တရုတ်အခြေစိုက် Premium EV Brand ဖြစ်သည့် Zeeker အား Geely မှ ပိုင်ဆိုင်ထားပြီး Zeeker သည် Premium EV Model များကို အဓိကထုတ်လုပ်မည့် Brand ဖြစ်သည်။ ယခုအခါ Zeeker သည် Zeeker X EV အားနမူနာ မိတ်ဆက်လိုက်ပြီး ၎င်းအား April တွင် ကျင်းပမည့် Shanghai Motor Show တွင် Debut အနေဖြင့် မိတ်ဆက်ပြသပါမည်။ Zeeker သည် Zeeker X အား မကြာခင်က မိတ်ဆက်ခဲ့သည့် Zeeker Smart 1 ကဲ့သို့ ( Geely’s Sustainable Experience Architecture ) တွင် အခြေခံကာဖန်တီးခြင်းဖြစ်ပြီး အဆိုပါ Platform အား Volvo မှ မိတ်ဆက်ထုတ်လုပ်မည့် EX30 ကဲ့သို့ Forthcoming Small Model များတွင်လည်း အသုံးပြုပါမည်။

Zeeker X တွင် Twin – Motor Setup ပါဝင်မည်ဖြစ်ကာ Car ၏ အလျားသည် ( 4450 m ) ရှိပါမည်။ Zeeker X ၏ ဒီဇိုင်းအား နာမည်ကျော် Designer ဖြစ်သူ Stefan Sielaff ၏ Gothenburg Global Design Team မှ ဒီဇိုင်းဖန်တီးခြင်းဖြစ်သည်။ ၎င်းသည် Audi နှင့် Bentley တို့တွင် Design Chief တာဝန်ယူ ဖူးသူဖြစ်သည်ကိုသိရှိရပါသည်။

Zeeker X ၏ Front End Design သည် Conventional – Looking Design ဖြစ်သော်လည်း Swept – up Rear End Design ကဲ့သို့ ခေတ်ရှေ့ပြေးသည့် ဒီဇိုင်းကိုပေါင်းစပ်ထားမည်ဖြစ်ကာ တမူထူးခြား သည့် Window line များအား ကားအနောက်ဖက်အထိ ပေါင်းစပ်ပေးထားပါသည်။ တံခါးလက်ကိုင်များသည် Pop – Up Type ဖြစ်ပြီး – B – pillar နှင့် C – pillar နေရာများတွင် ထည့်သွင်းထားပါသည်။ Zeeker သည် ၎င်း၏ EV Model များအား တရုတ်နိုင်ငံတွင် အဓိကရောင်းချမည်ဖြစ်သော်လည်း 2025 အတွင်းဈေးကွက်ကို ချဲ့ထွင်ရန် အစီအစဉ်များ ချမှတ်ထားပါသည်။ Zeeker Model များအား တမူထူးခြားသည့် အခင်းအကျင်းများဖြင့်သာ ဖန်တီးမည်ဖြစ်သည်။

#DriveMediaMyanmar