Miami အခြေစိုက် Carbon Composite Specialist လုပ်ငန်းတစ်ခုက အဆင့်မြှင့်ထားတဲ့ widebody kit နဲ့ Lamborghini Urus Limited edition အသစ်ကို စမိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။ 641 HP, Torque 678 lb-ft, 4.0-liter twin-turbo V8 Engine, 0-60 mph (3.6 secs), top speed around 190 mph တွေပါဝင်နေတဲ့ Lamborghini Urus တွေကို မျက်ဝါးထင်ထင်မြင်ရဖို့က သိပ်မလိုတော့ပါဘူး။ 1016 Industries ရဲ့နောက်ဆုံးပေါ်ဖန်တီးမှု Lamborghini Urus ဟာ မြင်ဖူးခဲ့သမျှထဲမှာ အလန်းဆုံးနမူနာတစ်ခုလည်းဖြစ်လာပါလိမ့်မယ်။
စုစုပေါင်း $350,000 လောက် (for the vehicle plus the widebody kit and tuning) ကုန်ကျမယ့် 1016 Industries Urus က အမြင့်ဆုံးမြန်နှုန်းရှိ SUV တွေထဲမှာ တစ်စီၤးအပါအဝင်ဖြစ်လာခဲ့ပါတယ်။ ရှေ့နဲ့ နောက်ခြမ်းတွေကို carbon composite material နဲ့ဖွဲ့စည်းဖန်တီးထားပြီး အရှေ့ခြမ်းမှာ 87 mm ပိုကျယ်လာသလို နောက်ခြမ်းက 100 mm ပိုကျယ်လာလို့ ကျယ်ဝန်းတဲ့အမိုက်စားကိုယ်ထည်မျိုးနဲ့ တွေ့ရမှာပါ။
Lamborghini Urus အတွက် Visual ပိုင်းတင်မကဘဲ Performance ကိုပါ အဆင့်မြှင့်တင်ထားတာဖြစ်ပါတယ်။ Stage 1 kit ကို 740 HP ထိမြှင့်ပေးထားပြီး Stage 2 kit ကိုတော့ 840 HP ထိမြှင့်တင်ပေးထားတာပါ။ အစမ်းမောင်းနှင်မှုရလဒ်တွေရ Stage 2 Urus ရဲ့မြန်နှုန်းက 11 secs ကို 1/4 mile ရှိနေပါတယ်။
Limited edition model နမူနာ ၅၀ ပဲဖန်တီးမှာဖြစ်ပြီး ကားရဲ့အစိတ်အပိုင်းတွေကိုလည်း လဲလှယ်အစားထိုးနိုင်တဲ့ဒီဇိုင်းမျိုးဖန်တီးထားတာပါ။ Full widebody kit ရဲ့ဈေးနှုန်းက $45,000 ကနေစပြီး တခြား Packages တွေကတော့ $30,795 လောက်ကနေ စမယ်လို့သိရပါတယ်။
(Zawgyi)
Miami အေျခစိုက္ Carbon Composite Specialist လုပ္ငန္းတစ္ခုက အဆင့္ျမွင့္ထားတဲ့ widebody kit နဲ႔ Lamborghini Urus Limited edition အသစ္ကို စမိတ္ဆက္ေပးလိုက္ျပီျဖစ္ပါတယ္။ 641 HP, Torque 678 lb-ft, 4.0-liter twin-turbo V8 Engine, 0-60 mph (3.6 secs), top speed around 190 mph ေတြပါဝင္ေနတဲ့ Lamborghini Urus ေတြကို မ်က္ဝါးထင္ထင္ျမင္ရဖို႔က သိပ္မလိုေတာ့ပါဘူး။ 1016 Industries ရဲ႕ေနာက္ဆံုးေပၚဖန္တီးမွု Lamborghini Urus ဟာ ျမင္ဖူးခဲ့သမ်ွထဲမွာ အလန္းဆုံးနမူနာတစ္ခုလည္းျဖစ္လာပါလိမ့္မယ္။
စုစုေပါင္း $350,000 ေလာက္ (for the vehicle plus the widebody kit and tuning) ကုန္က်မယ့္ 1016 Industries Urus က အျမင့္ဆံုးျမန္ႏွုန္းရိွ SUV ေတြထဲမွာ တစ္စီၤးအပါအဝင္ျဖစ္လာခဲ့ပါတယ္။ ေရွ႕နဲ႔ ေနာက္ျခမ္းေတြကို carbon composite material နဲ႔ဖြဲ႔စည္းဖန္တီးထားျပီး အေရွ႕ျခမ္းမွာ 87 mm ပိုက်ယ္လာသလို ေနာက္ျခမ္းက 100 mm ပိုက်ယ္လာလို႔ က်ယ္ဝန္းတဲ့အမိုက္စားကိုယ္ထည္မ်ိဳးနဲ႔ ေတြ့ရမွာပါ။
Lamborghini Urus အတြက္ Visual ပိုင္းတင္မကဘဲ Performance ကိုပါ အဆင့္ျမွင့္တင္ထားတာျဖစ္ပါတယ္။ Stage 1 kit ကို 740 HP ထိျမွင့္ေပးထားျပီး Stage 2 kit ကိုေတာ့ 840 HP ထိျမွင့္တင္ေပးထားတာပါ။ အစမ္းေမာင္းႏွင္မွုရလဒ္ေတြရ Stage 2 Urus ရဲ႕ျမန္ႏွုန္းက 11 secs ကို 1/4 mile ရိွေနပါတယ္။
Limited edition model နမူနာ ၅၀ ပဲဖန္တီးမွာျဖစ္ျပီး ကားရဲ႕အစိတ္အပိုင္းေတြကိုလည္း လဲလွယ္အစားထိုးႏိုင္တဲ့ဒီဇိုင္းမ်ိဳးဖန္တီးထားတာပါ။ Full widebody kit ရဲ႕ေစ်းႏွုန္းက $45,000 ကေနစျပီး တျခား Packages ေတြကေတာ့ $30,795 ေလာက္ကေန စမယ္လို႔သိရပါတယ္။
Ref: carbuzz Widebody Lamborghini Urus Packs An 840 HP Punch