

အာကာသ သိပ္ပံနယ်ပယ်မှာ မူလလက်သုံးနာရီ ဆိုတဲ့ နာမည်ကောင်းကို Rolex နာရီကသာ ပိုင်ဆိုင် ခဲ့ပါတယ်။ တစ်ချို့ တက်ကြွ နိုးကြားသူတွေရဲ့ ပြောဆိုချက် ကတော့ “အာကာသပညာနယ်ပယ်ကို Rolex က တီထွင်ခဲ့တာပါ။” တစ်ချို့ကလည်း သဘောမတူညီနိုင်ကြ ပါဘူး။ ဒါပေမဲ့ မငြင်းနိုင်တဲ့ အချက်ကတော့ အာကာသ ပညာနယ်ပယ်မှာ အဓိက အထောက်အပံ့ ပေးနေတာ Rolex ဘဲဖြစ်ပါတယ်။ ဒါဟာ အောင်မြင်ကျော်ကြားမှု အထွဋ်အထိပ်ဖြစ်တယ်လို့လည်း ပြောကြပါတယ်။

Rolex နာရီအားလုံးကို အလွန်ကောင်းတဲ့ အင်ဂျင် နီယာနည်းစနစ်ဖြင့် ဒီဇိုင်းပုံပေါ် တည်ဆောက်ထားပါ တယ်။ စက်မှုကုန်ထုတ်လုပ်မှု အဆင့်အတန်းက အံ့သြ လောက်အောင် မြင့်မားပါတယ်။ Rolex နာရီတွေရဲ့ အရည် အသွေးဟာ အကောင်းဆုံးဖြစ်တယ်ဆိုတာ အသေအချာ ပြောနိုင်ပါတယ်။ ဒါကြောင့်မို့လည်း သုံးပြီးသား Rolex Sports Watch နာရီ တစ်လုံးကို ပြန်ရောင်းရတဲ့ တန်ဖိုးကို တောင် တစ်ခြားဘယ်နာရီ အမျိုးအစားကမှ လိုက်မမီနိုင် တာပါပဲ။ ဒီလိုမျိုး တန်ဖိုးမြင့်မားနေတာကလည်း Rolex နာရီ ရဲ့ အလွန်ကြီးမားတဲ့ အားသာချက် ဖြစ်ပါတယ်။ ဒါကြောင့်မို့ Rolex နာရီတစ်လုံးကို ပြန်ရောင်းချင်တယ် ဆိုရင် အချိန်မရွေး စျေးကောင်း ရပါတယ်။

Rolex Sports Watches နာရီတွေ အကြောင်း စိတ်ဝင်စားစရာ ဘာတွေရှိသလဲ။ Rolex နာရီတိုင်းကို တကယ့် ပရော်ဖယ်ရှင်နယ် နယ်ပယ်မှာ လက်တွေ့ကျကျ အသုံးချနိုင်အောင် ၊ အထူးတိကျသေချာစွာ ပြုလုပ်ထား ပါတယ်။ ရေငုပ် သဘောင်္သားတွေ ၊ ပင်လယ်မှာ နေထိုင် သူတွေ အတွက် Rolex Comex နာရီကို ဝတ်ဆင် အသုံး ပြတာ သင့်လျှော်ပြီး ပရော်ဖယ်ရှင်နယ် ရေငုတ်သမားတွေ အတွက်လည်း Comex က လိုအပ်ပါတယ်။ GMT Master နဲ့ GMT Master II နာရီ အမျိုးအစားတွေကတော့ Commercial လေကြောင်းပျံသန်းရေး လိုအပ်ချက်တွေနဲ့ အံဝင်ဂွင်ကျ ဖြစ်တာကြောင့် Pan Am လေကြောင်းလိုင်းက လေယာဉ်မှူးများအတွက် တိုက်ရိုက် သုံးစွဲစေခဲ့ပါတယ်။

စစ်အတွင်း လေယာဉ်ပျံသန်း ချိန်များအတွက် ခေတ်ဦးပိုင်း အချိန်တိုင်းတာရေး ကိရိယာတွေကို ဖန်တီး ခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ စင်္ကြာဝဠာ ဆိုင်ရာ အချိန်တိုင်းတာရေး ကိရိယာ Daytona ကို အသုံးပြုပြီး ပြိုင်ကား ဒရိုင်ဘာတွေရဲ့ ပတ်လမ်းကြန့်ကြာချိန်ကို တိုင်း တာ နိုင်ခဲ့ပါတယ်။ အမှန်တကယ်မှှာတော့ Rolex Exploer နာရီတွေကို တစ်ကမ္ဘာလုံးက စွန့်စားခန်း သွားလာသူတွေ နဲ့ စူစမ်းလေ့လာသူတွေ အသုံးပြုနေကြပါပြီ။ ပရော်ဖယ်ရှယ် နယ်တွေ သုံးစွဲနိုင်ဖို့ Rolex ရဲ့ အခြေခံကျတဲ့ ဒီဇိုင်းက လိုအပ်ချက်တွနဲ့ ကွက်တိဖြစ်နေရတဲ့ အချက်က တစ်ခြား ဘယ်နာရီ ကုမ္ပဏီမှာမှ မရှိသေးပါဘူး။ Rolex နာရီကို သုံးပြီး ပြန်ရောင်းချရတဲ့ တန်ဖိုးကလေည်း ဘယ်နာရီ ကုမ္ပဏီမှ လိုက်မမီပါဘူး။ ဒါကြောင့်လည်း Rolex နာရီတွေ ကို စုဆောင်းနေကြခြင်း ဖြစ်ပါတယ်။

Rolex Explorer ကို လူတွေကြိုက်နှစ်သက်လာခဲ့ ကြပါတယ်။ ခမ်းနားလှပတဲ့ နာရီဒိုင်ခွက်ပုံစံကို Arabic ဂဏန်း နံပါတ်တွေနဲ့ ဒီဇိုင်းဆင်ထားတယ်။ ၁၂နာရီနေရာမှာ မမှားနိုင်တဲ့ တြိဂံပုံကို ပြောင်းပြန်လှန်ပြီး ဖော်ပြထားတာ တွေကို လေ့လာကြည့်ရတာ ရှင်းလင်းပြီး ဖက်ရလွယ်ကူ တယ်။ ထုတ်လုပ်မှု အရည်အသွေးတွေ ၊ ပထမတန်းစား အဖြစ် အမှန်တကယ်၊ မျှော်လင့်ခံထားရတာဟာ Rolex ရဲ့ ရပ်တည်မူဖြစ်ပါတယ်။ ဒါဟာ ဂန္ဓဝင်မြောက် ဖြစ်ပါတယ်။ ပြယုဂ်တစ်ခု ၊ ဒဏ္ဍာရီ ပုံပြင်တစ်ခု သဖွယ် ထင်ရှားကျော် ကြားပါတယ်။ အရင်ကထက် မဆိုစလောက်ကလေး ပို ကောင်းအောင်ပြုလုပ်ပြီး တန်ဖိုးနဲ့မညီမျှတဲ့ နာရီ Ref နံပါတ် ပြောင်းလဲဖို့ဆိုတာတောင် Rolex ကလုပ်ဆောင်ဖို့ စိုးရိမ် ၀န်လေးပါတယ်။ ဒါပေမယ့် တိုးတက်အောင်မြင်မှု တွေဟာ တကယ်အဓိပ္ပာယ်ပြည့်ဝပြီး ကမ္ဘာ့အနှံ့ ကျယ်ပြန့် ပါတယ်။ Rolex နာရီအသစ် 214270 ရဲ့ စျေးနှုန်း ထိန်းသိမ်းထားနိုင် တာလည်း နာရီ ပုံစံအဟောင်းတုန်းက အတိုင်းပဲ ထပ်တူ ဖြစ်ပါတယ်။

Zawgyi  version…

၁၉၃ဝ ခုႏွစ္ အေစာပိုင္းကာလမွာ ဧဝရတ္ေတာင္ ထိပ္ကို တက္ေရာက္ႏိုင္ခဲ့တဲ့ ေတာင္တက္သမားေတြဟာ Rolex Explorers နာရီကို ဝတ္ဆင္ၿပီး တက္ေရာက္ခဲ့တဲ့ သမိုင္းမွတ္တမ္းရွိခဲ့ပါတယ္။ Rolex ကုမၸဏီက ၁၉၅၃ ခုႏွစ္ ေမလ ၂၉ရက္မွာ ဧဝရတ္ ေတာင္ထိပ္ေပၚကို တက္ေရာက္ ခဲ့တဲ့ Edmund Hilary နဲ႔ Tenzing Norgay တုိ႔ ႏွစ္ဦ္းကို ဂုဏ္ျပဳတဲ့အေနနဲ႔ Rolex Explorer နာရီကို တီထြင္ ဖန္တီး ထုတ္လုပ္ေပးခဲ့ ပါတယ္။ အဲဒီအခ်ိန္ကတည္းက Rolex နာရီေတြကို စူးစမ္း ေလ့လာေရး အဖဲြ႕အစည္းေတြ အတြက္ တရားဝင္ ေထာက္ ပ့ံေပးခြင့္ကို ရရွိထားခဲ့တာပါ။ Smith ရဲ႕ English Watch Company နဲ႔ တဲြဖက္လုပ္ေဆာင္ ခဲ့တာျဖစ္ပါတယ္။ ဧဝရတ္ ေတာင္ထိပ္ေပၚအထိ တက္ ေရာက္ရာမွာ Norgay ဝတ္ဆင္ခဲ့တဲ့ Rolex နာရီကို ယေန႔အခ်ိန္အထိ ဆြစ္ဇာလန္ႏိုင္ငံ ဂ်နီဖာ (Geneva) ၿမိဳ႕မွာထားရွိတဲ့ Rolex ျပတုိက္မွာ သြားေရာက္ ေလ့လာ ႏိုင္ပါလိမ့္ယ္။ ဧဝရတ္ေတာင္ထိပ္ေပၚ ကို ပထမဦးဆံုး ေရာက္ရွိခဲ့တဲ့သူက ဘယ္သူလည္းဆုိတာ  ကိုေတာ့ တိက်တဲ့အတြက္ စာရြက္စာတမ္း သက္ေသေတြနဲ႔ ထုတ္ေဖာ္ေျပာထားျခင္း မရွိလို႔ ကြၽန္ေတာ္တို႔ ဘယ္ေတာ့မွ သိႏိုင္ၾကမွာမဟုတ္ပါဘူး။

Exploer နာရီရဲ႕ အမည္နဲ႔အသံုးျပဳပံုေတြကို သရုပ္ ေဖာ္ၾကည့္မယ္ဆုိရင္ ၾကမ္းၾကမ္းတမ္းတမ္း ကိုင္တြယ္ အသံုး ျပဳႏိုင္ ဖုိ႔ကို ရည္ရြယ္ခ်က္ထား လုပ္ေဆာင္ခဲ့တယ္လုိ႔ ဆုိရပါလိမ့္ မယ္။ အပူခ်ိန္-20.C နဲ႔ +40.C အတြင္းမွာ နာရီက အလုပ္ လုပ္ႏိုင္မွာ ျဖစ္ၿပီး ႏွင္းက်ခ်ိန္၊ မိုးႏွင္းရြာခ်ိန္၊ မိုးရြာခိ်န္ နဲ႔ ေနပူခိ်န္ေတြမွာေတာင္ ဝတ္ဆင္ထားႏိုင္မွာ ျဖစ္ပါတယ္။ ပင္လယ္ေရမ်က္ႏွာျပင္ အထက္ ေတာင္ထိပ္ ေပၚေတြမွာ လည္း အခ်ိန္တိက်မႈရွိေစၿပီး အလြန္ဆိုးဝါးတဲ့ အေျခအေနေတြျဖစ္လုိ႔ လူက အလုပ္ မလုပ္ႏိုင္ေပမယ့္ နာရီရဲ႕ အခ်ိန္တိက်မႈကို ေပးစြမ္းႏိုင္တဲ့ စြမ္းေဆာင္ရည္က ေတာ့  အံ့မခန္းျဖစ္ရပ္လုိ႔ ဆုိရပါလိမ့္မယ္။ အၾကမ္းခံႏိုင္မႈ ကို အဓိကထားခဲ့တဲ့ နာရီရဲ႕ ဒီဇိုင္းေၾကာင့္ ျဖစ္ပါတယ္။

The new Rolex Explorer Ref. 214270

Explorer နာရီရဲ႕ ဒိုင္ခြက္အေရာင္ကို အနက္ေရာင္ အျဖစ္ပံုေသ ထားၿပီး ထုတ္လုပ္ခဲ့ပါတယ္။ နာရီဒိုင္ခြက္ေပၚ မွာ ေရးထားတဲ့ ၁၂ ဂဏန္း ရဲ႕ ေအာက္မွာ ႀကီးမားၿပီး  ထင္ရွားတဲ့ ႀတိဂၤပံုေရာင္ျပန္ အမွတ္အသားကို ထည့္သြင္း ေပးထားပါတယ္။ နာရီလက္တံတားကေတာ့ အခ်ိန္ကို Arabic ဂဏန္းနဲ႔ ေရးထားတဲ့ ၃, ၆, ၉ ဂဏန္းကို ညႊန္ျပ သြားမွာပါ။ Explorers နာရီအားလံုးရဲ႕ တည္ေဆာက္ပံု ဒီဇိုင္းကုိ ေခတ္ေရစီးေၾကာင္းနဲ႔ လိုက္မီေစဖုိ႔ အနည္း အက်ဥ္းစီ ေျပာင္းလဲမႈေတြျပဳလုပ္ထားပါတယ္။

Explorer နာရီအသစ္နဲ႔ Old Model 214270 ကို ႏိႈင္းယွဥ္ၾကည့္မယ္ဆုိရင္ ဒိုင္ခြက္ပံုစံကေတာ့ အမ်ားစု တူညီမႈ ရွိၿပီး အဓိကေတာ့ နာရီလက္ပတ္ ဒီဇုိင္းေတြကသာ ျခားနားမႈ ရွိေနတာကို ေတြ႕ရပါတယ္။ Rolex နာရီကို အားေပးေနၾကတဲ့ Customers ေတြအတြက္ ပိုမိုေကာင္း မြန္တဲ့ ဒီဇိုင္း အျဖစ္ 114270 ကေန 214270 အျဖစ္ ေျပာင္းလဲခဲ့ရာမွာ ဒို္င္ခြက္အရြယ္အစားကို 36mm ကေန 39mm အထိ ေျပာင္းၿပီး ထုတ္လုပ္ခဲ့ပါတယ္။ ဒိုင္ခြက္ ရဲ႕အရြယ္အစားကို ႀကီးေအာင္ ျပလုပ္ေပးခဲ့လို႔ လက္ပတ္ရဲ႕ အရြယ္အစားကို အနည္းငယ္ တိုသြားေအာင္ ျပဳလုပ္ေပး ထားခဲ့ပါတယ္။

3132 model မွာ ခရိုမီယမ္ အေရာင္နဲ႔ ျပဳလုပ္ထား တဲ့ Parachrom hairspring နဲ႔ ထူးကဲ ေကာင္းမြန္တဲ့ လုပ္ ေဆာင္ခ်က္ေတြရွိတဲ့ Paraflex shock Absorbers ေတြကို တပ္ဆင္ေပးထားပါတယ္။ Rolex ရဲ႕ 3132 model က COSC (Controle Officiel Suisse des Chronometres ) စမ္းသပ္စစ္ေဆးမႈကို ေအာင္ျမင္တဲ့ အရည္အေသြးဆိုင္ရာ လက္မွတ္ကို ရရွိထားတဲ့ Rolex ရဲ႕ Super model ျဖစ္ပါတယ္။ အခ်ိန္တိက်မႈကို စံအျဖစ္သတ္မွတ္ေပးထားတဲ့ နာရီျဖစ္ၿပီး တစ္ေန႔တာ အခ်ိန္ကြာဟမႈစည္းကမ္း ခ်က္ေတြ မွာ +2/-2 Second ေလာက္သာကြာဟခ်က္ ရွိပါလိမ့္မယ္။

အာကာသ သိပၸံနယ္ပယ္မွာ မူလလက္သံုးနာရီ ဆုိတဲ့ နာမည္ေကာင္းကို Rolex နာရီကသာ ပိုင္ဆုိင္ ခဲ့ပါတယ္။ တစ္ခ်ဳိ႕ တက္ႂကြ ႏိုးၾကားသူေတြရဲ႕ ေျပာဆုိခ်က္ ကေတာ့ “အာကာသပညာနယ္ပယ္ကို Rolex က တီထြင္ခဲ့တာပါ။” တစ္ခ်ဳိ႕ကလည္း သေဘာမတူညီႏိုင္ၾက ပါဘူး။ ဒါေပမဲ့ မျငင္းႏိုင္တဲ့ အခ်က္ကေတာ့ အာကာသ ပညာနယ္ပယ္မွာ အဓိက အေထာက္အပံ့ ေပးေနတာ Rolex ဘဲျဖစ္ပါတယ္။ ဒါဟာ ေအာင္ျမင္ေက်ာ္ၾကားမႈ အထြဋ္အထိပ္ျဖစ္တယ္လုိ႔လည္း ေျပာၾကပါတယ္။

Rolex နာရီအားလံုးကို အလြန္ေကာင္းတဲ့ အင္ဂ်င္ နီယာနည္းစနစ္ျဖင့္ ဒီဇုိင္းပံုေပၚ တည္ေဆာက္ထားပါ တယ္။ စက္မႈကုန္ထုတ္လုပ္မႈ အဆင့္အတန္းက အံ့ႀသ ေလာက္ေအာင္ ျမင့္မားပါတယ္။ Rolex နာရီေတြရဲ႕ အရည္ အေသြးဟာ အေကာင္းဆံုးျဖစ္တယ္ဆိုတာ အေသအခ်ာ ေျပာႏိုင္ပါတယ္။ ဒါေၾကာင့္မုိ႔လည္း သံုးၿပီးသား Rolex Sports Watch နာရီ တစ္လံုးကို ျပန္ေရာင္းရတဲ့ တန္ဖုိးကို ေတာင္ တစ္ျခားဘယ္နာရီ အမ်ဳိးအစားကမွ လိုက္မမီႏိုင္ တာပါပဲ။ ဒီလုိမ်ဳိး တန္ဖုိးျမင့္မားေနတာကလည္း Rolex နာရီ ရဲ႕ အလြန္ႀကီးမားတဲ့ အားသာခ်က္ ျဖစ္ပါတယ္။ ဒါေၾကာင့္မုိ႔ Rolex နာရီတစ္လံုးကို ျပန္ေရာင္းခ်င္တယ္ ဆုိရင္ အခ်ိန္မေရြး ေစ်းေကာင္း ရပါတယ္။

Rolex Sports Watches နာရီေတြ အေၾကာင္း စိတ္ဝင္စားစရာ ဘာေတြရွိသလဲ။ Rolex နာရီတိုင္းကို တကယ့္ ပေရာ္ဖယ္ရွင္နယ္ နယ္ပယ္မွာ လက္ေတြ႕က်က် အသံုးခ်ႏုိင္ေအာင္ ၊ အထူးတိက်ေသခ်ာစြာ ျပဳလုပ္ထား ပါတယ္။ ေရငုပ္ သေဘာၤသားေတြ ၊ ပင္လယ္မွာ ေနထုိင္ သူေတြ အတြက္ Rolex Comex နာရီကို ဝတ္ဆင္ အသံုး ျပတာ သင့္ေလွ်ာ္ၿပီး ပေရာ္ဖယ္ရွင္နယ္ ေရငုတ္သမားေတြ အတြက္လည္း Comex က လိုအပ္ပါတယ္။ GMT Master နဲ႔ GMT Master II နာရီ အမ်ဳိးအစားေတြကေတာ့ Commercial ေလေၾကာင္းပ်ံသန္းေရး လုိအပ္ခ်က္ေတြနဲ႔ အံဝင္ဂြင္က် ျဖစ္တာေၾကာင့္ Pan Am ေလေၾကာင္းလိုင္းက ေလယာဥ္မွဴးမ်ားအတြက္ တိုက္ရုိက္ သံုးစဲြေစခဲ့ပါတယ္။

စစ္အတြင္း ေလယာဥ္ပ်ံသန္း ခ်ိန္မ်ားအတြက္ ေခတ္ဦးပိုင္း အခ်ိန္တိုင္းတာေရး ကိရိယာေတြကို ဖန္တီး ခဲ့ၾကပါတယ္။ ေနာက္ပိုင္းမွာေတာ့ စႀကၤာဝဠာ ဆုိင္ရာ အခ်ိန္တိုင္းတာေရး ကိရိယာ Daytona ကို အသံုးျပဳၿပီး ၿပိဳင္ကား ဒရိုင္ဘာေတြရဲ႕ ပတ္လမ္းၾကန္႔ၾကာခ်ိန္ကို တိုင္း တာ ႏိုင္ခဲ့ပါတယ္။ အမွန္တကယ္မွွာေတာ့ Rolex Exploer နာရီေတြကို တစ္ကမၻာလံုးက စြန္႔စားခန္း သြားလာသူေတြ နဲ႔ စူစမ္းေလ့လာသူေတြ အသံုးျပဳေနၾကပါၿပီ။ ပေရာ္ဖယ္ရွယ္ နယ္ေတြ သံုးစဲြႏိုင္ဖုိ႔ Rolex ရဲ႕ အေျခခံက်တဲ့ ဒီဇုိင္းက လိုအပ္ခ်က္တြနဲ႔ ကြက္တိျဖစ္ေနရတဲ့ အခ်က္က တစ္ျခား ဘယ္နာရီ ကုမၸဏီမွာမွ မရွိေသးပါဘူး။ Rolex နာရီကို သံုးၿပီး ျပန္ေရာင္းခ်ရတဲ့ တန္ဖိုးကေလည္း ဘယ္နာရီ ကုမၸဏီမွ လိုက္မမီပါဘူး။ ဒါေၾကာင့္လည္း Rolex နာရီေတြ ကို စုေဆာင္းေနၾကျခင္း ျဖစ္ပါတယ္။

Rolex Explorer ကို လူေတြႀကိဳက္ႏွစ္သက္လာခဲ့ ၾကပါတယ္။ ခမ္းနားလွပတဲ့ နာရီဒိုင္ခြက္ပံုစံကို Arabic ဂဏန္း နံပါတ္ေတြနဲ႔ ဒီဇိုင္းဆင္ထားတယ္။ ၁၂နာရီေနရာမွာ မမွားႏိုင္တဲ့ ႀတိဂံပံုကို ေျပာင္းျပန္လွန္ၿပီး ေဖာ္ျပထားတာ ေတြကို ေလ့လာၾကည့္ရတာ ရွင္းလင္းၿပီး ဖက္ရလြယ္ကူ တယ္။ ထုတ္လုပ္မႈ အရည္အေသြးေတြ ၊ ပထမတန္းစား အျဖစ္ အမွန္တကယ္၊ ေမွ်ာ္လင့္ခံထားရတာဟာ Rolex ရဲ႕ ရပ္တည္မူျဖစ္ပါတယ္။ ဒါဟာ ဂႏၶဝင္ေျမာက္ ျဖစ္ပါတယ္။ ျပယုဂ္တစ္ခု ၊ ဒ႑ာရီ ပံုျပင္တစ္ခု သဖြယ္ ထင္ရွားေက်ာ္ ၾကားပါတယ္။ အရင္ကထက္ မဆိုစေလာက္ကေလး ပို ေကာင္းေအာင္ျပဳလုပ္ျပီး တန္ဖိုးနဲ့မညီမွ်တဲ့ နာရီ Ref နံပါတ္ ေျပာင္းလဲဖို႔ဆိုတာေတာင္ Rolex ကလုပ္ေဆာင္ဖို႔ စိုးရိမ္ ၀န္ေလးပါတယ္။ ဒါေပမယ့္ တိုးတက္ေအာင္ျမင္မႈ ေတြဟာ တကယ္အဓိပၸာယ္ျပည့္ဝၿပီး ကမၻာ့အႏွံ႕ က်ယ္ျပန္႕ ပါတယ္။ Rolex နာရီအသစ္ 214270 ရဲ႕ ေစ်းႏႈန္း ထိန္းသိမ္းထားႏိုင္ တာလည္း နာရီ ပံုစံအေဟာင္းတုန္းက အတုိင္းပဲ ထပ္တူ ျဖစ္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here