တရုတ်အခြေစိုက် Xpeng ဟာ Brand ရဲ့ ပထမဆုံး EV MPV ဖြစ်တဲ့ Xpeng X9 MPV ကို တရုတ်မှာ မိတ်ဆက်လိုက်ပါတယ်။ သူ့ကို ( Yuan 359,800 ) နဲ့ အရောင်းစတင်မှာဖြစ်ပြီး Pre – Sales အနေနဲ့ အစင်းရေများစွာ Order ရရှိထားပါတယ်။ X9 ဟာ Full Size MPV ဖြစ်ကာ အလျား ( 5.3 Meters ) ခန့် ရှည်ခြင်း၊ X9 EV MPV ကို SEPA 2.0 Platform မှာ အခြေခံထားပြီး ( 2+2+3 Seat Layout ) ပုံစံ ဖန်တီးထားပါတယ်။ သူက Massive Family MPV Type ဖြစ်ပြီး ( Drag Coefficient of 0.227 Cd ) ရှိပါတယ်။

New X9 MPV မှာ 235 kW Motor with FWD နှင့် 370 kW Motor with AWD ၊ ဆိုပြီး Powertrain ( ၂ ) မျိုးရှိပါမယ်။ Performance အနေနဲ့ 0 to 100 km/h အား ( 5.7 Seconds ) နဲ့ရောက်နိုင်ပြီး Top Speed က 200 km/h ဖြစ်ခြင်း၊ Battery Packs အနေနဲ့ဆိုရင် – 84.5 kWh LEP Battery နဲ့ 101.5 kWh Ternary NMC Battery ဆိုပြီး ( ၂ ) မျိုး ရပါမယ်။ အလားတူ – 800V Charging ၊ 3C Battery Cells ၊ တို့လည်း ပေါင်းစပ်ပါဝင်ပါတယ်။

လျှပ်စစ်သီးသန့်အနေနဲ့ – 610 km ၊ 640 km ၊ 702 km ၊ ဆိုပြီး Battery Packs များအရ အသုံးပြုနိုင်ခြင်း၊ သူ့ရဲ့ Cargo Space က ( 10.8 Liters ) ရှိခြင်းနှင့် ကားရဲ့အတွင်းခန်းကို ခပ်ကျယ်ကျယ်ခင်းကျင်းထားပြီး Touch Screen Layout ကို အဓိကအသုံးပြုထားပါမယ်။ ( 17.3 – inch Central Control Screen ) အဓိကပါဝင်ကာ ဒုတိယ ခုံတန်းအပေါ်ဖက်မှာ ( 21.4 – inch Screen ) လည်း ပါဝင်ပါမယ်။ အလားတူ – Electronic Sliding Doors ၊ ADAS ၊ XNGP ၊ Autonomous Parking ၊ Adaptive LED Light စတဲ့ Features များစွာ ပါဝင်မယ့်အပြင် Highway မှာ သီးသန့်အသုံးပြုနိုင်မယ့် NGPS Support လည်း ပါဝင်ကာ သူ့ကိုတော့ X9 Max Version မှာသာ ရနိုင်ပါမယ်။