ျမန္မာႏုိင္ငံေရာက္လာတဲ့ကမာၻလွည့္အမ်ိဳးသမီးဆိုင္ကယ္စီးခရီးစဥ္

ေမာ္ေတာ္ဆိုင္ကယ္စီးတယ္ဆိုရင္ လူေတာ္ေတာ္မ်ားမ်ားက အမ်ိဳးသားေတြပဲစီးၾကတယ္လို႔ ထင္ေလ့ ရွိပါတယ္။ တကယ္ေတာ့ေမာ္ေတာ္ဆိုင္ကယ္စီးအားကစား (motorsport) ဟာ လိင္ခြဲျခား ျခင္းမရွိတဲ့ အားကစားတခုပါ။

ျမန္မာလူမ်ိဳးေတြအေနနဲ႔လည္း ေမာ္ေတာ္ဆိုင္ကယ္စီးျခင္းနဲ႔ ပတ္သက္ျပီး ေနာက္က်က်န္ခဲ့ျခင္း မရွိပါဘူး။ လြန္ခဲ့တဲ့ႏွစ္ေပါင္း ၆၃ႏွစ္က ကမာၻလွည့္(ေဒၚ)တင္တင္စိန္လို႔ေခၚတဲ့ အမ်ိဳးသမီးနဲ႔ သူ႔ခင္ပြန္းသည္ ဦးဘတုပ္တို႔ဟာ ျမန္မာႏိုင္ငံကေန BSA ဆိုင္ကယ္ေလးတစီးနဲ႔ ကမာၻပတ္ဖူးတဲ့ သာဓကေတြရွိပါတယ္။ သူ႔ေခတ္သူ႔အခါမွာဆိုရင္ သူတို႔ဇနီးေမာင္ႏွံရဲ႕ ကမာၻလွည့္စြန္႔စားခန္းဟာ အာရွတုိက္မွာပထမဆံုးျဖစ္ပါတယ္။

အခုလည္း Women Riders World Relay (WRWR) ဆိုတဲ့ကမာၻလွည့္ဆုိင္ကယ္စီးတဲ့အဖြဲ႔ၾကီးဟာ ျမန္မာႏိုင္ငံကအမ်ိဳးသမီးဆိုင္ကယ္ေမာင္းသူေတြနဲ႔ပူးေပါင္းျပီးဆိုင္ကယ္စီးဖို႔စီစဥ္ေနပါျပီ။ ဇူလိုင္ ၂၄ရက္ေန႔မွာ ဒီအစီအစဥ္နဲ႔ပတ္သက္တဲ့သတင္းစာရွင္းလင္းပြဲကို ျငိမ္းခ်မ္းေရးအတြက္ ျမန္မာႏုိင္ငံ အႏွံ႔ဆိုင္ကယ္စီးခဲ့သူ ကိုသက္ေဆြ၀င္းက ႀကီးမွဴးက်င္းပခဲ့ပါတယ္။

ဒီကမာၻလွည့္ေမာ္ေတာ္ဆိုင္ကယ္စီးခရီးစဥ္ဟာ အာရွမွာဆိုရင္ပါကစၥတန္၊ အိႏၵိယ၊ ျမန္မာ၊ ထိုင္း၊ စင္ကာပူတုိ႔အပါအ၀င္ ႏုိင္ငံေပါင္း ၁၁ႏိုင္ငံကိုျဖတ္သန္းသြားမွာျဖစ္ျပီး ႏိုင္ငံအသီးသီးကေန ပါ၀င္ၾကတဲ့အမ်ိဳးသမီးဆိုင္ကယ္ေမာင္းသမားေတြအေနနဲ႔ WRWR အထိမ္းအမွတ္ က်ိဳင္းတုတ္ (WRWR Baton) ကို အိႏၵိယႏိုင္ငံကဆိုင္ကယ္စီးသမားေတြဆီကေန လက္လႊဲယူရမွာပါ။ အိႏၵိယနယ္စပ္ကေနတဆင့္ လက္လႊဲယူဖို႔စီစဥ္ထားေပမယ့္လည္း မိုးတြင္းဘက္ရာသီဥတုနဲ႔ လမ္းအေျခအေနေၾကာင့္ နယ္စပ္အထိမသြားေတာ့ဘဲ baton ကိုအိႏၵိယနယ္စပ္ကေန မႏၱေလးအထိ ေလယာဥ္ပ်ံနဲ႔ပို႔လိုက္ျပီး မႏၱေလးကေနတဆင့္ ေတာင္ငူ၊ ဘားအံ၊ ျမ၀တီအထိျဖတ္သန္းကာ ထိုင္းႏုိင္ငံက အမ်ိဳးသမီးဆိုင္ကယ္စီးသမားေတြလက္ထဲလႊဲေျပာင္းေပးမွာလို႔ ကိုသက္ေဆြ၀င္း ကဆိုပါတယ္။
WRWR အေၾကာင္းစာနယ္ဇင္းေတြကိုရွင္းျပေနတဲ့ ကိုသက္ေဆြ၀င္းက “ဇူလိုင္ ၂၆ရက္ေန႔မနက္ ၆နာရီခြဲမွာ မႏၱေလးျမိဳ႕ Ducati Showroom ကေနစထြက္ၾကပါလိမ့္မယ္။ အဲ့ဒီကေနေတာင္ငူကို သြားမယ္။ ၂၈ရက္ေန႔မနက္ ၁၁နာရီမွာ ျမ၀တီကေနတဆင့္ ထိုင္းႏုိင္ငံကဆုိင္ကယ္စီးသမားေတြဆီ baton ကိုလက္လႊဲေပးသြားမွာပါ” လို႔ ကိုသက္ေဆြ၀င္းကဆိုပါတယ္။

ဒီခရီးစဥ္မွာ ပါ၀င္စီးနင္းၾကသူေတြဟာ မည္သူ႔ေထာက္ပံ့မႈမွမပါဘဲ ကိုယ့္စရိတ္နဲ႔ကိုယ္၊ ကိုယ့္ဆိုင္ကယ္နဲ႔ကိုယ္ ပါ၀င္ၾကတာပါ။

သတင္းစာရွင္းလင္းပြဲကို အခုမယ္သီလရွင္၀တ္နဲ႔ အဘြားေဒၚတင္တင္စိန္လည္းတက္ေရာက္ျပီး သူမ ကမာၻလွည့္ခဲ့စဥ္က အေတြ႔အၾကံဳေတြကိုမွ်ေ၀သြားခဲ့ပါတယ္။ ေဒၚတင္တင္စိန္ဟာ ဒုတိယကမာၻစစ္ လက္က်န္ BSA 1942 model ဆိုင္ကယ္ေလးကို က်ပ္ ၅၀၀နဲ႔ေပး၀ယ္ျပီး ကမာၻအႏွံ႔ခရီး ထြက္ရင္း မတူညီတဲ့ေရေျမသဘာ၀ေတြနဲ႔ယဥ္ေက်းမႈေတြကိုေလ့လာခဲ့တာပါ။

“အစကေတာ့ျမန္မာႏုိင္ငံတြင္းပဲလွည့္လည္ဖို႔ပါ။ ျပီးေတာ့အာရွအႏွံ႔ထြက္ျဖစ္သြားတယ္။ အဲ့ဒီကေန ဥေရာပနဲ႔ အဂၤလန္အထိေျခဆန္႔ျဖစ္သြားတာပါ။ ျမန္မာကေနအိႏၵိယကိုသေဘၤာနဲ႔သြားျပီး အိႏၵိယကေန တဆင့္ကမာၻအႏွံ႔ ထြက္ဖို႔စီစဥ္ျဖစ္သြားတယ္။ အဲ့ဒီတုန္းကေျမပံုေတြ သံလိုက္အိမ္ေျမာင္ေတြမရွိဘဲ ပါးစပ္နဲ႔ပဲေမးျမန္းသြားခဲ့ရတာ။ ၁၉၅၅ခုႏွစ္ကေနစထြက္တာ တႏွစ္ၾကာပါတယ္။ ႏိုင္ငံေပါင္း ၃၀ေက်ာ္ေလာက္ေရာက္ေပမယ့္ ႏိုင္ငံၾကီးအေနနဲ႔ ၂၉ႏိုင္ငံလို႔ပဲေၾကညာထားပါတယ္” လို႔လြန္ခဲ့တဲ့ႏွစ္ေပါင္း ၆၀ေက်ာ္ကအျဖစ္အပ်က္ေတြကို မေန႔တေန႔ကအလား မ်က္လံုးထဲျမင္ေယာင္လာေအာင္အေသးစိတ္ေျပာျပခဲ့ပါတယ္။

“ဆိုင္ကယ္စီးတဲ့သူေတြမွာ fraternity (ေမာင္ရင္းႏွမစိတ္ဓာတ္) ရွိၾကပါတယ္။ အခ်င္းခ်င္း ကူညီၾကတယ္ ေစာင့္ေရွာက္ၾကတယ္။ အဘြားဆိုရင္ပုဂံျမိဳ႕မွာ ဟိုတယ္ေလးတလံုး ပိုင္ပါတယ္။ လာတည္းတဲ့သူေတြထဲမွာ ဆိုင္ကယ္စီးတဲ့သူေတြဆိုရင္ တတ္ႏုိင္သေလာက္ေကၽြးေမြးဧည့္ခံတယ္။ ဆိုင္ကယ္စီး၀ါသနာပါတဲ့သူေတြဟာ အျမဲလိုလိုအခက္အခဲေတြ ေ၀ဖန္မႈေတြနဲ႔ရင္ဆိုင္ရတတ္ပါတယ္။ ဒါေၾကာင့္စိတ္ဓာတ္ကိုခိုင္မာေအာင္ထားပါလုိ႔ အၾကံေပးခ်င္ပါတယ္” လုိ႔ အသက္ ၈၀ေက်ာ္ျပီျဖစ္တဲ့အဘြားေဒၚတင္တင္စိန္က အမွာစကားပါးခဲ့ပါတယ္။

Women Riders World Relay ဆိုတာ ၂၀၁၈ခုႏွစ္ ၾသဂုတ္လက ျဗိတိန္ႏုိင္ငံသူ Hayley Bell ကစတင္ခဲ့တာပါ။ ဒီခရီးစဥ္မွာျမန္မာႏုိင္ငံကအမ်ိဳးသမီးဆိုင္ကယ္စီးသမား ၅ေယာက္ကေန ၈ေယာက္အထိပါ၀င္မယ္လို႔သိရပါတယ္။ အမ်ိဳးသားဆိုင္ကယ္စီးသမား ၁၀ေယာက္၀န္းက်င္ကလည္း အားျဖည့္၀န္းရံသြားမယ္လို႔ဆိုပါတယ္။

ဒီခရီးစဥ္နဲ႔ပတ္သက္ျပီးပိုမိုသိရွိလိုပါက https://womenridersworldrelay.com မွာဖတ္ရႈႏုိင္ပါတယ္။ ဒီခရီးစဥ္ကို https://womenridersworldrelay.com/tracktherelay/ ကေနတိုက္ရိုက္ၾကည့္ရႈႏုိင္ပါတယ္။

မြန်မာနိုင်ငံရောက်လာတဲ့ကမ္ဘာလှည့်အမျိုးသမီးဆိုင်ကယ်စီးခရီးစဉ်

မော်တော်ဆိုင်ကယ်စီးတယ်ဆိုရင် လူတော်တော်များများက အမျိုးသားတွေပဲစီးကြတယ်လို့ ထင်လေ့ ရှိပါတယ်။ တကယ်တော့မော်တော်ဆိုင်ကယ်စီးအားကစား (motorsport) ဟာ လိင်ခွဲခြား ခြင်းမရှိတဲ့ အားကစားတခုပါ။
မြန်မာလူမျိုးတွေအနေနဲ့လည်း မော်တော်ဆိုင်ကယ်စီးခြင်းနဲ့ ပတ်သက်ပြီး နောက်ကျကျန်ခဲ့ခြင်း မရှိပါဘူး။ လွန်ခဲ့တဲ့နှစ်ပေါင်း ၆၃နှစ်က ကမ္ဘာလှည့်(ဒေါ်)တင်တင်စိန်လို့ခေါ်တဲ့ အမျိုးသမီးနဲ့ သူ့ခင်ပွန်းသည် ဦးဘတုပ်တို့ဟာ မြန်မာနိုင်ငံကနေ BSA ဆိုင်ကယ်လေးတစီးနဲ့ ကမ္ဘာပတ်ဖူးတဲ့ သာဓကတွေရှိပါတယ်။ သူ့ခေတ်သူ့အခါမှာဆိုရင် သူတို့ဇနီးမောင်နှံရဲ့ ကမ္ဘာလှည့်စွန့်စားခန်းဟာ အာရှတိုက်မှာပထမဆုံးဖြစ်ပါတယ်။
အခုလည်း Women Riders World Relay (WRWR) ဆိုတဲ့ကမ္ဘာလှည့်ဆိုင်ကယ်စီးတဲ့အဖွဲ့ကြီးဟာ မြန်မာနိုင်ငံကအမျိုးသမီးဆိုင်ကယ်မောင်းသူတွေနဲ့ပူးပေါင်းပြီးဆိုင်ကယ်စီးဖို့စီစဉ်နေပါပြီ။ ဇူလိုင် ၂၄ရက်နေ့မှာ ဒီအစီအစဉ်နဲ့ပတ်သက်တဲ့သတင်းစာရှင်းလင်းပွဲကို ငြိမ်းချမ်းရေးအတွက် မြန်မာနိုင်ငံ အနှံ့ဆိုင်ကယ်စီးခဲ့သူ ကိုသက်ဆွေဝင်းက ကြီးမှူးကျင်းပခဲ့ပါတယ်။
ဒီကမ္ဘာလှည့်မော်တော်ဆိုင်ကယ်စီးခရီးစဉ်ဟာ အာရှမှာဆိုရင်ပါကစ္စတန်၊ အိန္ဒိယ၊ မြန်မာ၊ ထိုင်း၊ စင်ကာပူတို့အပါအဝင် နိုင်ငံပေါင်း ၁၁နိုင်ငံကိုဖြတ်သန်းသွားမှာဖြစ်ပြီး နိုင်ငံအသီးသီးကနေ ပါဝင်ကြတဲ့အမျိုးသမီးဆိုင်ကယ်မောင်းသမားတွေအနေနဲ့ WRWR အထိမ်းအမှတ် ကျိုင်းတုတ် (WRWR Baton) ကို အိန္ဒိယနိုင်ငံကဆိုင်ကယ်စီးသမားတွေဆီကနေ လက်လွှဲယူရမှာပါ။ အိန္ဒိယနယ်စပ်ကနေတဆင့် လက်လွှဲယူဖို့စီစဉ်ထားပေမယ့်လည်း မိုးတွင်းဘက်ရာသီဥတုနဲ့ လမ်းအခြေအနေကြောင့် နယ်စပ်အထိမသွားတော့ဘဲ baton ကိုအိန္ဒိယနယ်စပ်ကနေ မန္တလေးအထိ လေယာဉ်ပျံနဲ့ပို့လိုက်ပြီး မန္တလေးကနေတဆင့် တောင်ငူ၊ ဘားအံ၊ မြဝတီအထိဖြတ်သန်းကာ ထိုင်းနိုင်ငံက အမျိုးသမီးဆိုင်ကယ်စီးသမားတွေလက်ထဲလွှဲပြောင်းပေးမှာလို့ ကိုသက်ဆွေဝင်း ကဆိုပါတယ်။
WRWR အကြောင်းစာနယ်ဇင်းတွေကိုရှင်းပြနေတဲ့ ကိုသက်ဆွေဝင်းက “ဇူလိုင် ၂၆ရက်နေ့မနက် ၆နာရီခွဲမှာ မန္တလေးမြို့ Ducati Showroom ကနေစထွက်ကြပါလိမ့်မယ်။ အဲ့ဒီကနေတောင်ငူကို သွားမယ်။ ၂၈ရက်နေ့မနက် ၁၁နာရီမှာ မြဝတီကနေတဆင့် ထိုင်းနိုင်ငံကဆိုင်ကယ်စီးသမားတွေဆီ baton ကိုလက်လွှဲပေးသွားမှာပါ” လို့ ကိုသက်ဆွေဝင်းကဆိုပါတယ်။
ဒီခရီးစဉ်မှာ ပါဝင်စီးနင်းကြသူတွေဟာ မည်သူ့ထောက်ပံ့မှုမှမပါဘဲ ကိုယ့်စရိတ်နဲ့ကိုယ်၊ ကိုယ့်ဆိုင်ကယ်နဲ့ကိုယ် ပါဝင်ကြတာပါ။
သတင်းစာရှင်းလင်းပွဲကို အခုမယ်သီလရှင်ဝတ်နဲ့ အဘွားဒေါ်တင်တင်စိန်လည်းတက်ရောက်ပြီး သူမ ကမ္ဘာလှည့်ခဲ့စဉ်က အတွေ့အကြုံတွေကိုမျှဝေသွားခဲ့ပါတယ်။ ဒေါ်တင်တင်စိန်ဟာ ဒုတိယကမ္ဘာစစ် လက်ကျန် BSA 1942 model ဆိုင်ကယ်လေးကို ကျပ် ၅၀၀နဲ့ပေးဝယ်ပြီး ကမ္ဘာအနှံ့ခရီး ထွက်ရင်း မတူညီတဲ့ရေမြေသဘာဝတွေနဲ့ယဉ်ကျေးမှုတွေကိုလေ့လာခဲ့တာပါ။
“အစကတော့မြန်မာနိုင်ငံတွင်းပဲလှည့်လည်ဖို့ပါ။ ပြီးတော့အာရှအနှံ့ထွက်ဖြစ်သွားတယ်။ အဲ့ဒီကနေ ဥရောပနဲ့ အင်္ဂလန်အထိခြေဆန့်ဖြစ်သွားတာပါ။ မြန်မာကနေအိန္ဒိယကိုသင်္ဘောနဲ့သွားပြီး အိန္ဒိယကနေ တဆင့်ကမ္ဘာအနှံ့ ထွက်ဖို့စီစဉ်ဖြစ်သွားတယ်။ အဲ့ဒီတုန်းကမြေပုံတွေ သံလိုက်အိမ်မြောင်တွေမရှိဘဲ ပါးစပ်နဲ့ပဲမေးမြန်းသွားခဲ့ရတာ။ ၁၉၅၅ခုနှစ်ကနေစထွက်တာ တနှစ်ကြာပါတယ်။ နိုင်ငံပေါင်း ၃၀ကျော်လောက်ရောက်ပေမယ့် နိုင်ငံကြီးအနေနဲ့ ၂၉နိုင်ငံလို့ပဲကြေညာထားပါတယ်” လို့လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ကျော်ကအဖြစ်အပျက်တွေကို မနေ့တနေ့ကအလား မျက်လုံးထဲမြင်ယောင်လာအောင်အသေးစိတ်ပြောပြခဲ့ပါတယ်။
“ဆိုင်ကယ်စီးတဲ့သူတွေမှာ fraternity (မောင်ရင်းနှမစိတ်ဓာတ်) ရှိကြပါတယ်။ အချင်းချင်း ကူညီကြတယ် စောင့်ရှောက်ကြတယ်။ အဘွားဆိုရင်ပုဂံမြို့မှာ ဟိုတယ်လေးတလုံး ပိုင်ပါတယ်။ လာတည်းတဲ့သူတွေထဲမှာ ဆိုင်ကယ်စီးတဲ့သူတွေဆိုရင် တတ်နိုင်သလောက်ကျွေးမွေးဧည့်ခံတယ်။ ဆိုင်ကယ်စီးဝါသနာပါတဲ့သူတွေဟာ အမြဲလိုလိုအခက်အခဲတွေ ဝေဖန်မှုတွေနဲ့ရင်ဆိုင်ရတတ်ပါတယ်။ ဒါကြောင့်စိတ်ဓာတ်ကိုခိုင်မာအောင်ထားပါလို့ အကြံပေးချင်ပါတယ်” လို့ အသက် ၈၀ကျော်ပြီဖြစ်တဲ့အဘွားဒေါ်တင်တင်စိန်က အမှာစကားပါးခဲ့ပါတယ်။
Women Riders World Relay ဆိုတာ ၂၀၁၈ခုနှစ် သြဂုတ်လက ဗြိတိန်နိုင်ငံသူ Hayley Bell ကစတင်ခဲ့တာပါ။ ဒီခရီးစဉ်မှာမြန်မာနိုင်ငံကအမျိုးသမီးဆိုင်ကယ်စီးသမား ၅ယောက်ကနေ ၈ယောက်အထိပါဝင်မယ်လို့သိရပါတယ်။ အမျိုးသားဆိုင်ကယ်စီးသမား ၁၀ယောက်ဝန်းကျင်ကလည်း အားဖြည့်ဝန်းရံသွားမယ်လို့ဆိုပါတယ်။
ဒီခရီးစဉ်နဲ့ပတ်သက်ပြီးပိုမိုသိရှိလိုပါက https://womenridersworldrelay.com မှာဖတ်ရှုနိုင်ပါတယ်။ ဒီခရီးစဉ်ကို https://womenridersworldrelay.com/tracktherelay/ ကနေတိုက်ရိုက်ကြည့်ရှုနိုင်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here