ပြေးလမ်းကြောင်းများ၏စိန်ခေါ်မှုများ၊ ကမ္ဘာ့အဆင့်တင်ဆက်မှု၊ အထူးဖိတ်ကြားထားသူများ၊ ကမ္ဘာ့အကောင်းဆုံးအဆင့်ရှိသည့် ဆိုင်ကယ်ကိုချစ်သူများအတွက် တမူထူးခြားသည့်လှုပ်ရှားမှုများ။

ယခု 2022 World Ducati Week သည် Ducati နှင့် Ducati ကိုချစ်မြတ်နိုးသူများနှင့် Ducati Club အသိုင်းအဝန်းတို့အကြား အလွန်ခိုင်မြဲနီးကပ်စွာတည်ရှိမှုကို မီးမောင်းထိုးပြသည့် တမူထူးခြားသည့်အခန်းအနားဖြစ်ပြီး စစ်မှန်သည့်မိသားစုကိုလည်း ရည်ညွှန်းသည့်ဟု Ducati ၏ CEO ဖြစ်သူ Claudio Domenicali မှမှတ်ချက်ပြုထားပါသည်။

World Ducati Week 2022 သည်ရင်ခုန်စိတ်လှုပ်ရှားရသည့် တမူထူးခြားသည့်သီတင်းပတ်ကိုတဖန် ပြန်လည်ပေးစွမ်းရန် အသင့်ဖြစ်နေပြီး စိတ်အားထက်သန်မှုနှင့်ပျော်ရွှင်ခြင်းများကိုပါ ခံစားရနိုင်ပါသည်။ (၁၁)ကြိမ်မြောက်ကျင်းပသည့် ကမ္ဘာ့အကြီးဆုံး အပြည်ပြည်ဆိုင်ရာ မော်တော်ဆိုင်ကယ်များတွေ့ဆုံပွဲအား July 22 မှ July 24 အတွင်း (Macro Simoncelli) ရှိ Misano World Circuit တွင်ကျင်းပမည်ဖြစ်ပြီး အဆိုပါတွေ့ဆုံပွဲသို့ ကမ္ဘာအနှံ့မှ မော်တော်ဆိုင်ကယ်ချစ်သူများ ပူးပေါင်းပါ၀င်မည်ဖြစ်ပြီး အတွေ့အကြုံများကိုလည်း မျှဝေပါမည်။

ယခုနှစ်အတွင်း မြန်မာနိုင်ငံရှိ Ducati ချစ်သူများလည်းပါဝင်တက်ရောက်မည် ဖြစ်ကာ Ko Sai Zom Pha သည် Ducati Myanmar ၏ Brand Ambassador အနေဖြင့် World Ducati Week သို့ပထမဆုံးတက်ရောက်မည်ဖြစ်သည်။ ၎င်းသည် 55,000 km ‌ဝေးသောခရီးကို မော်တော်ဆိုင်ကယ်ဖြင့် မြန်မာမှအင်္ဂလန်သို့ ခရီးထွက်ခဲ့ခြင်းဖြင့် ကျော်ကြားသူဖြစ်ပြီး WDW ပွဲအတွက် ၎င်း၏အတွေ့အကြုံများ၊ သက်ဝင်လှုပ်ရှားမှူများကို မျှ‌ဝေရန်နှင့် All New Ducati DesertX နှင့် Ducati Streetfighter V2 မော်တော်ဆိုင်ကယ်များကိုလည်း အရှေ့တောင်အာရှမှပထမဆုံး ပါ၀င်သူအနေဖြင့် အဆိုပါပွဲတော်တွင် စမ်းသပ်မောင်းနှင်ပါမည်။ ၎င်းသည်အဆိုပါ WDW သို့ Ducati Myanmar ၏ MD ဖြစ်သူ Mr Michael Rudenmark နှင့်အတူတကွတက်ရောက်ပါမည်။

World Ducati Week သည်လူမျိုးမရွေး၊ အသက်အရွယ်မရွေး၊ ကျား/မ မရွေးပါဝင်ဆင်နွှဲနိုင်မည့် ပွဲတော်ဖြစ်ပြီး ကျေးရွာများနှင့်ခရီးဝေးလမ်းမများအထိ မော်တော်ဆိုင်ကယ်ဖြင့် စိတ်လှုပ်ရှားဖွယ်ရာ ခရီးများကို စွန့်စားသွားလာရခြင်းကို အထူးခုံမင်သည့် မော်တော်ဆိုင်ကယ်ချစ်သူများ၏ စုဝေးရာပွဲတော်ဟုလည်း ဆိုရပါမည်။ WDW ပွဲတော်သည် မော်တော်ဆိုက်ကယ်ချစ်သူအားလုံးအတွက် မိမိ၏အိမ်ကဲ့သို့ ခံစားတွေ့ကြုံမှုနှင့် စိတ်အားထက်သန်ခြင်းများကို ကြုံတွေ့ရနိုင်မည့် အထူးအခါသမယအချိန်ဟုလည်း ဆိုနိုင်ပါသည်။ WDW သည်သာမန်ပြပွဲ၊ တွေ့ဆုံပွဲတခုထက်များစွာ အဓိပ္ပယ်ရှိသည့်ပွဲတော်ဖြစ်ပြီး တက်ရောက်သူများအနေဖြင့် ပူးပေါင်းပါဝင်မှုများစွာကို အတူတကွပေါင်းစပ် ပါဝင်နိုင်မည်ဖြစ်ပြီး အဓိကအားဖြင့် –

  1. ထင်ရှားသည့် WDW Bike များစီတန်းလှည့်လည်ပွဲတွင် ပါဝင်နိုင်ခြင်း။
  2. ပါဝင်သူများအနေဖြင့် နှစ်သက်ရာဆိုင်ကယ်များကို စမ်းသပ်မောင်းနှင်နိုင်ခြင်း။
  3. စိတ်လှုပ်ရှားဖွယ် New 2023 Ducati Motorcycle အားမိတ်ဆက်ပြသခြင်း။
  4. Ducati Riding Academy မှတင်ဆက်သည့် Platform Range များနှင့်လမ်းကြမ်းခရီးမျိုးစုံ အသုံးပြုခြင်းများ။
  5. DJ Benny Bennasi ပါဝင်ဆင်နွှဲမည့် Beach Party အား Samsara ကမ်းခြေတွင်ပြုလုပ်ခြင်း။
  6. အီတလီဂီတဖြစ်သည့် Trio Meduza အား Samsara ပြဇာတ်ရုံတွင် ခံစားနားဆင်နိုင်ခြင်း။
  7. အဝေးပြေးလမ်းတလျှောက်လုံးတွင် တည်ခင်းထားသည့် Rustida Barbecue အားခံစားသုံးဆောင်နိုင်ခြင်း။
  8. Ducati Champions ပြိုင်ပွဲအား 2022 July 23th တွင်ကျင်းပမည်ဖြစ်ကာ အဆိုပါပြိုင်ပွဲတွင် Ducati ဆိုင်ကယ် (၂၁) စင်းတို့သည် Moto GP, Superbike နှင့် Super Sport Championship ပြိုင်ပွဲများတွင် ဝင်ရောက်ယှဥ်ပြိုင်မည်ဖြစ်ကာ Dual-Category Competition တွင်အနိုင်ရရှိထားသည့် Panigale V4 နှင့် Panigale V2 ဆိုင်ကယ်များနှင့်ယှဥ်ပြိုင်ရမည်ဖြစ်သည်။

ကားချစ်သူများအတွက်လည်း Audi RS Q e-tron Model အား DesertX မော်တော်ဆိုင်ကယ်နှင့်ယှဥ်တွဲကာ ပြသထားပါမည်။

ယခုနှစ်ကျင်းပသည့် WDW ပွဲတော်သည် Covid 19 ဖြစ်ရပ်များကြောင့် (၂) နှစ်တာကွာဟနေသည့် ကွက်လပ်ကိုပြန်လည်ဖြည့်ပေးသည့် အခင်းအကျင်းလည်းဖြစ်ပါသည်။ 11th WDW ပွဲတော်အတွက်လက်မှတ်များကို ရောင်းချပြီးဖြစ်ကာ အဆိုပါလက်မှတ်များသည် ကွဲပြားမှုများရှိမည်ဖြစ်ပြီး အသေးစိတ်အား The Ducati Website တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

လှုပ်ရှားဆောင်ရွက်မှုအသစ်များနှင့် တမူထူးခြားသည့် အတွေ့အကြုံများကို ခံစားလိုသူများအတွက် လာမည့်အပတ်တွင် ကြေငြာချက်များထပ်မံထုတ်ပြန်ပါမည်။ သတင်းအချက်အလက်အားလုံးကို သိရှိလိုပါက Ducati Website နှင့် World Ducati Week Facebook Page တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

https://www.facebook.com/DucatiMyanmar/ (facebook)
https://www.instagram.com/ducatimyanmar/ (instagram)
Call or contact Ducati Myanmar at 09 777 221 991 for more info regarding WDW 2022 if you are interested in attending.
#LetsRideAsOne #WDW2022

#DriveMediaMyanmar