Unicode Version…
ပထမအကြိမ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ မော်တော်ယာဉ်ပြပွဲ (၂၀၁၉) ကို ဇန်နဝါရီလ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အထိ Yangon Convention Center (YCC) တွင် ခမ်းနားစွာ ကျင်းပပြုလုပ် မည်ဖြစ်ကြောင်း သိရသည်။
“Navigating the Automotive Industry of Tomorrow” ဆိုသည့် ခေါင်းစဉ်ဖြင့် ကျင်းပသည့် မော်တော် ယာဉ်ပြပွဲ၏ အဓိကရည်ရွယ်ချက်မှာ မြန်မာ့အော် တိုမိုးတစ်ဖ်ဈေးကွက်ကို အထောက်အကူပြုနိုင် စေရန်ရည်ရွယ် ကြောင်း သိရသည်။ တစ်နည်းအားဖြင့် မြန်မာနိုင်ငံ၏ လျင်မြန်သောလူမှုစီးပွားဖြစ်ပေါ်တိုးတက်မှုကို အသိ အမှတ်ပြုပြီး မြန်မာ့နိုင်ငံသူ/သားများ၏ လူနေမှုဘဝပြောင်းလဲမှုကို အားပေးကူညီခြင်းလည်းဖြစ်သည်ဟု သိရသည်။
ပထမအကြိမ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ မော်တော်ယာဉ်ပြပွဲကို GPI Myanmar Co.,Ltd မှ အဓိကစီစဉ်တင်ဆက်ပြီး ဒုတိယအကြိမ်စာနယ်ဇင်းရှင်းလင်းပွဲကို Inya Lake Hotel တွင် ကျင်းပပြုလုပ်ခဲ့ရာတွင် ရန်ကုန်မော်တော်ယာဉ်ပြပွဲ၏ ဥက္ကဌ Mr.Anothai Eamlumnow မှ ‘ကျွန်တော်တို့ မော်တော် ယာဉ်ပြပွဲက မြန်မာနိုင်ငံမှာရှိတဲ့ ထိပ်တန်းမော်တော် ယာဉ်အမှတ်တံဆိပ်တွေရဲ့ နောက်ဆုံးထွက်ရှိလာတဲ့ concepts ကားတွေ၊ နည်းပညာတွေနဲ့ လက်ရှိအချိန်မှာ ကမ္ဘာတစ်လွှား ကမော်တော်ယာဉ်ဈေးကွက် ဆန်းသစ်ပြောင်းလဲမှုတွေကို အဓိကထားပြသသွားမှာပါ။ ကျွန်တော်တို့ဟာ တစ်ကမ္ဘာလုံးဆိုင်ရာ စက်မှု လုပ်ငန်းဖြစ်ပေါ်တိုးတက်မှုမှာ ပထမဆုံးအတွေ့ အကြုံတွေကနေရရှိတဲ့ နောက်ဆုံးပြပွဲခေတ်ရေစီးကြောင်း အတိုင်း မြန်မာ့အော်တိုမိုးတစ်ဖ် နယ်ပယ်တိုးတက်မှုကို မြှင့်တင်လိုပါတယ်။ ကားဈေးကွက် အကျိုးသက် ရောက်မှုတွေအနေနဲ့၊ ကျွန်တော်တို့ မော်တော်ယာဉ်ပြပွဲဟာ ကြိုးစားအားထုတ်မှုတွေအများကြီးနဲ့ ပြပွဲ နယ်ပယ်အဆင့်အတန်းလိုအပ်ချက်တွေကိုလည်း ကူညီနိုင်မှာဖြစ်ပြီး ကားအမှတ်တံဆိပ်တွေရဲ့ ဈေးနှုန်း သက်မှတ်ချက်အနေအထားတွေကို အနီးကပ်လေ့လာနိုင်မှာလည်းဖြစ်တယ်။’
မော်တော်ယာဉ်ပြပွဲတွင် BMW, Toyota, Suzuki, Ford, DFM, Scania တို့ကဲ့သို့ နာမည်ကြီး နိုင်ငံတကာ မော်တော်ယာဉ်အမှတ်တံဆိပ်များပါဝင်ပြသမည်။ လာရောက်ကြည့်ရှုသူဧည့်သည်များသည် နောက်ဆုံးပေါ်ကားများ၏ ပထမဆုံးအတွေ့အကြုံများ၊ ယနေ့ခေတ် နည်းပညာတီထွင်တိုးတက်မှုများ၊ Modified Street Car Contest, Modified Off-Road Car Contest နှင့် Nissan GT-R Contest စသည့် စိတ်ဝင်စားစရာလှုပ်ရှားမှုအစီအစဉ်များ ပါဝင်လာမည်ဖြစ်ပြီး အနိုင်ရရှိသူများသည် ဆုဖလားနှင့် အံသြဖွယ်ရာ ဆုလက်ဆောင်တို့ကို ရရှိမည် ဖြစ်သည်။
ထို့အပြင် BMW Myanmar မှလည်း ယခုကျင်းပ မည့်ရန်ကုန်အပြည်ပြည်ဆိုင်ရာမော်တော်ယာဉ်ပြပွဲတွင် အသစ်စက်စက် 2019 BMW X5 SUV ကားကိုဖော် ထုတ်ပြသသွားမည်ဖြစ်ပြီး လာရောက်ကြည့်ရှုသူများသည် မော်တော်ယာဉ်ပြပွဲတွင် ကားသစ်များကို အထူးလျှော့ဈေးပရိုမိုးရှင်းအစီအစဉ်များဖြင့် ဝယ်ယူနိုင်မည်ဖြစ် သည်။










ပထမအကြိမ်ရန်ကုန်အပြည်ပြည်ဆိုင်ရာ မော်တော်ယာဉ်ပြပွဲကို GPI Myanmar Co., Ltd. နှင့် မြန်မာနိုင်ငံအော်တိုမိုးတစ်ဖ်အသင်း (AAM) တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ခြင်းဖြစ်သည်။ GPI Myanmar Co.,Ltd သည် Grand Prix International Public Company Limited ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်ပြီး ဘန်ကောက် အပြည်ပြည်ဆိုင်ရာမော်တော်ယာဉ်ပြပွဲကို ကျင်းပခဲ့သည့်ကုမ္ပဏီလည်းဖြစ်သည်။ ဘန် ကောက်အပြည်ပြည် ဆိုင်ရာမော်တော်ယာဉ်ပြပွဲသည် အာဆီယံနိုင်ငံများတွင်း အကြီးဆုံးမော်တော်ယာဉ် ပြပွဲတစ်ခုဖြစ်ပြီး ကျယ်ပြန့်လှသည့် အော်တိုမိုးတစ်ဖ်နယ်ပယ် အတွေ့အကြုံကျွမ်းကျင်မှုများကို မြန်မာနိုင်ငံ သို့ ပထမဆုံးအကြိမ်အဖြစ် ခေါ်ဆောင်လာခြင်းဖြစ်သည်။ မော်တော်ယာဉ်ပြပွဲ၏ ဒုတိယအကြိမ် စာနယ်ဇင်းရှင်းလင်းပွဲကို အင်းလျားလိတ်ဟိုတယ်ရန်ကုန်မှ ပံ့ပိုးကူညီပေးပြီး Media Partners များအနေဖြင့် DRIVE Magazine, Automobile Journal တို့မှ ပါဝင်သည်။
တည်နေရာ ။ Yangon Convention Center (အင်းလျားလိတ်ဟိုတယ်ဝင်းဘေး)
Opening Hours:
VIP/Press Day: 23 January 8:30 AM – 12:00 PM
Public Days: 24-27 January 12:00 PM – 8:00 PM
လက်မှတ်ဈေးနှုန်း – ၁၅၀၀ ကျပ်
Zawgyi Version…
စိတ္ဝင္စားဖြယ္ရာ အစီအစဥ္မ်ားစြာပါဝင္ေသာ ပထမအႀကိမ္ ရန္ကုန္အျပည္ျပည္ဆုိင္ရာေမာ္ေတာ္ယာဥ္ျပပြဲကို
ဇန္န၀ါရီလ ၂၃ ရက္မွ ၂၇ ရက္ေန႔ထိ က်င္းပမည္
ပထမအႀကိမ္ ရန္ကုန္အျပည္ျပည္ဆုိင္ရာ ေမာ္ေတာ္ယာဥ္ျပပြဲ (၂၀၁၉) ကို ဇန္န၀ါရီလ ၂၃ ရက္ေန႔မွ ၂၇ ရက္ေန႔အထိ Yangon Convention Center (YCC) တြင္ ခမ္းနားစြာ က်င္းပျပဳလုပ္ မည္ျဖစ္ေၾကာင္း သိရသည္။
“Navigating the Automotive Industry of Tomorrow” ဆိုသည့္ ေခါင္းစဥ္ျဖင့္ က်င္းပသည့္ ေမာ္ေတာ္ ယာဥ္ျပပြဲ၏ အဓိကရည္ရြယ္ခ်က္မွာ ျမန္မာ့ေအာ္ တိုမိုးတစ္ဖ္ေစ်းကြက္ကို အေထာက္အကူျပဳႏိုင္ ေစရန္ရည္ရြယ္ ေၾကာင္း သိရသည္။ တစ္နည္းအားျဖင့္ ျမန္မာႏုိင္ငံ၏ လ်င္ျမန္ေသာလူမႈစီးပြားျဖစ္ေပၚတိုးတက္မႈကို အသိ အမွတ္ျပဳၿပီး ျမန္မာ့ႏုိင္ငံသူ/သားမ်ား၏ လူေနမႈဘ၀ေျပာင္းလဲမႈကို အားေပးကူညီျခင္းလည္းျဖစ္သည္ဟု သိရသည္။
ပထမအႀကိမ္ ရန္ကုန္အျပည္ျပည္ဆုိင္ရာ ေမာ္ေတာ္ယာဥ္ျပပြဲကို GPI Myanmar Co.,Ltd မွ အဓိကစီစဥ္တင္ဆက္ၿပီး ဒုတိယအႀကိမ္စာနယ္ဇင္းရွင္းလင္းပြဲကို Inya Lake Hotel တြင္ က်င္းပျပဳလုပ္ခဲ့ရာတြင္ ရန္ကုန္ေမာ္ေတာ္ယာဥ္ျပပြဲ၏ ဥကၠဌ Mr.Anothai Eamlumnow မွ ‘ကၽြန္ေတာ္တို႔ ေမာ္ေတာ္ ယာဥ္ျပပဲြက ျမန္မာႏုိင္ငံမွာရွိတဲ့ ထိပ္တန္းေမာ္ေတာ္ ယာဥ္အမွတ္တံဆိပ္ေတြရဲ႕ ေနာက္ဆံုးထြက္ရွိလာတဲ့ concepts ကားေတြ၊ နည္းပညာေတြနဲ႔ လက္ရွိအခ်ိန္မွာ ကမၻာတစ္လႊား ကေမာ္ေတာ္ယာဥ္ေစ်းကြက္ ဆန္းသစ္ေျပာင္းလဲမႈေတြကုိ အဓိကထားျပသသြားမွာပါ။ ကၽြန္ေတာ္တုိ႔ဟာ တစ္ကမၻာလံုးဆိုင္ရာ စက္မႈ လုပ္ငန္းျဖစ္ေပၚတုိးတက္မႈမွာ ပထမဆံုးအေတြ႕ အႀကံဳေတြကေနရရွိတဲ့ ေနာက္ဆံုးျပပြဲေခတ္ေရစီးေၾကာင္း အတုိင္း ျမန္မာ့ေအာ္တိုမိုးတစ္ဖ္ နယ္ပယ္တိုးတက္မႈကို ျမွင့္တင္လုိပါတယ္။ ကားေစ်းကြက္ အက်ဳိးသက္ ေရာက္မႈေတြအေနနဲ႔၊ ကၽြန္ေတာ္တုိ႔ ေမာ္ေတာ္ယာဥ္ျပပြဲဟာ ႀကိဳးစားအားထုတ္မႈေတြအမ်ားႀကီးနဲ႔ ျပပြဲ နယ္ပယ္အဆင့္အတန္းလိုအပ္ခ်က္ေတြကုိလည္း ကူညီႏုိင္မွာျဖစ္ၿပီး ကားအမွတ္တံဆိပ္ေတြရဲ႕ ေစ်းႏႈန္း သက္မွတ္ခ်က္အေနအထားေတြကုိ အနီးကပ္ေလ့လာႏုိင္မွာလည္းျဖစ္တယ္။’
ေမာ္ေတာ္ယာဥ္ျပပြဲတြင္ BMW, Toyota, Suzuki, Ford, DFM, Scania တို႔ကဲ့သို႔ နာမည္ႀကီး ႏိုင္ငံတကာ ေမာ္ေတာ္ယာဥ္အမွတ္တံဆိပ္မ်ားပါ၀င္ျပသမည္။ လာေရာက္ၾကည့္ရႈသူဧည့္သည္မ်ားသည္ ေနာက္ဆံုးေပၚကားမ်ား၏ ပထမဆံုးအေတြ႕အႀကံဳမ်ား၊ ယေန႔ေခတ္ နည္းပညာတီထြင္တိုးတက္မႈမ်ား၊ Modified Street Car Contest, Modified Off-Road Car Contest ႏွင့္ Nissan GT-R Contest စသည့္ စိတ္၀င္စားစရာလႈပ္ရွားမႈအစီအစဥ္မ်ား ပါ၀င္လာမည္ျဖစ္ၿပီး အႏုိင္ရရွိသူမ်ားသည္ ဆုဖလားႏွင့္ အံၾသဖြယ္ရာ ဆုလက္ေဆာင္တုိ႔ကုိ ရရွိမည္ ျဖစ္သည္။
ထုိ႔အျပင္ BMW Myanmar မွလည္း ယခုက်င္းပ မည့္ရန္ကုန္အျပည္ျပည္ဆုိင္ရာေမာ္ေတာ္ယာဥ္ျပပြဲတြင္ အသစ္စက္စက္ 2019 BMW X5 SUV ကားကိုေဖာ္ ထုတ္ျပသသြားမည္ျဖစ္ၿပီး လာေရာက္ၾကည့္ရႈသူမ်ားသည္ ေမာ္ေတာ္ယာဥ္ျပပြဲတြင္ ကားသစ္မ်ားကုိ အထူးေလွ်ာ့ေစ်းပရိုမိုးရွင္းအစီအစဥ္မ်ားျဖင့္ ၀ယ္ယူႏုိင္မည္ျဖစ္ သည္။
ပထမအႀကိမ္ရန္ကုန္အျပည္ျပည္ဆုိင္ရာ ေမာ္ေတာ္ယာဥ္ျပပြဲကို GPI Myanmar Co., Ltd. ႏွင့္ ျမန္မာႏုိင္ငံေအာ္တုိမိုးတစ္ဖ္အသင္း (AAM) တို႔မွ ပူးေပါင္းစီစဥ္တင္ဆက္ျခင္းျဖစ္သည္။ GPI Myanmar Co.,Ltd သည္ Grand Prix International Public Company Limited ၏ ကုမၸဏီခြဲတစ္ခုျဖစ္ၿပီး ဘန္ေကာက္ အျပည္ျပည္ဆုိင္ရာေမာ္ေတာ္ယာဥ္ျပပြဲကို က်င္းပခဲ့သည့္ကုမၸဏီလည္းျဖစ္သည္။ ဘန္ ေကာက္အျပည္ျပည္ ဆုိင္ရာေမာ္ေတာ္ယာဥ္ျပပြဲသည္ အာဆီယံႏိုင္ငံမ်ားတြင္း အႀကီးဆံုးေမာ္ေတာ္ယာဥ္ ျပပြဲတစ္ခုျဖစ္ၿပီး က်ယ္ျပန္႔လွသည့္ ေအာ္တိုမိုးတစ္ဖ္နယ္ပယ္ အေတြ႕အႀကံဳကၽြမ္းက်င္မႈမ်ားကို ျမန္မာႏို္င္ငံ သုိ႔ ပထမဆံုးအႀကိမ္အျဖစ္ ေခၚေဆာင္လာျခင္းျဖစ္သည္။ ေမာ္ေတာ္ယာဥ္ျပပြဲ၏ ဒုတိယအႀကိမ္ စာနယ္ဇင္းရွင္းလင္းပြဲကို အင္းလ်ားလိတ္ဟိုတယ္ရန္ကုန္မွ ပံ့ပိုးကူညီေပးၿပီး Media Partners မ်ားအေနျဖင့္ DRIVE Magazine, Automobile Journal တုိ႔မွ ပါ၀င္သည္။
တည္ေနရာ ။ Yangon Convention Center (အင္းလ်ားလိတ္ဟိုတယ္၀င္းေဘး)
Opening Hours:
VIP/Press Day: 23 January 8:30 AM – 12:00 PM
Public Days: 24-27 January 12:00 PM – 8:00 PM
လက္မွတ္ေစ်းႏႈန္း – ၁၅၀၀ က်ပ္