Unicode version….
၂၀၁၈ ခုနှစ် June 14 မှ July 15 အထိ Russia နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံ၍ ကျင်းပမည့် 2018 World Cup ဘောလုံးပွဲစဉ်များတွင် အခြား ကမာ့္ဘနိုင်ငံအသီးသီးမှ ကလေး ၆၃ ယောက်နှင့်အတူ KIA Myanmar ၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံမှ တစ်ပြည်လုံးအတိုင်းအတာဖြင့် ရွေးချယ်ထားသော ဘက်စုံထူးချွန်သောကလေးငယ်တစ်ဦးကိုလည်း Official Match Ball Carrier Myanmar အနေဖြင့် ပါ၀င်နိုင်မည့် Program ဖြစ်ပါသည်။
ပါ၀င်ယှဉ်ပြိုင်နိုင်သော ကလေးအမျိုးအစားများ
(1) ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ အခြေခံပညာကျောင်းများ၊ International School များ၊ အား/ကာသိပ္ပံကျောင်းများနှင့် ပုဂ္ဂလိကကျောင်းအသီးသီးတွင် ပညာသင်ကြားနေသော အသက် ၁၀ နှစ်မှ ၁၄ နှစ် အတွင်းဘက်စုံထူးချွန်သော ကျား၊မ မရွေး ကလေးငယ်များ၊ ကျန်းမာသန်စွမ်းသူ၊ ဘောလုံးကစားနည်း အားသိမြင်ဗဟုသုတရှိပြီး ကိုယ်တိုင်လဲ ကျွမ်းကျင်ကောင်းမွန်စွာ ကစားနိုင်သူဖြစ်ရမည်။
(2) English Language အားကောင်းမွန်စွာ နားလည်ရေး သားပြော ဆိုနိုင်ပြီး အထွေထွေဗဟုသုတ ကြွယ်ဝသူ၊ နိုင်ငံသားမှတ်ပုံတင်၊ သန်းခေါင်စာရင်း စသည်တို့ အဆင်သင့်ရှိပြီး Russia နိုင်ငံသို့ အချိန် မရွေးသွားရောက်ရန် အဆင်ပြေသောကလေး ဖြစ်ရပါမည်။
(3) ရွေးချယ်ခံရသူ ကလေးနှင့်အတူ Russia နိုင်ငံသို့ လိုက်ပါနိုင်သော ကလေးနည်းတူ အရည်အချင်းရှိသော အတူနေအုပ်ထိန်းသူတစ်ဦး လည်းရှိရပါမည်။
ရွေးချယ်ပုံအဆင့်ဆင့်
စကားစု ရ၀၀ ပါသော “Drive Your Dream To Become Reality” ခေါင်းစဉ်အား Essay တစ်ပုဒ်ကိုရေးသား၍ Application Form နှင့်အတူ 2018 March လ 12 ရက်နေ့ ညနေ ၅ နာရီနောက်ဆုံးထား၍ ပေးပို့ရ ပါမည်။ ရန်ကုန်၊ မန္တလေး၊ မကွေး၊ နေပြည်တော် စသည့်မြို့ အသီးသီးရှိ KIA Car Showroom များသို့လာရောက်ပေးပို့လျှောက်ထားနိုင်ပါသည်။ Essay အရေးအသားပေါ်တွင် ပဏာမရွေးချယ်ခံရသော ကလေး ငယ်များအား ထပ်မံ၍အုပ်စုအလိုက် ဘောလုံးအားကစားနှင့် ပတ် သက်၍ကျွမ်းကျင်ကျင်လည်မှုစစ်ဆေးခြင်း၊ Presentation Skill, General Knowledge Test, English Speaking & Listening Skill စစ်ဆေးခြင်းများအဆင့်ဆင့်ပြုလုပ်၍ အထူးချွန်ဆုံး ရွေးချယ်ခံရသော ကလေးအားရွေးချယ်မည် ဖြစ်ပါသည်။ ပါ၀င်ယှဉ်ပြိုင်သော ကလေး ငယ်များအတွက် ရွေးချယ်မှုအဆင့်ဆင့်တိုင်းပေါ်တွင် ကြိုးစားအား ထုတ်မှုနှင့်ထိုက်တန်သော ဆုလက်ဆောင်ပစ္စည်းများအား ချီးမြှင့် မည်ဖြစ်ပါသည်။
အသေးစိတ်သိရှိလိုပါက Hot line : 09 977 44 22 08
Official Match Ball Carrier Application Form ကိုအောက်ပါ link တွင် Download ရယူနိုင်ပါတယ်.
https://drive.google.com/file/d/16sCAhkrATVeTEb8sqRh6fdgqHVtvWkKV/view
Zawgyi versin…