ဒုတိယအကြိမ်မြောက် Yangon International Motor Show (ရန်ကုန်အပြည်ပြည်ဆိုင်ရာကားပြပွဲ)ကို ရန်ကုန်မြို့၊ Inya Lake Hotel အတွင်းရှိ Yangon Convention Center တွင် လာမည့် ဖေဖော်ဝါရီလ (၂၁) ရက်မှ (၂၃)ရက်ထိ (၃)ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
ဒုတိယအကြိမ်မြောက် Yangon International Motor Show တွင် BMW၊ Brilliance၊ DFM၊ Ford၊ Fuso၊ GAC၊ Jaguar၊ Land Rover၊ Mazda၊ Mercedes – Benz၊ Nissian၊ Scania၊ Suzuki၊ Toyota နှင့် Volvo စသည့် နာမည်ကျော် ကားကုမ္ပဏီ(၁၅) ခု ပါဝင်ပြသသွားမည်ဖြစ်ပြီး ကားချစ်သူပရိတ်သတ်များအတွက် နောက်ဆုံးပေါ် ကားအသစ်များနှင့် (၂၁)ရာစု ခမ်းနားကြီးကျယ်သည့် နည်းပညာသစ်ဖန်တီးမှုများစွာကို ကြည့်ရှုခံစားနိုင်မည်ဖြစ်ကြောင်းသိရသည်။
2020 Yangon International Motor Show တွင် ကားများဝယ်ယူရန် စိတ်ဝင်စားသည့် ကားပရိတ်သတ်များ အတွက် CB Bank မှ အခွင့်အလမ်းကောင်းအဖြစ် ကနဦး ပေးသွင်းငွေ(၁၀)ရာခိုင်နှုန်း (10% Down Payment) ဖြင့် ကားသစ်များကို ဝယ်ယူနိုင်မည်ဖြစ်ကြောင်းသိရသည်။
ထို့အပြင်ပွဲကို လာရောက်ကြမည့်သူများအနေဖြင့် မေးခွန်းအချို့ကို ဖြေကြားပေးရုံနှင့် နောက်ဆုံးပေါ် စမတ်ဖုန်းများကို ရရှိနိုင်မည့် ကံစမ်းမဲ အစီအစဉ်များလည်း ပါဝင်ပြီး တစ်နေ့လျှင် စမတ်ဖုန်း(၃)လုံး၊ စုစုပေါင်း(၉)လုံးနှင့် JBL Speaker၊ Car Camera ကဲ့သို့ ဆုများကိုလည်း ကံစမ်းနိုင်မည်ဖြစ်သည်။
Yangon International Motor Show (ရန်ကုန်အပြည်ပြည်ဆိုင်ရာကားပြပွဲ)ကို မြန်မာနိုင်ငံမော်တော်ယဉ် ဈေးကွက်ဖွံ့ဖြိုးတိုးတက်စေရန် အထူးအာရုံစိုက် ကျင်းပရခြင်းဖြစ်ပြီး မော်တော်ယဉ်နှင့်ပတ်သတ်သော စီးပွား ရေးလုပ်ငန်းများ၊ ပြည်တွင်းသယ်ယူပို့ဆောင်ရေးစနစ်၊ လမ်းစနစ်နှင့် ကိုက်ညီပြီး လုံခြုံစိတ်ချစေသည့် ဘယ်မောင်းယာဉ်စနစ်တို့ကို ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်စေရန်ဖြစ်သည်။
ဒုတိယအကြိမ်မြောက် ကျင်းပမည့် 2020 Yangon International Motor Show ရန်ကုန်အပြည်အပြည်ဆိုင် ရာကားပြပွဲကြီးကို မြန်မာနိုင်ငံမော်တော်ယာဉ်အသင်း (AAM) နှင့် အာဆီယံတွင် အကြီးဆုံး ကားပြပွဲဖြစ်သည့် Bangkok International Motor Show ကို တာဝန်ယူစီစဉ်ကျင်းပသည့် Grand Prix International Company(GPI)တို့မှ စီစဉ်ကျင်းပခြင်းဖြစ်သည်။

Zawgyi Version…..
ဒုတိယအႀကိမ္ေျမာက္ Yangon International Motor Show ကို YCC တြင္ (၃)ရက္တုိင္ က်င္းပသြားမည္

ဒုတိယအႀကိမ္ေျမာက္ Yangon International Motor Show (ရန္ကုန္အျပည္ျပည္ဆုိင္ရာကားျပပြဲ)ကို ရန္ကုန္ၿမိဳ႕၊ Inya Lake Hotel အတြင္းရိွ Yangon Convention Center တြင္ လာမည့္ ေဖေဖာ္ဝါရီလ (၂၁) ရက္မွ (၂၃)ရက္ထိ (၃)ရက္တုိင္တုိင္ က်င္းပသြားမည္ျဖစ္ေၾကာင္းသိရသည္။
ဒုတိယအႀကိမ္ေျမာက္ Yangon International Motor Show တြင္ BMW၊ Brilliance၊ DFM၊ Ford၊ Fuso၊ GAC၊ Jaguar၊ Land Rover၊ Mazda၊ Mercedes – Benz၊ Nissian၊ Scania၊ Suzuki၊ Toyota ႏွင့္ Volvo စသည့္ နာမည္ေက်ာ္ ကားကုမၸဏီ(၁၅) ခု ပါဝင္ျပသသြားမည္ျဖစ္ၿပီး ကားခ်စ္သူပရိတ္သတ္မ်ားအတြက္ ေနာက္ဆံုးေပၚ ကားအသစ္မ်ားႏွင့္ (၂၁)ရာစု ခမ္းနားႀကီးက်ယ္သည့္ နည္းပညာသစ္ဖန္တီးမႈမ်ားစြာကို ၾကည့္႐ႈခံစားႏုိင္မည္ျဖစ္ေၾကာင္းသိရသည္။
2020 Yangon International Motor Show တြင္ ကားမ်ားဝယ္ယူရန္ စိတ္ဝင္စားသည့္ ကားပရိတ္သတ္မ်ား အတြက္ CB Bank မွ အခြင့္အလမ္းေကာင္းအျဖစ္ ကနဦး ေပးသြင္းေငြ(၁၀)ရာခိုင္ႏႈန္း (10% Down Payment) ျဖင့္ ကားသစ္မ်ားကို ဝယ္ယူႏုိင္မည္ျဖစ္ေၾကာင္းသိရသည္။
ထို႔အျပင္ပြဲကို လာေရာက္ၾကမည့္သူမ်ားအေနျဖင့္ ေမးခြန္းအခ်ိဳ႕ကို ေျဖၾကားေပး႐ံုႏွင့္ ေနာက္ဆံုးေပၚ စမတ္ဖုန္းမ်ားကို ရရိွႏုိင္မည့္ ကံစမ္းမဲ အစီအစဥ္မ်ားလည္း ပါဝင္ၿပီး တစ္ေန႔လွ်င္ စမတ္ဖုန္း(၃)လံုး၊ စုစုေပါင္း(၉)လံုးႏွင့္ JBL Speaker၊ Car Camera ကဲ့သုိ႔ ဆုမ်ားကိုလည္း ကံစမ္းႏုိင္မည္ျဖစ္သည္။
Yangon International Motor Show (ရန္ကုန္အျပည္ျပည္ဆုိင္ရာကားျပပြဲ)ကို ျမန္မာႏုိင္ငံေမာ္ေတာ္ယဥ္ ေစ်းကြက္ဖြံ႕ၿဖိဳးတိုးတက္ေစရန္ အထူးအာ႐ံုစိုက္ က်င္းပရျခင္းျဖစ္ၿပီး ေမာ္ေတာ္ယဥ္ႏွင့္ပတ္သတ္ေသာ စီးပြား ေရးလုပ္ငန္းမ်ား၊ ျပည္တြင္းသယ္ယူပို႔ေဆာင္ေရးစနစ္၊ လမ္းစနစ္ႏွင့္ ကိုက္ညီၿပီး လံုၿခံဳစိတ္ခ်ေစသည့္ ဘယ္ေမာင္းယာဥ္စနစ္တုိ႔ကို ေကာင္းမြန္စြာ ဖြံ႕ၿဖိဳးတိုးတက္ေစရန္ျဖစ္သည္။
ဒုတိယအႀကိမ္ေျမာက္ က်င္းပမည့္ 2020 Yangon International Motor Show ရန္ကုန္အျပည္အျပည္ဆုိင္ ရာကားျပပြဲႀကီးကို ျမန္မာႏုိင္ငံေမာ္ေတာ္ယာဥ္အသင္း (AAM) ႏွင့္ အာဆီယံတြင္ အၾကီးဆံုး ကားျပပြဲျဖစ္သည့္ Bangkok International Motor Show ကို တာ၀န္ယူစီစဥ္က်င္းပသည့္ Grand Prix International Company(GPI)တုိ႔မွ စီစဥ္က်င္းပျခင္းျဖစ္သည္။